Home » , » ချစ်သူမြို့တော် ဆိုက်လေး ကို တည်ထောင်သူ Eversmile နှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ် ...

ချစ်သူမြို့တော် ဆိုက်လေး ကို တည်ထောင်သူ Eversmile နှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ် ...

Written By မောင်စေတနာ on Wednesday, April 27, 2011 | 8:35:00 PM

http://api.ning.com/files/qzFcS7XnmbALAT4qW*UcV1QUv674Foxcg8*Yl9HJlT4x3VQ4G0yWfeak10MYCmI0-4uNC-d4bC8AozDbZ2gysbKF3QcAA33U/header.JPG

တစ်နေ့တစ်နေ့ တိုးတက်ပြောင်းလဲလာတဲ့ ဒီခေတ်ကြီးမှာ ning.com ဆိုက်တွေလည်း အများအပြား ရှိလာကြပါတယ်။ ချစ်သူမြို့တော် ဆိုက်လေးကို အွန်လိုင်းသုံးတဲ့ လူငယ်တိုင်း သိကြမှာပါ။ စာဖတ်သူလည်း စိတ်ဝင်စားမယ် လို့ ထင်ပါတယ်ဗျာ။ အခု ချစ်သူမြို့တော် ဆိုက်လေးကို စတင် တည်ထောင်တဲ့ Eversmile နဲ့ တွေ့ဆုံပြီး ဒီလို မေးကြည့်တဲ့အခါ ....

ချစ်သူမြို့တော် ဆိုက်လေး ကို တည်ထောင်သူ Eversmile နှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး အစီအစဉ် ♪ ♥ www.nayzawlin1.com ချစ်သူမြို့တော် ဆိုက်လေး နှင့် တွေ့ဆုံမေးမြန်းချက် အင်တာဗျူး အစီအစဥချစ်သူမြို့တော် ဆိုက်လေး ကို တည်ထောင်သူ Eversmile နှင့် အင်တာဗျူး အစီအစဉ် ချစ်သူမြို့တော် ဆိုက်လေး နှင့် အင်တာဗျူး အစီအစဉ် ♥ www.nayzawlin1.com - ချစ်သူမြို့တော် ဆိုက်လေး ကို တည်ထောင်သူ Eversmile နှင့် အင်တာဗျူး အစီအစဉ် - www.nayzawlin1.net.tc -ချစ်သူမြို့တော် ဆိုက်လေး နှင့် တွေ့ဆုံမေးမြန်း ချက် အင်တာဗျူး အစီအစဉ် - www.nayzawlin1.tk ....


မင်္ဂလာပါ ...

ဟုတ်ကဲ့ ... မင်္ဂလာပါ ။

မေး = အစ်ကိုရဲ့ ချစ်သူမြို့တော် ဆိုက်လေးကို ဘယ်အခ်ျိန်က စတင် ပြုလုပ်ဖွင့်လှစ်ခဲ့လဲ ဆိုတာ စာဖတ်သူများ သိအောင် ပြောပြပေးစေ လိုပါတယ်။

ဟုတ်ကဲ့ ... 15/7/2010 မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။

မေး = ချစ်သူမြို့တော် ဆိုတဲ့ နာမည် လေးကို ဘယ်လို စိတ်ကူးလေးနဲ့ ပေးဖြစ်သလဲ။

စတင် ဖွင့်လှစ်ခဲ့တုန်းကတော့ပေါ့နော်။ ချစ်တဲ့သူတွေ စုံဆည်းရာမြို့တော်လေးပေါ့ ။ဒီလိုစိတ်ကူးလေးနဲ့ အမည်ပေးခဲ့တာပါ။

မေး = စိတ်ကူးလေးက ကောင်းပါတယ်ခင်ဗျား။ ချစ်သူမြို့တော် ဆိုက်လေးရဲ့ ရည်ရွှယ်ချက် ၊ ဦးတည်ချက်လေး ကိုလည်း သိပါရစေ ခင်ဗျား ...

