Home » » UNHCR ကဒ်ပြား ကိုင်ဆောင်ထားသော မြန်မာ ဒုက္ခသည်များ အဖမ်းခံရဆဲ

UNHCR ကဒ်ပြား ကိုင်ဆောင်ထားသော မြန်မာ ဒုက္ခသည်များ အဖမ်းခံရဆဲ

Written By မောင်စေတနာ on Monday, April 11, 2011 | 10:20:00 AM

ရွှေမန်းသူ။ ။ ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)မှ မြန်မာဒုက္ခသည် များအား အသိအမှတ်ပြု ကဒ်ပြားများ ထုတ်ပေးထားသော်လည်း အာဏာပိုင်တွေက သူတို့တွေကို ဖမ်းဆီးနေဆဲ ဖြစ်တယ်လို့ Suhakamလူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီး Muhammad Sha’ani Abdullah က ထုတ်ဖော်ပြောလိုက်ပါတယ်။


ဗုဒ္ဓဟူးနေ့က မြန်မာ ၂၃ ဦးတွင် ၁၆ ဦးသည် UNHCR အသိအမှတ်ပြုကဒ်ပြားများရှိသော်လည်း Bukit Jalil အချုပ်ခန်းသို့ ဖမ်းသွားပါတယ်။ မလေးရှားသည် ကုလသမ္မဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်မထိုးထားသော်လည်း ဒုက္ခသည်ကဒ်ပြားကို အသိအမှတ်ပြုထားတယ်လို့ ဖြည့်စွပ် ပြောကြား သွားပါတယ်။

စုံစမ်းစစ်ဆေးရေး အရာရှိ(Investigation Officer – IOs)အချို့သည် ဒုက္ခသည် ဖြစ်ကြောင်း ထုတ်ပေးထားသော ကဒ်ပြားနှင့်ပါတ်သက်သည့် အသေးစိပ်အချက်အလက်များကို သိပုံ မပေါ်ဘူးလို့ Muhammad Sha’ani က ဝေဖန်လိုက်ပါတယ်။ ကွာလာလမ်ပူ ရဲမင်းကြီးဆီကို သောကြာနေ့တုန်းက SMS ပို့တာတောင်မှ သူတို့ဘက်က ဘာတုံ့ပြန်မှုမှ မရခဲ့ပါဘူး။

ဖမ်းဆီးခံရတဲ့သူတွေကို ဒုက္ခသည်အစစ်ဖြစ်ကြောင်း စစ်ဆေးပြီးနောက် အားလုံးကို ပြန်လွှတ်ပေးလိုက်ပါပြီလို့ IOs အရာရှိတယောက်မှ သူ့ကို ဆက်သွယ်လာပါတယ်။ ဒါပေမဲ့ အစိုးရ လက်ထောက်ရှေ့နေ (DPP – Deputy Public Prosecutor) တယောက်ကို ယခု ကိစ္စအား ပြောထားပြီးကြောင်း၊ သူပြောလျှင် အားလုံး ပြန်လွတ်လာမည်ဖြစ်ကြောင်း အခြား IOs အရာရှိတယောက်မှ ရှင်းပြပါတယ်။ သူတို့ဘက်က ဘာတခုမှ ခုခံ ချေပချက် တခုမှ မတင်ပြပေးတာကို ဘာကြောင့် DPP နှင့် တိုင်ပင်ရတာလဲ? လို့ Muhammad Sha’ani က မေးခွန်းထုတ်ခဲ့ပါတယ်။

ကွာလာလမ်ပူ ဒုတိယ ရဲမင်းကြီး Chief Deputy Comm Datuk Zulkifli Abdulah ကို ဆက်သွယ် မေးမြန်းသောအခါ မြန်မာဒုက္ခသည်များသည် UNHCR ကဒ်ပြား မိတ္တူများ ကိုင်ဆောင်ထားသောကြောင့် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ပြန်လည် ပြောသွားပါတယ်။

သူရိယ


Source by :http://www.thuriyanews.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။