Home » » မလေးရှား - ပညာရေး ....

မလေးရှား - ပညာရေး ....

Written By မောင်စေတနာ on Wednesday, May 11, 2011 | 5:34:00 PM



လွတ်လပ်ရေးရပြီး ၅၃နှစ်သာ ရှိသေးတဲ့ မလေးရှားနိုင်ငံကို ၀န်ကြီးချုပ် ၆ ဦးက ၁၉၅၇ ခုနှစ်ကနေ ယနေ့အထိ အဆင့် ဆင့် လက်ဆင့်ကမ်း အုပ်ချုပ်လမ်းကြောင်း ပေးခဲ့ကြတာကိုတော့ စာဖတ်သူများ သိရှိကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ၀န်ကြီးချုပ်Taungku Abdul Rahmanက နိုင်ငံကို ဗြိတိသျှလက်ကနေ လွတ်လပ်ရေးရယူပေးခဲ့ပြီးတဲ့ နောက်တွင် အထူးအဖြင့် အရှေ့တောင်အာရှ နိုင်ငံတွေအကြားမှာ စတင် မထင်မရှားရှိခဲ့ရာ ကနေ မလေးရှားရဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ်Dr. Mahathir Mohamadကနေ နိုင်ငံကို အပြောင်းအလဲအများအပြားနဲ့ ထင်ရှား ကျော်ကြားလာအောင် ခေါင်းဆောင်ကောင်း တစ်ဦးအနေနဲ့ ဆောင်ရွက်လုံးပမ်းပေးသွားခဲ့ တာလည်း ဖြစ်ပါတယ်။

ဒေါက်တာ မဟာသီ မိုဟာမက်ဟာ အနာဂတ်ကို မျှော်မြင်ပြီး နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု့ အမျိုးမျိုးနဲ့ နိုင်ငံရေးမူဝါဒ အတွေးအခေါ် တချို့ကို ပြုပြင်ပြောင်းလဲပေးလာ ခဲ့တာဖြစ်ပြီး သူရဲ့ ၀န်ကြီးချုပ်လက်ထက် အချိန်မှာ (KLCC) ခေါ် ကွာလာလမ်ပူ အမွှာမျှော်စင်၊ ? (Menara KL) ကွာလာလမ်ပူ မျှော်စင်၊KLJAကွာလာလမ်ပူ အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်း၊Sepang F1 (Sepang ဖေါ်မြူလာဝမ်းကားပြိုင်ပွဲ) အစီ အစဉ်တွေနဲ့အတူ နိုင်ငံမှာ ဆောက် လုပ်ရေး စီမံကိန်း အများအပြားကို ချမှတ်ပေးလာတာကြောင့် ပြည်ပက နိုင်ငံခြားသားတွေ မတည် ရင်းနှီးမှုပြု လာသလို လုပ်ငန်းကျွမ်းကျင်ရှင်တွေနဲ့ မိသားစုဝင်တွေ မလေးရှားမှာ လာ ရောက် အခြေချမှု ပြုလာတာကြောင့် နိုင်ငံရဲ့ လူဝင်မှု ကြီးကြပ်ရေး၊ ပညာ ရေး ကဏ္ဍပိုင်းတို့လည်း နိုင်ငံခြားသား တွေရဲ့ သားသမီးတွေ ပညာ သင်ကြား လာနိုင်အောင် တဖက်က ပြုပြင်ပြောင်း လဲပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် မလေးရှားမှာ နေထိုင် နေကြတဲ့ နိုင်ငံခြားသားများရဲ့ သားသမီးတွေ လည်း မလေးရှားနိုင်ငံသား ကျောင်းသား ကျောင်းသူတွေလို အစိုးရ ကျောင်းတွေ အပါအ၀င် ပုဂ္ဂလိကပိုင် ကျောင်းတွေမှာ စိတ် အနှောက်အယှက်မရှိ ပညာသင်ကြား ပိုင်ခွင့် ပေးထားပြီးလည်းဖြစ်ပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ သား သမီးတွေ မူလတန်းကနေ တက္ကသိုလ်အထိ ပညာသင်ကြားခွင့် ရရှိထားတယ်လို့ ဆိုရပေမဲ့ နိုင်ငံရဲ့ ပညာရေး မူဝါဒအရ နိုင်ငံခြားသားများရဲ့ သားသမီးတွေမှာ မလေးရှားအစိုးရ ပညာရေး ၀န်ကြီးဌာနရဲ့တရားဝင်(student Visa) ခေါ် ကျောင်းသားများအတွက် ဗီဇာနေထိုင် ပညာ ဆည်းပူး သင်ကြားခွင့်ကို ပထမ ရယူသွားကြ ရမှာ ဖြစ်ပါတယ်။