ဆိုဒ်ထောင်ကာစကတော့ ဘာမှ မယ်မယ်ရရ မတတ်ဘူးဗျ ဒီလိုပဲသူများတွေကို အားကျပြီး လုပ်ခဲ့မိတယ်။ နောက်တော့မှ ဆိုဒ်ကို လေ့လာရင်း ဘယ်လို အသုံးဝင်မယ်ဆိုတာတွေကိုသိခဲ့တယ်။မြန်မာပြည်တွင်း မြန်မာလူမျိုးတွေ နဲ့ ပြည်ပက မြန်မာလူမျိုးတွေ ရင်းနီးစေချင်တာပေါ့နော်။

ဆိုက်ထဲမှာသူတို့တွေ ဘလော့လေးတွေဖတ်ရင်း မိတ်ဆွေရှာရင်း ဆိုဒ်ကနေအဘက်ဘက်က ထောက်ပံ့ပေးတဲ့ ကဏ္ဍလေးတွေမှာ ပျော်မွေ့ရင်း တိုင်းရင်းသားလူမျိုးဘာသာမရွေး စုံဆည်းနိုင် အောင်လို့ပါ။

မေး = အခုရော အကိုရဲ့ ဆိုက်လေးမှာ အကိုရဲ့ ဖြစ်ချင်တာလေးတွေ ရည်ရွှယ်ချက်လေးတွေ ဖြစ်နေပြီ။ အဆင်ပြေနေပြီလို့ ပြောနိုင်ပြီလား ခင်ဗျား။

ဆိုဒ်လေးက အတော်အသင့် အဆင့်မှီနေပြီလို့ပြောနိုင်ပေမယ့် စနစ်တကျ မဖြစ်သေးပါဘူး ခင်ဗျာ။ကြိုးစားပြင် ဆင်နေဆဲပါပဲ။ နောက်ထပ်လည်း ကဏ္ဍတွေ ထပ်တိုးဖို့ စီစဉ်နေပါတယ်။လူကြီးလူငယ် အကုန်လုံးအတွက် အရာရာအဆင်ပြေ စနစ်တကျဖြစ်တဲ့ ဆိုဒ် အဖြစ်ဖွဲ့စည်းသွားချင်တာပါ။

မေး = ဟုတ်ကဲ့ .... အခု ချစ်သူမြို့တော် ဆိုက်လေးက အရင်ကနဲ့ နည်းပညာတွေ အပိုင်းဆိုင်ရာလေးတွေတော်တော်လေး ပြောင်းလဲ လာတယ်ဗျာ။ ဘယ်လိုကြိုးစား လုပ်ဆောင်တယ် ဆိုတာ ပြောပြပါလား။

ဟုတ်ကဲ့ ... ချစ်သူ့မြို့တော်မှာ အက်မင် ၁၄ ယောက်ရှိပါတယ်။ အက်ဒမင် တစ်ယောက်ချင်းစီက နည်းပညာ တမျိုးစီယူပြီး ဆိုဒ်ကိုဖွဲ့စည်းခဲ့သလို ကျွန်တော်ကလည်း အထက်က ning admin တွေနဲ့ ဆက်သွယ်ပြီး မသိတာတွေ မေးမြန်းခဲ့ပါတယ်။

အချိန်တော့ ပေးရတာပေါ့နော်။ ဆိုဒ်တခုကို တည်ထောင်တယ်ဆိုတာ နံမည်ကြီးချင်တဲ့စိတ်တခုနဲ့ လုပ်ဖို့တော့ အောင်မြင်ဖို့ခဲယဉ်းမှန်း ကျွန်တော်သဘော ပေါက်ခဲ့တယ်။ ရင်ဘတ်ထဲက တကယ့် စေတနာ အပြည့်နဲ့ အချိန်တွေ ပေးဆပ်ခဲ့ရပါတယ်။

မေး = အခုလို လုပ်ဆောင်နေတဲ့ အပေါ်မှာ အကိုရဲ့ ခံယူချက် လေးတွေလည်း စာဖတ်ပရိတ်များကို မျှဝေပေးပါဦး ....

