Home » » စင်္ကာပူရောက် မြန်မာများသို့ အကူအညီ တောင်းခံခြင်း ....

စင်္ကာပူရောက် မြန်မာများသို့ အကူအညီ တောင်းခံခြင်း ....

Written By မောင်စေတနာ on Sunday, April 24, 2011 | 1:06:00 PM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyWDs3nibNwgvRcK7RAoxrb7cmyBSww4WE9yErz2CKYec5XIJOJmm4dbzsuYmlHmar5p_HQp54DLsJ8ClB9CxZnBxtB2GrgNLwoIj-qwP2qw9KzGxNzrq_BM6LOC-GU0Lv7CbIGf6mPY8H/s400/singapore-city-of-lion.jpg

အကူညီ တောင်းခံခြင်း ဆိုတဲ့ Post မှာ KoPu ရေးထားတာပါ ...

ပိတောက်ဦး ဆိုတဲ့ ကျနော့်သူငယ်ချင်းရဲ့ ညီမလေးသည် စင်ကာပူကိုသွားတာ ၈လကျော်သွားပါပြီ။ ရောက်ကတည်းက အိမ်ကိုဖုန်းတစ်ခါသာဆက်ပြီး နောက်ထပ် ဖုန်းမဆက်တော့တာကြောင့် အခုထိသူနဲ့ ပတ်သက်တဲ့ သတင်း ဘာတစ်ခုမှ မသိရပါ။

သူ့အမေနဲ့ သူ့အဖေကလဲ တောသူ တောင်သားတွေဆိုတော့ ဘယ်ကို ဘယ်လိုသွားပြီး စုံစမ်းရမလဲမသိ ဖြစ်နေပါတယ်။ သမီးအတွက် အရမ်းစိတ်ပူနေပါသည်။

From Forward Mail

ပိတောက်ဦးရဲ့လိပ်စာက HDB Toa Payoh, 43 Lorong 5, #10-127, Toa Payoh 310043
လို့ သိရပါတယ် ...

ထပ်ဆင့်၍ အကူညီတောင်းပါရစေ သယ်ရင်းတို့  ....

အိမ်ရှင်များက ပိတောက်ဦးကို ပေးမတွေ့ ပါသဖြင့် အင်္ဂလိပ်လို လိပ်ပတ်လည်အောင် ရှင်းပြနိုင်မည့် အဖော်များများ လိုအပ်ပါသည်။ ဖြစ်နိုင်လျှင် အခုတစ်ပါတ် အလုပ်နားရက်မှာ သွားလိုပါသည် အမြန်ဆက်သွယ်ကြပါခင်ဗျာ... ။ အောက်မှာ ဧဒင်ဥယျာဉ် ဆိုဒ်မှ မဧပရယ် ရဲ့  စာကို ဖတ်နိုင်ပါတယ်။


ယခုပိုစ့်ကိုနေ့ လည်ကဖတ်ပြီးကတည်းက အရမ်းစိတ်မကောင်းဖြစ်ပြီး ကိုယ်ချင်းလဲ စာမိတယ်။ အဲဒါကြောင့် ... သူဌေးကို ဘုန်းကြီးကျောင်းသွားမယ် ပြောပြီးရုံးကစောပြန်ပီး ဒီမှာ ပါတဲ့လိပ်စာအတိုင်း ဧပရယ်သွားရှာခဲ့ပါတယ် .... ဒီလိပ်စာက တကယ် အမှန်အကန်ပါ ...

Gothere website ကနေလိပ်စာအတိုင်းရှာပြီးသွားတော့ ... Braddel MRT ကနေ ၃ မှတ်တိုင်ပြီးတော့ Pei Chun Public School မှတ်တိုင်မှာ ဆင်းရတယ် ... လမ်းကူးပြီးတော့ ... လိပ်စာက Blk-43 ကိုတွေ့တယ် ...