အထက်ကပညာသင်ကြားခွင့် ဗီဇာ အတွက် ပထမအဓိကလိုအပ်ချက်များကတော့-
- မိဘများဟာ မလေးရှားမှာ တရားဝင်နေထိုင် အလုပ်လုပ်ပိုင်ခွင့်ရှိထားသူ
- မလေးရှားအစိုးရဖက်က နိုင်ငံခြားသားများရဲ့ နိုင်ငံကူးလက်မှတ်မှာ တရားဝင်ပါမစ် ကပ်ပေး ထားသူတွေဖြစ်ဖို့ အထူးလိုအပ်ပါတယ်။


မူလတန်းပညာသင်ကြားလိုတဲ့ မိဘများဟာ ဦးစွာပထမ မိမိတို့နေထိုင်ရာ နေရာဒေသ ပတ်ဝန်းကျင်မှာရှိတဲ့ အစိုးရ မူလတန်း ကျောင်း မှာ ပထမသွားရောက်ပြီး ကြိုတင် မှတ်ပုံတင် ထားကြရမှာဖြစ်သလို ကျောင်းက နိုင်ငံခြား သားများအတွက် သီးသန့် အသိအမှတ်ပြု ထားတဲ့ ကျောင်းသားသစ်မှတ်ပုံတင် စာရင်း ရေးသွင်းပြီး ကျောင်းအုပ်ကြီးက လက်မှတ် ထိုးထားတဲ့ စာရွက်ကိုရယူပြီး ဒေသန္တရ မြို့နယ်များမှာရှိတဲ့ အစိုးရပညာရေး ၀န်ကြီး ဌာနရဲ့ ဌာနခွဲမှာ စစ်မှန်တဲ့ မိဘများရဲ့ နိုင်ငံကူး လက်မှတ(Pass Port ))အထောက်အထား၊ လူဝင်မှုကြီးကြပ်ရေးဌာနက တရားဝင် ထုတ်ပေး ထားတဲ့ ပါမစ်တွေ ကလေးမွေးစာရင်း၊ ဆိုင်ရာ ရပ်ကွက်မှာ နေထိုင်ကြောင်း သက်သေ အထောက်အထားပြနိုင်တဲ့ လျှပ်စစ်မီတာ (သို့မဟုတ်) သောက်သုံးရေမီတာ စာရွက်များနဲ့ အတူလျှောက်လွှာ တစ်စောင်ကို ရေးသားပြီး လျှောက်ထားကြရမှာလည်း ဖြစ်ပါတယ်။

မိဘများဖက်က အထောက်အထား စာရွက်စာတမ်း အမှန်အကန်ရှိမယ်ဆိုရင် မလေးရှားပညာရေးဝန်ကြီးဌာနက နိုင်ငံခြားသား များရဲ့ သားသမီးတွေအတွက် ဗီဇာ ထုတ်ပေး သွားမှာ ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဌာန ဖက်ကလည်း မိဘတွေနိုင်ငံရှိနေသ၍ ကာလ ပတ်လုံး ၎င်းင်းတို့၏ သားသမီးများကို နိုင်ငံမှာ ပညာသင်ကြားခွင့် ပေးနေမှာလည်း ဖြစ်ပါတယ်။ အစိုးရကျောင်းတွေမှာ ပညာသင်ကြားခ ဈေး နှုန်းအလွန်ချိုသာပြီး ပုဂ္ဂလိက ကျောင်းတွေ မှာတော့ ဗီဇာအတွက် မိဘတွေဖက်က တကူးတကကြိုးစားစရာမလိုဘဲ ပုဂ္ဂလိက ကျောင်းတွေက ကိုယ်တိုင်ဗီဇာ ရယူပေးနေ တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် အစိုးရ ကျောင်းမှာပေးရတဲ့ ကျောင်းလခနဲ့ ပုဂ္ဂလိက ကျောင်းမှာပေးရတဲ့ ကျောင်းလခဟာ ၁၀ပုံ၁ပုံ အထိ ကွာခြားပြီး ပုဂ္ဂလိက ကျောင်း တွေက မလေးရှားနိုင်ငံမှာ စီးပွား ဖြစ် ပညာရေးစနစ်ကို ကျင့်သုံးနေကြတာ ဖြစ်ပါတယ်။နိဂုံးချုပ်ပြောရရင်တော့ မလေးရှားမှာ မည်သူမဆို လာရောက်ပြီး ပညာသင် ကြားနိုင်သလို မိဘတွေမနေဘဲ သားသမီးတွေကိုလွှတ်ပြီး ပညာသင် ကြားလာကြရအောင် အစိုးရဖက်က အစစကို လိုလေသေးမရှိ ပြင်ဆင် ပေးထားကြောင်း အတွေ့အကြုံရှိခဲ့ သမျှကို တဆင့်ဖေါက်သည်ချ ပေး လိုက်ရပါတယ်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။