ကျွန်တော်ကတော့ ခံယူချက်လေး ကတော့ပေါ့နော်။ ကျွန်တော်ဖြစ်ချင်နေတာတွေ ကများတယ်ဗျ။ ပြောမပြနိုင်အောင်ပဲဒီတော့ အလုပ်လုပ်ရင်းလည်း ဒီဆိုဒ်လေးပဲ တွေးရင်း လုပ်နေတော့ စိတ်ကူးတွေကလည်း မကုန်ခမ်း နိုင်အောင်တခုပြီး တခုပေါ်လာတယ်။ အကောင်အထည်ဖော်သွားမှာပါ။ အနှေးနဲ့အမြန်ပေါ့နော် ....

မေး = ဟုတ်ကဲ့ပါ။ ချစ်သူမြို့တော် ဆိုက်လေးကို အစ်ကိုအနေနဲ့ စတင်တည်ထောင်တဲ့ အချိန်ကပေါ့ဗျာ။ အခက်အခဲ ဒါမှမဟုတ် စိတ်ညစ်စရာ လေးတွေရော ဖြစ်ခဲ့သေးလား။

အော်... ဖြစ်ခဲ့တာပေါ့ဗျာ ခုထိပါပဲ ဆိုဒ်စထောင်ကာစကဆို ဆိုဒ်ပေါက်စလေး စနစ်တကျမရှိတဲ့ ဆိုဒ်ဆိုတော့ အပြောခံရတယ်။ ခုလည်း ဆိုဒ်ထဲက မန်ဘာကိစ္စတွေ ဖြေရှင်းရတဲ့အခါမှ စိတ်ညစ်စရာလေးတွေကြုံတာပေါ့။ ဒါပေမယ့်လို့ ကိုယ်ကဖြေရှင်းနိုင်လိုက်တိုင်းမှာလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှု့တွေ ပိုတိုးလာတယ် အားတွေပိုရှိလာတယ်။

မေး = အခုလို အစ်ကိုအနေနဲ့ ဆိုက်တစ်ခုလုံး တာဝန်ယူနေရတယ် ဆိုတော့ အကိုရဲ့ လူကြီးတစ်ယောက်မှာ ရှိသင့်တဲ့ စိတ်ဓာတ်လေးတွေ အတွေးအခေါ် ရှိဖို့ရော လိုအပ်တယ် လို့ ထင်မိပါသလား။

ဒါဟာအဓိကပေါ့ဗျာ။ လူပေါင်းများစွာနဲ့ ဆက်ဆံပြောဆိုနေရတဲ့ ဆိုဒ်မှာ ကလေးဆန်လို့က လုံးဝကိုမဖြစ်တဲ့ကိစ္စပါ။ လူကြီးဆန်ဖို့လိုအပ်တာပေါ့ ကလေးလို စိတ်ကိုဖြူအောင်ထားပြီး လူကြီးလို ဆုံးဖြတ် တွေးတောတတ်ဖို့ လိုအပ်ပါတယ်။

မေး = ချစ်သူမြို့တော် ဆိုက်လေးဟာ အခု အချိန်လေးမှာ အောင်မြင်လာပြီ လို့ ပြောလို့ ရနေပြီလား။

ကျွန်တော်ကတော့ မထင်သေးဘူးဗျ။ လူတွေအတွက် အဘက်ဘက်က အကျိုးဖြစ်ထွန်းအောင် လုပ်ပေးနိုင်မှ အောင်မြင်ပြီလို့ပြောလို့ရမယ်။ ခုတော့ ကြိုးစားနေဆဲပါပဲ။

မေး = ဟုတ်ကဲ့ ... အစ်ကိုတို့ ချစ်သူမြို့တော် ဆိုက်လေးအနေနဲ့ စာဖတ်သူ ပရိတ်သတ်များနဲ့ မန်ဘာများကို ဘယ်လို သုတ ၊ ရသ လေးတွေ ဘယ်လို ဘယ်ပုံ ဝန်ဆောင်မှုလေးတွေနဲ့ တင်ဆက်ပေး ဖြစ်လဲ ....

