Home » » ထိုင်းရောက် မြန်မာများ နှစ်ကူး အိမ်ပြန်စရိတ်ကြီးမြင့်

ထိုင်းရောက် မြန်မာများ နှစ်ကူး အိမ်ပြန်စရိတ်ကြီးမြင့်

Written By မောင်စေတနာ on Thursday, April 14, 2011 | 9:43:00 PM

အတာသင်္ကြန်ကာလ အိမ်ပြန်ကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ နယ်စပ် မြ၀တီမြို့ မှတဆင့် နေရပ်ပြန်ရန်အတွက် ယာဉ်စီးခများကို မော်တော်ယာဉ် လိုင်းများက ပုံမှန်ထက်၂ ဆနီးပါးတောင်းခံလျှက်သည်ဟု ခရီးသွားများ ကပြောသည်။

Battle_dkba

မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)


မြန်မာအလုပ်သမားများသည် သင်္ကြန်ကာလ အမီ အိမ်ပြန်နိုင်ရန်အတွက် ယခုလဆန်းမှစတင်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့သို့နေ့စဉ် ၀င်ရောက်လာသူများမှာ ၁ ရက်ခြား ၆၀၀ ခန့်အထက်တွင်ရှိကြောင်း မြ၀တီမှ ယာဉ် မောင်း တဦးကပြောသည်။

၎င်းက“ပုံမှန်ကတော့ မြ၀တီကနေ ဘားအံကို ကျပ် ၅၀၀၀ ပါပဲ၊ ဒီသင်္ကြန်မှာ ပြန်လာတဲ့လူတွေအတော်များတယ်၊အရင် က ဒီလိုမရှိခဲ့ဘူး၊ ခရီးသည်နဲ့ကားကမမျှဘူး၊ တချို့ဆိုတွယ်စီးပြီး တောင်လိုက်တယ်၊ လမ်းခရီးမှာလည်းစစ်ဆေးရေး ဂိတ်တွေကလည်း အကြောင်းအမျိုးမျိုးပြ ပီး ဂိတ်ကြေးတွေတောင်းတော့ ကားသမားတွေလည်း ခရီးသည်တွေဆီကနေ ပိုတောင်းရတာဖြစ်တယ်"ဟု ပြောသည်။

ပုံမှန်ယာဉ်စီးခများမှာ မြ၀တီ-ဘားအံ ၅၀၀၀ ကျပ်၊ ဆလွန်းကား ၈၀၀၀ ကျပ်၊ မြ၀တီ-မော်လမြိုင် ၇၀၀၀ ကျပ်၊ဆလွန်း ကား ကျပ် ၁၀၀၀၀၊ မြ၀တီ-ရန်ကုန် အဆင့်မြင့် မှန်လုံယာဉ် ၈၅၀၀ ကျပ်တို့ဖြစ်ပြီး လက်ရှိတွင် ၎င်းခရီးစဉ်များကို ပုံမှန်ထက်၂ ဆပေးပြီး နေရပ်ပြန်နေကြရသည်ဟု ဘားအံမြို့မှ အမျိုးသမီး တဦးက ပြောသည်။

ထို ဘားအံမြို့မှ အမျိုးသမီးက“သူတို့တောင်းတဲ့အတိုင်းကားခကိုပေးလိုက်တော့ လမ်းမှာရှိတဲ့ဂိတ်တွေက ဘာပြဿနာမှ မရှာတော့ဘူး၊ မှတ်ပုံတင်မရှိလည်းရတယ်၊ လမ်းမှာရှိတဲ့ဂိတ်တွေနဲ့ကားသမားတွေက ညှိထားပြီးသား၊ အထုတ် အပိုး တွေအတွက်ကိုလည်း သီးသန့်ပေးရတယ်၊ဂိတ်တွေကလည်း ကားသမားတွေဆီက ပိုက်ဆံတောင်းတာ ဓားပြ တိုက်နေသလိုပဲ”ဟု ဆိုသည်။

မြ၀တီမြို့ခံဝန်ထမ်းတဦးကလည်း“အမှန်က ဒီလိုဖြစ်တာ မော်တော်ယာဉ်လိုင်းကလူတွေ ဘန်ကောက်ပြန်တွေကို ရိုက်စား လုပ်နေကြတာ၊ သက်ဆိုင်ရာဌာနတွေကလည်း ဘာအရေးယူမှုမှ မရှိဘူး၊သင်္ကြန်ကာလမှာ ဘယ်ကားလိုင်းမှ ကားခ ပိုမတောင်းရဘူးဆိုတာ အားလုံး ပြောထားပြီးသား၊ အခုဆိုရင်ကားသမားတွေက ထိုင်းကပြန်လာကြတဲ့လူတွေကိုပဲ ဦးစား ပေးနေတယ်၊ ဒီလိုကားခတွေဆက်သွားတော့ သာမန်ဒေသခံခရီးသွားတွေကိုပါ ထိခိုက်တယ်”ဟု ဧရာဝတီ သို့ပြောသည်။

မြ၀တီ ဒေါနတောင်ကျော် ကားလမ်းတလျှောက်တွင် သင်္ကြန်ကာလကိုခါတော်မီ၍ တရက်ခြားဝင်ငွေ ကျပ် သန်းနှင့်ချီ၍ ရရှိသွားသူများမှာ လမ်းခရီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်များနှင့် မော်တော်ယာဉ်လိုင်းများဖြစ်သည်ဟုလည်း ၀န် ထမ်း က ဆိုသည်။

မြ၀တီ-ဘားအံ၊ မော်လမြိုင်နှင့် ရန်ကုန်မြို့များသို့ တိုက်ရိုက်ပြေးဆွဲမှုများကို မော်တော်ယာဉ်လိုင်းများက တရက်ခြားပုံ မှန်ပြေးဆွဲလျှက်ရှိပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများက ယာဉ်စီးခများကို တရားဝင် သတ်မှတ်ထားသည်။

သင်္ကြန်ကာလ အိမ်ပြန်ကြသည့် မြန်မာအလုပ်သမားများထဲတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ထုတ်ပေး သည့် ယာယီ နိုင်ငံကူးလက်မှတ်များဖြင့် အလုပ်လုပ်ကိုင်နေသူ အများစုပါဝင်သည်ဟု ထိုင်း လူဝင်မှုကြီးကြပ်ရေး ၀န် ထမ်း တဦးက ပြောသည်။

မဲဆောက်-မြ၀တီ လမ်းကြောမှတဆင့် မြန်မာနှစ်သစ်ကူးပွဲတော် ဆင်နွှဲရန်အတွက် နှစ်စဉ်နေရပ်ပြန်သည့် မြန်မာအလုပ် သမားအရေအတွက်မှာ သိန်းနှင့်ချီရှိသည်ဟု သိရသည်။

ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများ ၂ သန်းမှ ၄ သန်းဝန်းကျင် ရှိသည်ဟု မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ပြောသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။