Home » » ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်

ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်

Written By မောင်စေတနာ on Monday, April 25, 2011 | 5:35:00 AM

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမည် ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်း ရုပ်သံလိုင်းတချို့ ပြတ်တောက်ခြင်း များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့ ရုပ်မြင်သံကြားနှင့် နေပြည်တော်ရှိ ရေဒီယိုအစီအစဉ်များ ပြတ်တောက်ခဲ့ကြောင်း သိရသည်။

thaicom5

Thaicom 5 ဆက်သွယ်ရေး ဂြိုဟ်တုသည် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ယမန်နေ့ညနေပိုင်းက ၃ နာရီခန့် ရုပ်သံလွှင့်မှုတချို့ ရပ်ဆိုင်းပြီးနောက် ပုံမှန်ပြန်ဖြစ်ခဲ့သည် (ဓာတ်ပုံ - The Nation)

Thaicom 5 ဆက်သွယ်ရေး ဂြိုဟ်တု၏ စက်ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့နှင့် နေပြည်တော် ခရိုင် တပ်ကုန်းမြို့တို့မှအပ ကျန် မြို့များတွင် ရုပ်မြင် သံကြားအစီအစဉ်များ ညနေ ၄ နာရီမှ စတင်၍ ည ၇ နာရီ အထိ ပြတ်တောက်သွားခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ယင်း စက်ချို့ယွင်းမှုကြောင့် နေပြည်တော်တွင်လည်း မြန်မာ့အသံရေဒီယို အစီအစဉ်များ ထုတ်လွှင့်နေစဉ် မြန်မာနိုင်ငံအောက် ပိုင်းဒေသတချို့၌ မိနစ် ၃၀ ခန့် အကြာ ပြတ်တောက်သွားခဲ့ပြီးနောက်ပိုင်း အားလုံးပုံမှန်တင်ဆက် ထုတ်လွှင့်ပေးနိုင်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

Thaicom 5 ဆက်သွယ်ရေး ကုမ္ပဏီက ၎င်းတို့နှင့် ချိတ်ဆက်ထားသော လိုင်းပြတ်တောက်မှုသည် ထိုင်းနိုင်ငံ နိုထပ်ဘူရီ ခရိုင်ရှိ ဂြိဟ်တု စက်ချို့ယွင်းမှုသာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် The Nation နှင့် ဘန်ကောက်ပို့စ် သတင်းစာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထိုင်း စစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Dapong Rattanasuwan က ဘန်ကောက်၊ ပလာကျင်ဘူရီနှင့် ကန်ချနဘူရီမြို့ များရှိ တပ်မှူးများနှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံဆွေးနွေးမှု နှင့် ပတ်သက်၍ ရှင်းလင်းချက် ထုတ်ပြန်ရန် ပြည်ပရောက် ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသော ရှပ်နီခေါင်းဆောင်များက ပြောဆိုထားသည်။

ယင်းတွေ့ဆုံဆွေးနွေးခဲ့သော တပ်မှူးများသည် လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဖြုတ်ချ၍ အာ ဏာသိမ်းမှု၌ ပါဝင်ခဲ့သူများ ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခုရက်ပိုင်းအတွင်း ရှပ်နီခေါင်းဆောင်များ အနေဖြင့် စစ်တပ် က အာဏာသိမ်းမှုများ ဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု ဆိုသည်။

Source by :http://www.irrawaddy.org/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။