ခုတော့ စနစ်တကျစတင်ဖွဲစည်းနေဆဲပါ။ နောင်တော့ ကိုယ်ပိုင် hosting ၀ယ်ပြီး အီးဘွတ်တွေပါ။ လုပ်မယ်လို့စိတ်ကူးထားပါတယ်။ ဘလော့တွေကိုတော့ ကိုယ်ပိုင်ရေးတွေကို ဦးစားပေးလက်ခံပါတယ်။ ခုဆို တနေ့ ဘလော့ ၃ပုဒ် ပဲလက်ခံပါတယ်။ နောင်ဆိုရင် တနေ့ ၁ ပုဒ်ပဲ လက်ခံသွားမှာပါ။ဒါမှ ကော်ပီ ဖောင်းပွမှု့ကိုထိန်းချုပ်နိုင်မယ်လို့ ယူဆလို့ပါ။

မေး = ချစ်သူမြို့တော် ဆိုက်လေးမှာ မန်ဘာတွေ လိုက်နာရမဲ့ စည်းကမ်းချက်လေးတွေ ကိုလည်း ဖြေကြားပေးပါ ခင်ဗျား။

မန်ဘာ စည်းကမ်းချက်များ ...

၁။ ညစ်ညမ်းရုပ်ပုံ ညစ်ညမ်းဗွီဒီယို ညစ်ညမ်းသီချင်း တင်ပြမှု့ ကော်မန့်ပေးမှု့ တားမြစ်သည်။

၂။ မန်ဘာ အချင်းချင်းရိုင်းစိုင်းစွာ ဆက်ဆံပြောဆိုမှု့ရိုင်းစိုင်းစွာစာပို့မှု့တားမြစ်သည်။

၃။ တနေ့တွင် ဘလော့အပုဒ်ရေ ၃ ခု ထက်တင်ပြခွင့်မပြု။

၎။ ဘာသာရေးဆိုင်ရာ ဘလော့နှင့် ကဗျာများကို admin များ သတ်မှတ်ပေးထားသောအဖွဲ့များ တွင်သာ disscussion အနေဖြင့်တင်ပြရမည်။

(မှတ်ချက်။။ကဗျာချစ်သူအဖွဲ့၊ဗုဒ္ဓဘာသာဆိုင်ရာအဖွဲ့အစည်း။ခရစ္စယာန်ဘာသာဆိုင်ရာအဖွဲ့အစည်း၊
ဟိန္ဒူဘာသာဆိုင်ရာအဖွဲ့အစည်း၊အစ္စလာန်ဘာသာဆိုင်ရာအဖွဲ့အစည်းဟူ၍ ဆိုဒ်အတွင်း မှ လူတော်များရှာ၍ ခေါင်းဆောင်များခန့်အပ်သွားမည်)

၅။ မိမိကိုးကွယ်သောဘာသာ မဟုတ်သည့်အဖွဲ့အတွင်းသို့ဝင်ခွင့်မပြု။

၆။ တခြား ဘာသာကို ပုတ်ခတ်သောဘလော့များ တင်ပြခွင့်မပြု။

၇။ ဘလော့၊ disscussion၊ ဗွီဒီယိုများတင်ရာတွင် မှန်ကန်သောခေါင်းစဉ်နှင့် tag ပါရှိရမည်။

၈။ တိုင်းရင်းသားဆိုင်ရာ စာပေများကို ဆိုင်ရာ ဆိုင်ရာ တိုင်းရင်သား အဖွဲ့တွင်သာတင်ပြရမည်။

မေး = ဆိုက်လေးမှာ အုပ်ချုပ်သူ admin များရဲ့ လိုက်နာရမဲ့ စည်းကမ်းချက်လေး လည်း ပြောပြပါဦး ခင်ဗျား။

admin စည်းကမ်းချက်များ ....