၁၀လွှာကိုတက်သွားတော့ ... ဒီလိပ်စာနဲ့ အခန်းက ... သော့ပိတ်ထားပါတယ်။ တံခါးကို ၃ချက် လောက်ထုပေမဲ့ဘယ်သူမှ ထွက်မလာပါဘူး ... ဘေးကကပ်ရပ်အခန်းက ပြတင်းပေါက်ဖွင့်ထားလို့ လှမ်းကြည့်တော့ အဖိုးကြီး တစ်ယောက်ကို တွေ့ တယ်။

ဒီဘက်အိမ်မှာလူရှိလားလို့ မေးတော့..သူဘာမှမသိဘူးတဲ့ အဲဒါနဲ့ ၃ခန်းကျော်လောက်မှာ အိန္ဒိယ အမျိုးသမီးတစ်ဦးတွေ့ ရတယ်။ သူ့ ကိုဒီလိပ်စာနဲ့ အခန်းကဟို အခန်းလား မေးတော့ သူမအမေကပါထွက်လာတယ်။

ကျွန်မက အဲဒီအခန်းကိုတံခါးခေါက်တယ်။ အထဲမှာဘယ်သူမှမရှိဘူးထင်တယ်။ ထွက်မလာဘူးလို့ ပြောတော့ အဲဒီအန်တီက အထဲမှာလူရှိတယ်။ အထဲမှာ Mate ရှိတယ်လို့ ပြောပါတယ် ကျွန်မလဲ တံခါးကို ထပ်ပြီးကြိုးစား ခေါက်တယ်။

အော်တယ် ... နံမည်လဲအော်တယ် .... တံခါးကိုလဲခပ်ပြင်ပြင်းလေးထုတယ် .... မကြားမှာစိုးလို့ ကော်ရစ်တာ ဘက်နေပြတင်းပေါက်ဖက်ကို နံမည်လှမ်းခေါ်တယ်။ စကာင်္ပူကတံခါးတွေက အပြင်ကသံတံခါးပီးတော့ သစ်သား တံခါးပါထပ်ပြီး ခပ်ထားတော့ အတွင်းက လှုပ်ရှားသံလဲ သိပ်မကြားရဘူး ....

အဲဒီလို တံခါးခေါက်လိုက် အော်ခေါ်လိုက်လုပ်နေတုန်းမှာဘဲ ... အဖွားကြီး တစ်ယောက်နဲ့ အလယ်တန်း ကျောင်းသူ တစ်ယောက်တက်လာတယ် .... ကျွန်မကိုမြင်မြင်ချင်း ဘဲ ... လန့်သွားတဲ့ပုံစံနဲ့ ... ကြည့်နေပီး ... ဒီအိမ်မှာ ... ပိတောက်ဦးဆိုတာ နေပါလားပေါ့ ...

ကျွန်မ ခဏလောက်တွေ့ လို့ရမလားမေးတော့ ... သူတို့က အော်... သူမလား သူမက အပြင်ထွက်သွားတယ်လို့ ... ပြောပါတယ် .... ဒါကပထမဆုံးတွေ့တွေ့ ချင်း ပြောတဲ့စကားပါ .... သူတို့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပီး အဲဒီလိုပြောတော့ ...

ကျွန်မ ... မသင်္ကာပါဘူး ...အဲဒါဆိုလဲရပါတယ် .... သူပြန်လာတဲ့အထိ ကျွန်မ ဒီနား မှာဘဲစောင့်နေပါ့မယ်လို့ ပြောတော့ .... သူတို့ ပုံစံတွေချက်ချင်း ပြောင်းသွားပါတယ် ဘယ်သူလဲ ဘယ်ကလဲ ... အခု ဘယ်နေရာ ကလာတာလဲလို့ မေးပါတယ် ....

