Home » » စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)တွင် တက်ရောက်ရမည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (System Analysis)

စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)တွင် တက်ရောက်ရမည့် ဘွဲ့လွန်ဒီပလိုမာသင်တန်း (System Analysis)

Written By မောင်စေတနာ on Friday, May 6, 2011 | 4:57:00 PM



စင်ကာပူအမျိုးသားတက္ကသိုလ်(National University of Singapore-NUS) ၏ Institute of System Science တွင် Graduate Diploma in System Analysis ဒီပလိုမာ သင်တန်းကို 2011 သြဂုတ်လကျောင်းဖွင့်ချိန်အတွက် မေလ(၁၆)ရက်နေ့တွင် နောက်ဆုံးထား၍ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။

အဆိုပါ ဘွဲ့လွန်ဒီပလိုမာကို လျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုခုမှဘွဲ့ရထားပြီး၊ အင်္ဂလိပ်စာ အရေး၊အဖတ်၊ အပြော ကျွမ်းကျင် မှုရှိရန် လိုအပ်ပါသည်။ ကွန်ပျူတာ Programming, Web Design အလုပ်အကိုင် အတွေ့အကြုံ ရှိသူများသည် ၀င်ခွင့်ရရှိရန် အခွင့်အရေး ပိုများနိုင်ပါသည်။ဝင်ခွင့်လျှောက်ထားသူများသည် Aptitude Test ကိုဖြေဆိုရမည်ဖြစ်သည်။ Aptitude Test အောင်မြင်ပါက Interview ကို ထပ်မံ ဖြေဆိုရမည်ဖြစ်ပါသည်။

ကျောင်းလခ မှာ စင်ကာပူနိုင်ငံတွင် သုံးနှစ် အလုပ်လုပ်ရန် လက်မှတ်ထိုးသူများသည် စင်ကာပူဒေါ်လာ (၁၂၀၈၀) ကျသင့်ပြီး၊ အလုပ်လုပ် ရန် စာချုပ်လက်မှတ်မထိုးသူများသည် စင်ကာပူဒေါ်လာ (၁၉၁၀၀) ကျသင့်မည် ဖြစ်ပါသည်။

ယခု၂၀၁၁သြဂုတ်လကျောင်းဝင်ခွင့်သည်(၃၄)ကြိမ်မြောက်ဝင်ခွင့်ဖြစ်ပြီး၊သင်တန်းတွင်အချိန်ပြည့်တက်ရောက်ရမည်ဖြစ်သည်။ သင်တန်းကာလမှာစုစုပေါင်း(၁၁)လကြာမြင့်မည်ဖြစ်၍ Semester (၂)ခုကို (၆)လသင်ယူရပြီး Industry Attachment (5) လ ပါဝင်မည်ဖြစ်သည်။

ဘွဲ့လွန်ဒီိပလိုမာ သင်တန်းတွင် Project Management, Methodology, Technology, Programming (Java), Programming (SQL),Internet Application Development,Mobile Solution ဘာသာရပ်များ နှင့် အတူ Project များကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။ ကျောင်းလျှောက် လိုသူများသည် on-lineမှသာလျှောက်ထားရမည်ဖြစ်ပြီး၊လျှောက်လွှာကြေး စင်ကာပူဒေါ်လာ(၂၀) ပေးသွင်းရမည် ဖြစ်သည်။

နိုင်ငံတကာမှ IT ပညာကိုစိတ်ဝင်စားသောဘွဲ့ရကျောင်းသားများအနေဖြင့် စင်ကာပူနိုင်ငံတွင် ဆက်လက်ပညာသင်ကြားနိုင်စေရန်နှင့် စင်ကာပူနိုင်ငံ၏ IT Industry အတွက် လိုအပ်လျှက်ရှိသော ITပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် Graduate Diploma System Analysis သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

သင်တန်းအောင်မြင်ပြီးဆုံးပါ စင်ကာပူနိုင်ငံရှိ IT Industry အတွင်းတွင် IT Auditor,IT Security Administrator,System Analyst,System Programer,IT Consultants,IT Marketing Executive,Web Developer,Project Leader,Application Engineering, System Specialist,IT Engineering များအဖြစ်
လုပ်ကိုင်နိုင်မည် ဖြစ်သည်။

ဝင်ခွင့်လိုအပ်ချက်များနှင့်ပတ်သတ်၍ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက AT&S Co., Ltd. ၊ အဆောင် (၅)၊ အခန်း (၄)၊ မြန်မာအင်ဖိုတက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်း-၅၂၁၁၂၅ ၊ ၆၅၂၂၈၈ ၊ ၆၅၂၃၂၀ တို့ကို ဆက်သွယ် စုံစမ်းနိုင် ကြောင်းသိရသည်။

Source by :http://myanmarinsingapore.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။