၁။ တခြားဝက်ဆိုဒ်များမှ စာပေများကို admin များမှကူးယူဖေါ်ပြခွင့်တားမြစ်သည်။

၂။ မန်ဘာများကို ဆိုဒ်မှထုတ်ပယ်မည်ဟူသော စကားအသုံးဖြင့်ချိန်းခြောက်ခြင်းတားမြစ်သည်။

၃။ မန်ဘာများ အားထုတ်ပယ်ရာတွင် ခိုင်လုံသောသက်သေနှင့် ထုတ်ပယ်ရခြင်းအကြောင်း note ရေးသားရမည်။

၎။ မန်ဘာများ တင်ပြသော ဘလော့ ဗွိဒီယို ဓာတ်ပုံများကို သေချာစွာစစ်ဆေးပြီးမှ လက်ခံရမည်။

၅။ ဆိုဒ်အတွင်း မည်သည့်အရာလုပ်မည်ဖြစ်စေ admin အဖွဲ့အစည်းတွင်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်ရမည်။

၆။ မန်ဘာများတင်ပြသော မည်သည့် အရာကိုဖျက်မည်ဖြစ်စေ တင်ပြသော မန်ဘာထံအသိပေး အကြောင်းကြားရမည်။

စည်းကမ်းချက် တွေပြန်လည်ပြင်ဆင်ဖို့ ရှိပါသေးတယ်။

မေး = အခုလို ဆိုက်လေးက နည်းပညာတွေလည်း အဆင့်မြင့်လာတယ်။ အရင်ထက် ပိုကောင်းလာတယ် ဆိုတော့အစ်ကိုတို့ ဘယ်လို စိတ်ကူးလေးတွေ နဲ့ အကြံညဏ်လေးတွေ ပေါ့။ လုပ်ဆောင်တယ် ဆိုတာရော .....

နည်းပညာပိုင်း ကတော့ ဒီလာက်မမြင့်သေးဘူးဗျ။ css ကိုတော့ ကျွန်တော်ကိုင်ပါတယ် photoshop ကိုဂျွန်ဖြိုး ကိုင်ပါတယ်။ဆိုဒ်ကိုလူတွေဖွင့်ကြည့်ရင်ပဲဝင်ချင်စိတ်ဖြစ်စေမယ့်ဒီဇိုင်းမျိုးစဉ်းစားခဲ့ပါတယ်။ ဆိုဒ်ထဲကိုဝင်ပြီးရင် လည်း ပြန် မထွက်ချင်အောင် ဖန်တီးဖို့ အစီအစဉ်တွေ လုပ်ဆောင် နေဆဲပါပဲ။

မေး = အပေါ်က အစ်ကိုဖြေတဲ့ အထဲမှာ အုပ်ချုပ်သူ admin ၁၄ ယောက် ရှိတယ်လို့ ဖြေထားပါတယ်။ admin နာမည်များ နဲ့ အစ်ကိုနဲ့ အတူတူ ဘယ်လိုလက်တွဲ လှုပ်ရှား လုပ်ဆောင်တယ် ဆိုတာလေး မန်ဘာများနဲ့ စာဖတ်ပရိတ်သတ်များ သိအောင် ဖြေကြားပေးပါ ခင်ဗျား။

ကိုကြည်နိုင်(ကြုံတိုင်းရွာ)
ဂျွန်ဖြိုး
ဇာနည်
ဖိုက်တာလေး
သော်ဇင်
ကျူးပစ်လေး
တမန်တော်
မ..မ
ငွေခရု
မျိုးလေး
ခရမ်းပြာ
နွယ်လေး
နှင်းပွင့်သွေး

သူတို့တွေနဲ့ ကျွန်တော် အားလုံးပေါင် ၁၄ယောက်ပါ ကိုယ်စီကိုယ်စီ အသီးသီး ကဏ္ဍတွေ ခွဲခြားကိုင်တွယ်ပါတယ်။