ကျွန်မက စင်္ကာပူမှာ နေတာပါလို့ ပြောတော့ .... သူတို့ ပုံစံတော်တော်လေးကို ပျက်သွားပီး သူမကို ဘာကြောင့်လာရှာတာလဲ... လို့မေးပါတယ် ... သူမစင်္ကာပူ ထွက်သွားတာကြာနေပီး မိသားစုနဲ့ အဆက်အသွယ်မလုပ်လို့  မိသားစုက စိတ်ပူလို့ ကျွန်မကိုမေးခိုင်းလို့ ... ကျွန်မက ပိတောက်ဦး သူငယ်ချင်းပါလို့ပြောတော့ ........

အဖွားကြီးရဲ့ မြေးကောင်မလေးက ... ခဏလေးဆိုပြီးဖုန်းခေါ်တယ် ... သူမရဲ့ အမေကိုပါ ... အဲဒီမှာ တင်သူတို့ စကားတွေ ချက်ချင်းပြောင်းသွားပါတယ် ... သူ့ အမေကပြောတယ်။ ကောင်မလေးကို ... အေးဂျင့်ကလာခေါ်သွားပီတဲ့ အဲဒီမှာတင် အဖွားကြီးကဟုတ်တယ် ... သူဒီမှာ အလုပ်မလုပ်တော့ဘူး ...

မရှိတော့ဘူး ... ဒီအိမ်ကနေထွက်သွားပြီလို့ ... လက်လွတ် စပါယ်စကားတွေစပြောပါတော့တယ် ... ဒါဆို သူဒီမှာ အလုပ်မလုပ်တာဘယ်လောက်ကြာပီလဲ ... ဘယ်လောက်ကြာကြာ သူမအလုပ်လုပ်ခဲ့လဲ ...ကျွန်မမေးပါတယ် ....

အဲဒီလိုတစ်ခွန်းမေးတိုင်း ... ကောင်မလေးက သူမအမေ ကိုဖုန်းတစ်ခါဆက်ပြီးတစ်ခါမေးပါတယ်။ သူအမေပြောတဲ့အတိုင်းသူနဲ့ သူ့ အဖွားက လိုက်ပြောပါတယ်။ မသိဘူး .... မရှိဘူး ဒီမှာ အလုပ်မလုပ်တော့ဘူး ဆိုတဲ့စကားကိုဘဲ့ အဖွားကြီးက တစ်ချိန်လုံးပြောနေပီး အခန်းတံခါးနားကို ကပ်သွားပါတယ်။

ကောင်မလေး လဲ သူမအမေနဲ့ ကျွန်မရှေ့ မှာတင်ဖုန်းကို တရုတ်လို ပြောနေတုန်းပါဘဲ့ ....

ပြောနေရင်းက တံခါးမဖွင့်ဖို့ သူမအမေကမှာတယ်။ ဆိုတာကိုအဖွားကြီးကို တရုတ်လိုပြောပါတယ်။အဖွားကြီး အပြင်သော့ကိုဖွင့်နေတာကိုလဲ ဖုန်းပြောရင်းက လက်ကိုဆွဲထားပြီး တံခါးမဖွင့်ဖို့ တားနေပါတယ်။ တကယ်ကို မသင်္ကာစရာ ကောင်းပါတယ်။

တံခါးကိုလဲ တစ်ခြမ်းဘဲဟရုံလေးဟပြီး သူမြေးကို ဖိနပ်ပါကောက်ယူပီး အိမ်ထဲအမြန်ဝင်ဖို့ ပြောပါတယ်။ကျွန်မနိုင်ငံလဲမဟုတ်လို့ ကျွန်မအတင်း စွတ်မ၀င်ခဲ့ပါဘူး အဖော်သာ ပါမယ်ဆို ....ကျွန်မ၀င်ချင်ဝင်ဖြစ်ဦးမှာအခုက ... ကျွန်မ တစ်ယောက်တည်း သွားတာပါ ...

