ရွှေမန်းသူ။ ။ လာမဲ့ ဂျွန်လ ၁ ရက်နေ့မှ စတင်၍ ၀င်ထွက်ပွိုင့် (၉၆)ခုမှ နိုင်ငံအတွင်းသို့ ၀င်ရောက်လာသော နိုင်ငံခြားသားများနှင့် နိုင်ငံမှ ပြန်လည် ထွက်ခွာမည့် ခရီးသည်များကို မလေးရှားနိုင်ငံ နိုင်ငံခြားသားများ လိုက်နာရမည့် ဥပဒေနှင့် မှတ်ပုံတင် စနစ်ဖြင့် စတင် အကောင်အထည်ဖော် ကျင့်သုံးတော့မည်ဖြစ်ပါတယ်။

မလေးရှားနိုင်ငံ နိုင်ငံခြားသားများ လိုက်နာရမည့် ဥပဒေနှင့် မှတ်ပုံတင် စနစ်တွင် Biometric စနစ် (ရုပ်ပိုင်းဆိုင်ရာ ၀ိသေသလက္ခဏာ နှင့် လှုပ်ရှားမှု ဆိုင်ရာ ပုံပန်း သဏ္ဍာန် အရ မည်သူ မည်ဝါဖြစ်ကြောင်း မှတ်တမ်းတင်ခြင်း စနစ် ဥပမာ။ ။ လက်မဗွေ (Thumbprint)၊ လက်ညှိုးဗွေ (fingerprint)၊ မျက်နှာ (Face)၊ မျက်နက် (Iris)၊ မျိုးရိုးဗီဇ ခွဲခြမ်းခြင်း DNA) ကို အသုံးပြုမှာ ဖြစ်တယ်လို့ ဒုတိယ ၀န်ကြီးချုပ် Tan Sri Muhyiddin Yassin က ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
ယင်းစနစ်ကြောင့် စာရွက်စာတမ်း အတုအပ ပြုလုပ်ခြင်းများ၊ တရားမ၀င် နေထိုင်ခြင်းများ၊ နေထိုင်ခွင့် အလွဲသုံးစားပြုလုပ်ခြင်းများ နှင့် အလုပ် လုပ်ကိုင်ခွင့် ပါမစ် တို့၏ ပြဿနာများကို ကိုင်တွယ် ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
မလေးရှားနိုင်ငံ နိုင်ငံခြားသားများ လိုက်နာရမည့် ဥပဒေနှင့် မှတ်ပုံတင် စနစ်၊ လက်ရှိ လူဝင်မှု ကြီးကြပ်ရေး စနစ်များကို ခရီးသည်များအား အထူး စောင့်ကြည့်နိုင်ရေး စနစ်ဖြင့် မှတ်တမ်းတင် ပံ့ပိုးပေးထားခြင်းဖြင့် မည်သူ မည်ဝါ ဖြစ်သည်.. အစရှိသဖြင့် နိုင်ငံခြားသား အလုပ်သမားများ၊ ကျောင်းသားများ၊ ကုန်သည်များ နှင့် အလည်အပါတ်လာသူများကို လုံးလုံးလျားလျား အကျိုးရှိရှိ ချဉ်းကပ် ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း၊ လက်ရှိ ယင်းစနစ်ကို နိုင်ငံ တော်တော်များများတွင် စတင် အသုံးပြုနေပြီ လက်မဗွေယူမယ်၊ မှတ်ပုံတင်မှာ ဖြစ်လို့ ကြာချိန်ဟာလည်း စက္ကန့် ၂၀ ခန့်သာ ကြာမည်ဖြစ်ကြောင်း၊ တရားမ၀င် နေထိုင်ခဲ့သူ ဖြစ်နေခဲ့လျင်လည်း ချက်ခြင်း သိနိုင်မှာ ဖြစ်ကြောင်း နှင့် ယင်းကိစ္စနဲ့ ပါတ်သက်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။
မတ်လ အစောပိုင်း အစိုးရ ၀န်ကြီးများ အစည်းအဝေးတွင် နိုင်ငံခြားသား အလုပ်သမားများနှင့် တရားမ၀င် ရွေ့ပြောင်းအလုပ်သမားများ အရေး နဲ့ ပါတ်သက်ပြီးလည်း မကြာမီ ဆုံးဖြတ်ချက် ချနိုင်တော့မှာ ဖြစ်ကြောင်း နှင့် အထူးသတိ ပေးချင်တာကတော့ မလေးဘာသာ(Bahasa Malaysia) စကားအား အခြားသော ဘာသာစကားများ နှင့် ရောပြီး ပြောခြင်း အထူးသဖြင့် အင်္ဂလိပ်ဘာသာ စကား နှင့် ရောပြီး မပြောသင့်ကြောင်း ထပ်မံ ပြောကြားသွားပါသည်။ သူရိယ

Source by :http://www.thuriyanews.com/
0 comments:
Post a Comment