မေး = ဆိုက်လေး ရေရှည်တည်တံ့ အောင်မြင်ရေး အတွက် ဘယ်လို လုပ်ဆောင်ထားပါသလဲ။

မန်ဘာတွေကို အဖက်ဖက်ကအဆင်ပြေဖို့ အမြဲစဉ်းစားရတာပေါ့။ သူတို့တွေ ဆိုဒ်မှာပျော်အောင် နောက်တခုက ချစ်သူ့မြို့တော်က ning pro ဆိုတော့ နှစ်စဉ် ၅ သိန်း ကျော်ချေရပါတယ်။ခု လောလောဆယ်တော့ ကျွန်တော့်ငွေတွေနဲ့ပဲ ရပ်တည်နေပါတယ်။

ဆိုဒ်အတွက်ငွေရအောင်ဆိုပြီး တဖက်ကနေ ဒိုမိန်းရောင်းဝယ်ရေး ကျွန်တော်လို ning ဆိုဒ်ထောင်ချင်သူတွေကို
ဝန်ဆောင်မှု့ပေးပါတယ်။ အဲ့ဒီကနေ၀န်ဆောင်ခ ရတဲ့ငွေကို ဆိုဒ်မှာပြန်အသုံးချပါတယ်။

မေး = ဟုတ်ကဲ့ ... ချစ်သူမြို့တော် ဆိုက်လေးနဲ့ ပက်သက်ပြီး အမှတ်တရ တစ်ခုခုကို ပြောပြ ပေးပါလားဗျာ။

အမှတ်တရတွေကတော့ များတာပေါ့နော်။ ဆိုဒ်စထောင်ကာစက ငွေချေဖို့ဆို ကဒ်ရှိတဲ့ သူလိုက်ရှာရတာအမောပါပဲ။ မိုးရွာလည်းမ ရှောင်နေပူလည်းမရှောင်ပေါ့။ ဆိုဒ်လေးနဲ့ပတ်သတ်ပြီး ခု အက်မင်တွေနဲ့လည်း ခင်မင်ရင်းနီးခဲ့ရတယ်။ ဒါတွေဟာ အမှတ်တရတွေပါပဲ။

မေး = အစ်ကိုအနေနဲ့ ဒီ ... ချစ်သူမြို့တော် ဆိုက်လေးကို မလုပ်ခင်ကပေါ့။ တစ်ခြား အကိုအနေနဲ့ လေးစားမိတဲ့ အားကျမိ အကိုနှစ်သက်တဲ့ ဆိုက်လေးတစ်ခုခု ပြပါဆိုရင် ....

www.m51a.com နဲ့ www.chocolatemyotaw.ning.com အက်မင်အဖွဲ့အစည်းပါပဲ။

မေး = အခု ရှေ့ဆက်ပြီး ဘယ်လို လုပ်ဆောင်သွားမယ်ဆိုတာ အစ်ကို ပြောပြပါဦးခင်ဗျား။

အခုရှေ့ဆက်ပြီး ဆိုဒ်က ကဏ္ဍတွေကို သီးခြားဖွဲ့စည်းသွားပြီးဆိုဒ်မှာ ကိုယ်ပိုင်ဟော့ စတင်းမှာ တင်ထားတဲ့ ရုပ်ရှင် ကားတွေပြန်တင်ပြ သွားမှာပါ။

မေး = Ning.com ဆိုက်ကို တည်ထောင် အုပ်ချုပ်နေတယ် ဆိုတော့ ရင်ဆိုင်ရတဲ့ ပြသာနာတစ်ခုကမန်ဘာများနဲ့ စာဖတ်သူများဟာ တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူကြတာ များပါတယ်။ ကောင်းတဲ့သူတွေ ရှိသလိုပဲ ဆိုးတဲ့သူလည်း ရှိပါတယ်ဗျာ။ ဒီကိစ္စများနဲ့ ပက်သက်ပြီးတော့ အစ်ကိုရင်ထဲက ဘယ်လို ပြောချင်တာလဲ။