ပီးတော့ ... ကျွန်မဒီလောက်နဲ့ တင် .... အထဲမှာ ပိတောက်ဦးရှိလိမ့်မယ်လို့ တွက်ဆလို့ရနေပါပြီ။အေးဂျင့် ကခေါ်သွားတယ်ဆို အေးဂျင့်လိပ်စာပေးဖို့ ဖုန်းနံပါတ်ပေးဖို့ တောင်းတော့ ကောင်မလေးက ဖုန်းကိုသူ့ အမေကို ခေါ်ပါတယ် ...

ကောင်မလေးကသိပုံရပါတယ် ... ဒါပေမဲ့ ... သူအဖွားကဖုန်းကိုအတင်းလု .... အထဲဝင်ပြီးတံခါးကို အတင်းဆွဲပိတ်နေတာ တကယ်ကို သရုပ်ပျက်ပါတယ်။ကောင်မလေးက ငါလဲ ဘာလုပ်ရမလဲ တကယ်မသိဘူးလို့ ကျွန်မကိုပြောနေတုန်း အဖွားကြီးက တံခါးကိုအတင်းပိတ်ပီး... You never come back here .....You GO You GO လို့ အော်ပြီး ... တကယ်ရိုင်းစိုင်းပါတယ်....

ခွေးတွေ ကြောင် တွေမောင်းထုတ်သလို မောင်းထုတ်ပြီး မထွက်သွားရင် ရဲ ခေါ်မယ်ပြောပြီး တံခါးကို အတင်းပိတ်ပါတယ်။ ကျွန်မလဲ... ပေကပ် ရပ်နေပီးမသွားသေးဘဲ တံခါးကိုထပ်ထုပြီးအိုကေ ... အေးဂျင့်ဖုန်းမရရင် ... မင်းအမေ ဖုန်းနံပါတ်ပေးပါ။

ငါစကားခဏပြောလို့ ရမလား ... ပြောတော့... အဖွားကြီးက... ငါ့သမီးက အခုပတ်တိုင်း လုပ်နေတယ်.... စကားပြောလို့ မရဘူး ပြောပီး ထွက်သွားလို့ အော်တဲ့အသံ.ကျွန်မတကယ်ကို ကြက်သီးထမိပါတယ် ... မညာပါဘူး ခဏတစ်ဖြုတ်လာတဲ့ လူကိုတောင် ဒီလိုအသံမျိုးနဲ့ အော်တာဟိုကောင်မလေးကို သူတို့ ဘယ်လိုဆက်ဆံမလဲ တွေးကြည့်လို့ ရပါတယ် ...

သူတို့ သာ ရိုးသားရင် ... သူတို့ အိမ်မှာသူတို့ ပြောသလို အလုပ်လုပ်ခဲ့တဲ့သူ ကိုလာမေးတာ ကောင်းမွန်စွာဖြေလို့ ရပါတယ် ... ပိတောက်ဦးက အထဲမှာ ကျိန်းသေ ရှိကိုရှိမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ရှိရက်နဲ့ ပေးမတွေ့ တာဆိုရင် ... သူတို့ ဘယ်လိုလုပ်ထားလို့ ပေးမတွေ့ ရဲတာလဲ ....

ဘာကြောင့်လဲ ....

အေးဂျင့် ကိုပြန်အပ်လိုက်တယ်ဆိုရင်... အခုထိကောင်မလေးက အိမ်ကို ဘာလို့ အဆက်အသွယ်မလုပ်သေးတာလဲ .... သူတို့ စကားတွေရှေ့ နောက်ဘာလို့ မညီတာလဲ ပီးတော့အခု အိမ်အနေအထားကို ကြည့်ရတာ ... အနီးနားမှာလဲ စည်စည်ကားကားသိပ်မရှိဘဲ ... အဲဒီအိမ်နားက တစ်ဝိုက်က လူလဲပြတ်တယ်။

ပြီးတော့ ... အဲဒီ အိမ်ကနေ အောက်ကိုကြည့်ရင်လဲ ကားပါကင်နဲ့ .... တစ်ခြားတိုက်တွေကလွဲရင် ... ဘာမှသိပ်မမြင်နိုင်ဘူး..... ပီးတော့..နယ် ကနေလာတဲ့ လူတစ်ယောက်အတွက် ... ရုတ်တရက် ဒီလိုအိမ်ထဲကို
ရောက်သွားရင် ... အပြင်ကို ကျွမ်းကျွမ်း ကျင်ကျင် ထွက်တတ်ဖို့ ... အိမ်နဲ့ ဆက်သွယ်ဖို့ ဆိုတာ ...

