Home » » ပြည်ပရောက် မြန်မာများလည်း သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် သင်္ကြန်ပွဲဆင်နွှဲ

ပြည်ပရောက် မြန်မာများလည်း သက်ဆိုင်ရာ နိုင်ငံအသီးသီးတွင် သင်္ကြန်ပွဲဆင်နွှဲ

Written By မောင်စေတနာ on Saturday, April 23, 2011 | 5:02:00 PM

436
စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲမြင်ကွင်း

စင်ကာပူရောက် မြန်မာများ၏ သင်္ကြန်ပွဲတော်ကို မြန်မာအများဆုံး နေထိုင်သောနေရာများတွင် မြန်မာ ဘုန်းတော်ကြီးများ ဦးဆောင်၍ကျင်းပ ခဲ့သည်ဟု သိရှိရပါသည်။

“ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့က နေရာသုံးနေရာလောက်မှာ ကျင်းပခဲ့ ပါတယ်။ Tai Gin Road မှာရှိတဲ့ တိုပါရိုးဘုန်းကြီးကျောင်း၊ Semba- wang Park နဲ့ ပင်နီဆူလာပလာဇာ သုံးနေရာမှာ ကျင်းပခဲ့ပါတယ်။ နောက် တစ်ပတ် တနင်္ဂနွေမှာ Vivo City နားမှာလည်း လုပ်ဦးမယ်လို့သိရပါတယ်။ ကျွန်တော်သွားခဲ့တဲ့ Sembawang Park မှာ မြန်မာတစ်သောင်းကျော်လောက် လာပါတယ်။ တိုပါးရိုးဘုန်းတော်ကြီး ကျောင်းအတွင်းမှာတော့ လူငါးထောင် ၀န်းကျင်လောက်လာမယ် ထင်ပါတယ်”ဟု စင်ကာပူရောက် မြန်မာတစ်ဦး ဖြစ်သူ ကိုဖိုးစောက ပြောကြားခဲ့ပါသည်။

“သင်္ကြန်ပွဲတော်မှာ စတုဒီသာ အဖြစ် မြန်မာအစားအစာတွေနဲ့ ရခိုင် မုန့်တီလို အစားအသောက်တွေ စုံအောင်ကျွေးမွေးပါတယ်။ ဖျော်ဖြေရေးကတော့ နန်းဝင်းနဲ့ လူရွှင်တော် ဦးချစ်စရာတို့ လာရောက် ဖျော်ဖြေကြ ပါတယ်။ စင်ကာပူမှာရှိတဲ့ မြန်မာတွေကလည်း သင်္ကြန်အကနဲ့ ဖျော်ဖြေပါ တယ်။ စတုဒိသာကျွေးမယ်ဆိုရင် အလှူလုပ်မယ့်သူတွေကို ဘုန်းတော်ကြီးတွေက စီစဉ်ပေးပါတယ်။ မြန်မာ သင်္ကြန်လိုပဲ ပျော်စရာကောင်းပါ တယ်။ ဒါပေမယ့် မြန်မာပြည်လိုတော့ ဘယ်ဟုတ်မလဲ”ဟု ၎င်းကဆက်လက် ပြောကြားခဲ့ပါသည်။

436b
စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်အား
လာရောက်ဆင်နွှဲခဲ့ကြသည့် မြန်မာနိုင်ငံသားများ

အလားတူပင် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ အတာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့က မလေးရှားနိုင်ငံ ပီနန်ကျွန်း ဂျော့ခ်ျတောင်းမြို့ရှိ မြန်မာဘုန်းတော် ကြီးကျောင်းတွင် ကျင်းပခဲ့သည်ဟု သိရပါသည်။ အဆိုပါပွဲတော်အား မလေးရှားရောက် မြန်မာ ၅၀၀၀ ကျော် လာရောက် ဆင်နွှဲခဲ့ကြသည်ဟု သိရ သည်။

“ပီနန်မှာလုပ်တဲ့ သင်္ကြန်ကတော့ မလေးရှားရောက်မြန်မာတွေရဲ့ အကြီး ကျယ်ဆုံး သင်္ကြန်ပွဲပါ။ ဧပြီလ ၁၃ ရက်နေ့တိုင်း နှစ်စဉ်ကျင်းပလေ့ရှိပြီး ကပြဖျော်ဖြေမှုတွေ၊ တေးသီချင်း သီဆိုမှုတွေအပြင် ကြာဇံဟင်းခါး၊ မုန့်လုံးရေပေါ်၊ လက်သုပ် စတဲ့ မြန်မာ့ ရိုးရာအစားအစာတွေကိုလည်း ရောင်းချလေ့ရှိတဲ့အတွက် မလေးရှားရောက် မြန်မာတွေ မပျက်မကွက် လာရောက် ဆင်နွှဲလေ့ရှိပါတယ်”ဟု အဆိုပါပွဲတော် အား သွားရောက်ဆင်နွှဲခဲ့သူ မြန်မာ နိုင်ငံသားတစ်ဦးက ပြောပြခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး မြန်မာလူမျိုးအများစု သွားရောက် အလုပ်လုပ်ကိုင်ကြသော ထိုင်းနိုင်ငံတွင်လည်း သင်္ကြန်ပွဲတော် ကို ထိုင်းလူမျိုးတို့နှင့်အတူ ဆင်နွှဲ ခဲ့ကြသည်ဟု သိရှိရသည်။


“ထိုင်းမှာ မြန်မာအများဆုံးနေ ကြတာက ဘန်ကောက်နဲ့ ချင်းမိုင် အပါအ၀င် နယ်စပ်မြို့တွေမှာပါ။ ထိုင်း မှာလည်း အလုပ်ပိတ်ရက်ဖြစ်လို့ မြန်မာအများစု အိမ်ပြန်ကြပေမယ့် ကျန်ခဲ့တဲ့ သူတွေ စုပေါင်းပြီး သင်္ကြန်ပွဲတော်ကို ထိုင်းလူမျိုးတွေနဲ့အတူ ဆင်နွှဲလေ့ရှိပါတယ်။ ဒီနှစ်ထိုင်းသင်္ကြန်မှာ အသေအပျောက်များပေမယ့် ချင်းမိုင်သင်္ကြန် ကတော့ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံး သွားတာတွေ့ရပါတယ်”ဟု ချင်းမိုင်တွင် ရောက်ရှိနေသော မြန်မာအလုပ်သမား တစ်ဦးက ပြောပြပါသည်။

Source by :http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။