အင်း ... လူတွေကိုတော့မုန်းတယ်လို့မရှိပါဘူး။ တခြားမန်ဘာတွေကိုမထိခိုက်အောင်တော့ လုပ်သင့်တာကို ပြတ်ပြတ်သားသားလုပ်ဆောင်သွားမှာပါပဲ။ လူအများကို နားလည်သဘောပေါက် အောင်လည်း ဘလော့တွေရေးပြီး ကြိုးစားကြည့်ပါတယ်။ ခုထိတော့ ဆိုဒ်ကမန်ဘာတွေ တည်ညိမ်အေးဆေးဆဲပါပဲ။ အဲ့ဒါ တခုကတော့ ဘယ်ဆိုဒ်နဲ့မှ မတူအောင် အားရစရာကောင်းလှပါတယ်။

မေး = ဟုတ်ကဲ့ .. နောက်ဆုံး မေးခွန်းအနေနဲ့ စာဖတ်သူများနဲ့ မန်ဘာများကို စကားလက်ဆောင် အနေနဲ့ တစ်ခုခု ပြောပေးပါလား။

ဟုတ်ကဲ့ ... နောက်ဆုံးတခုအနေနဲ့ကတော့ စမိုင်းလေး ပြည်ပမှာရှိနေသရွေ့ချစ်သူ့မြို့တော်ကို တိုးတက်အောင် အမြဲလုပ်ဆောင် နေအုံးမှာပါလို့။

အခုလို စေတနာ ပါပါနဲ့ လုပ်ဆောင်ပေး အများအကျိုးအတွက် တစ်ဖက်တစ်လမ်းကနေ လုပ်ဆောင်ပေး ကူညီပေးနေတဲ့ ချစ်သူမြို့တော် ဆိုက်လေး အောင်မြင်ပါစေ။ လူအများအတွက် အကျိုးရှိ အသုံးဝင်သော ဆိုက်လေးတစ်ခု ဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ် ခင်ဗျား။

ဟုတ်ကဲ့ဗျာ။ ကျေးဇူးတင်ပါတယ်။

ကျွန်တော်မေးသမျှ ကို စိတ်ရှည်လက်ရှည် ဖြေကြားပေးသော ချစ်သူမြို့တော်ဆိုက်လေးကို တည်ထောင်သူ Eversmile ကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

ကျွန်တော်ကလည်း ချစ်သူမြို့တော် ဆိုက်လေးရဲ့ ကိုယ်စား ကျေးဇူးတင်ရှိပါတယ်ဗျာ။

အခုဆို စာဖတ်သူ မိတ်ဆွေများ ချစ်သူမြို့တော် ဆိုက်လေးနဲ့ ပက်သက်ပြီး တော်တော်များများ သိရော့ပေါ့။စာဖတ်သူများ ချစ်သူမြို့တော့် ဆိုက်လေးနဲ့ ပက်သက်ပြီး သိချင်တယ် လေ့လာချင်တယ်။ မန်ဘာဝင်ချင်တယ် ဆိုရင် ဒီနေရာလေး မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ခင်ဗျား။

http://www.shwemyotaw.com/

ဆက်လက် ကြိုးစားလျှက်

နေ ဇော် လင်း

http://www.nayzawlin.com/


Share this article :

3 comments:

စံပယ်ချို said...

ချစ်သူမြို့တော်ကိုဝင်ခင်ရင်ဘယ်လိုဝင်ရမလဲ
သိချင်ပါတယ်

မောင်စေတနာ said...

ဟုတ်ကဲ့ပါ ခင်ဗျား မန်ဘာ ဝင်ချင်တယ် ဆိုရင်
အောက်ကလင့်လေးကို နှိပ်ပြီး ဝင်နိုင်ပါတယ်
ခင်ဗျား .. ကျေးဇူုးတင်ပါတယ်။

http://www.shwemyotaw.com/main/authorization/signUp?

မင်းမင်း said...

လာဗျုးသွားပါတယ်ဗျာ..အဲလေယောင်လို့လာဖတ်သွားတယ်လို့ အမေးရောအဖြေရောတော်တော်လေးကိုကောင်းပါတယ်..ဗျုးတဲ့လူကတော်သလိုဖြေတဲ့လူကလည်းတော်တော်ကောင်းပါတယ်ခင်ဗျ..ဒီထက်အောင်မြင်နိုင်ကြပါစေလို့..ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။