တော်တော် လေးခက်ခဲမယ်လို့ ... ဧပရယ်ထင်ပါတယ် .... အဲဒီတော့ ... ကျွန်မတစ်ယောက်တည်းလဲထပ်မသွားသင့်ဘူး လို့ ကျွန်မထင်တယ်။ နောက်တစ်ခုက အမျိုးသား ၂ ဦး ၃ ဦးလောက်နဲ့ ဆိုပိုပြီး အဆင်ပြေမယ် ထင်ပါတယ် ...

ပီးတော့ ဒီတိုင်းထားသင့်တဲ့ ကိစ္စတစ်ခုမဟုတ်တော့ပါဘူး .... ကျွန်မလဲစိတ်ပူပါတယ် .... ဒီနေ့ သွားတဲ့အနေအထားအရ ... ကျွန်မ လုံးဝမသင်္ကာပါဘူး ... အဲဒါကြောင့် ဒီပိုစ့်ကိုတင်တဲ့ ကောင်လေးရော ... တစ်ခြား ... ဧဒင်က မန်ဘာတွေဘာ ပေါင်းပြီးတစ်ခုခုတော့လုပ်ကြပါဦး ...

ကျွန်မတော့... တစ်ယောက်တည်း မကြောက်ဘဲ အခြေအနေကို သွားကြည့်ခဲ့ပေမဲ့ အဖွားကြီးရဲ့ အော်သံကတော့ တော်တော်ကို လန့် စရာကောင်းပါတယ်.... အိမ်နား ပတ်ဝန်းကျင်ကလူတွေကလဲ ...တစ်မျိုးကြီးတွေဘဲလို့ ခံစားရတယ် .......

သူတို့ လဲ ... တစ်ခုခုကိုမြင်နေတွေ့ နေမယ်လို့ လဲ ကျွန်မ ထင်တယ် ... အဲဒီအတွက်တစ်ခြားသော ... သူငယ်ချင်းတွေလဲ ..... ဒီကိတ်စကိုဝိုင်းကူကြပါဦး သူတို့ စိတ်ထဲ ဒီကောင်မလေးကိုအခုလိုလာတွေ့ မဲ့လူ အသိမရှိလောက်သလို လုံးဝလက်စတုန်း အဆက်အသွယ်ဖြတ်ပီး တစ်ခါတည်း

အပြင်လောကနဲ့ ကင်းကွာအောင်များ လုပ်ထားသလား မသိတော့ပါဘူး .....အေးဂျင့်ကိုပြန်အပ်လိုက် သလိုလို ကောင်မလေးက ဒီအိမ်က ထွက်သွားပီဆိုပီး ကိစ္စ ကိုအပြတ်ဖြတ်ပုံအရတော့ ဒါဟာလုံးဝမရိုးသားပါဘူး ....

ကျွန်မကို ခွေးလိုဝက်လို အော်ထုတ်ပေမဲ့...ကျွန်မ...အခုလို...အခြေအနေ နည်းနည်းလောက် သိလာနိုင်ခဲ့လို့ ကျေနပ်ပါတယ် .....အားလုံးပဲ အကြံညဏ်တွေ အကူညီတွေ ပေးကြပါဦး။

ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ... အခုသွားခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပီးလဲ ... ဧပရယ်ကိုမေးလို့ ရပါတယ် ကျွန်မကြိုးစားပေမဲ့ အတိအကျမသိခဲ့ရလို့  စိတ်မကောင်းပါဘူး ......

................. ............. ........................

ဧပရယ် ...

Source by : Reference Link: http://myanmarinsingapore.com/profiles/blogs/2316969:BlogPost:179459
Share this article :

1 comments:

Anonymous said...

မိန်းကလေးက အနှိပ်စက်မခံနိုင်တဲ့အဆုံး အလုပ်ထွက်သွားပါပြီ။ ဒါလဲ သူ့ခမျာ အပြင်ထွက်ခွင့်မရ အဖက်ဖက်က လှောင်ပိတ်အကျဉ်းခံဘဝမှာ စောစောထဲက ထွက်ချင်နေပေမယ့် ပေးထွက်ဟန် မတူပါဘူး။ သူလဲ ဘာမှ မတိုင်မတောရဲပါဘူး။ စင်ကာပူမှာ စင်ကာပူနိုင်ငံသား အိမ်ရှင်နဲ့ ဖြစ်တာဆိုတော့ မတိုင်ရဲလို့လား မပြောတတ်ဘူး။ မိန်းကလေးက နယ်ကဆိုတော့ နှိပ်စက်ရ ခြောက်လှန့်ရတာလဲ ပိုလွယ်ပါလိမ့်မယ်။

စင်ကာပူရောက် မြန်မာတွေက မခံမရပ်နိုင်ဘဲ လိုက်ရှာကြ၊ အချင်းချင်း သတင်းပေးကြ၊ ကူညီပါရစေ ကျွန်တော်လဲ လိုက်ခဲ့မယ်နဲ့ နှမသားချင်း စာနာစိတ်နဲ့ ဝိုင်းဝန်းကြ လုပ်နေချိန်မှာ အိမ်ဖော်တွေ ဒီလိုနေရတာ ထုံးစံပဲ၊ မထူးဆန်းဘူးဆိုပြီး ဘာမှ ပြဿနာမရှာဖို့ အတင်းလိုက်ပိတ်နေတာ မြန်မာလူမျိုးထဲက ဖြစ်နေတာ စိတ်မကောင်းစရာပါ။ အိမ်ဖော်ထားနိုင်တဲ့ဘဝ၊ မြန်မာပြည်က ဆွေမျိုးထဲကကို လစာပေးခေါ်ပြီး ကလေးထိန်း အလုပ်ပေးထားတဲ့ ဘဝဆိုတော့ အိမ်ရှင် ဘယ်လောက်ဆိုးဆိုး အိမ်ဖော်က ငုံ့ခံဖို့၊ ဘယ်သူမှလဲ ဝင်မပါဖို့ အိမ်ရှင်ချင်းဘက်က လိုက်ပြောတာ တော်တော် စိတ်ပျက်မိပါတယ်။


ရောက်ပြီးပြီးချင်း ၆ လမှာ ဘယ်မှ ပေးမထွက်တာ၊ ဘယ်သူနဲ့မှ ပေးမတွေ့တာ ထုံးစံပဲတဲ့။ မြန်မာပြည်နဲ့ စင်ကာပူက အိမ်ရှင်တွေမို့ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ပြီး တက်ညီလက်ညီ ယုတ်မာလို့ ရတာ။ အနောက်နိုင်ငံတွေမှာဆို ဒီလိုအိမ်ရှင်မျိုး ထောင်ထဲရောက်သွားမယ်။

ဗုဒ္ဓဘာသာ မိန်းကလေးတစ်ယောက် နိုင်ငံခြားမှာ ဒုက္ခရောက်နေတာကို သိရက်သားနဲ့ ဝင်မပါနဲ့၊ ပြဿနာဖြစ်သွားမယ်ဆိုပြီး အိမ်ရှင်ချင်းဘက်က ပင်းပြီး တားတာ ရင်နာဖို့ကောင်းတယ်။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။