Home » » နှင်းဆီအဖွဲ့သားများ၏ ဒုတိယအကြိမ်မြောက် စင်ကာပူဖျော်ဖြေပွဲ၌ ပရိသတ်များပြားခဲ့ ....

နှင်းဆီအဖွဲ့သားများ၏ ဒုတိယအကြိမ်မြောက် စင်ကာပူဖျော်ဖြေပွဲ၌ ပရိသတ်များပြားခဲ့ ....

Written By မောင်စေတနာ on Wednesday, March 16, 2011 | 5:38:00 PM



နှင်းဆီအဖွဲ့သားများ၏ စင်ကာပူဖျော်ဖြေပွဲကို မတ်လ ၆ ရက် နေ့တွင် စင်ကာပူနိုင်ငံ China Town ရပ်ကွက် Kreta Ayar People's Theater ဇာတ်ရုံ၌ ကပြဖျော်ဖြေခဲ့ရာ လာရောက်အားပေးသည့် ပရိသတ်အရေအတွက် များပြားခဲ့ကြောင်း သိရပါသည်။

"စင်ကာပူကို ဒုတိယအကြိမ် ဖျော်ဖြေရေးခရီးစဉ်အနေနဲ့ သွား ရောက်ရတာပါ။ ပထမတစ်ခေါက် ထက်ကိုပိုပြီးအားပေးကြပါတယ်"ဟု ဖျော်ဖြေပွဲအတွေ့အကြုံကို အနုပညာရှင်တစ်ဦးက ရှင်းပြခဲ့သည်။



"ပွဲမှာပရိသတ် ၁၀၀၀ ကျော် လာရောက်ပြီး ရုံပြည့်ရုံလျှံအားပေးခဲ့ ပါတယ်။ စင်ကာပူခရီးစဉ်မှာ ခရီးသွားနှင်းဆီ ဒီဗီဒီဇာတ်ကားရဲ့ တချို့ အပိုင်းတွေကိုလည်း ဆက်ရိုက်ဖြစ်ခဲ့ပါတယ်။ အဓိကတော့ ကျွန်တော်တို့ နှင်းဆီအဖွဲ့ရဲ့ သွားလာလှုပ်ရှားမှု ပုံရိပ်တွေကို ရိုက်ကူးထားခဲ့တာပါ။ စင်ကာပူ နောက်ခံပုံရိပ်တွေနဲ့ပေါ့။ ကျန်တဲ့ဇာတ်ဝင်ခန်းတွေကိုတော့ ရန်ကုန်မှာတချို့တစ်ဝက် ဆက်ရိုက်မယ်။ နယူးဇီလန် ခရီးစဉ်သွားဖြစ်ရင်လည်း ဆက်ရိုက်ဖို့ရှိပါတယ်"ဟု ဒါရိုက်တာမောင်မျိုးမင်းက ရှင်းပြသည်။

စင်ကာပူဖျော်ဖြေပွဲတွင် မင်းသား တင်မောင်ဆန်းမင်းဝင်း၊ မင်းသမီးမိုးယုစံ၊ မေကဗျာ၊ ဖူးစုံ၊ လူရွှင်တော် နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေးတို့ပါဝင် ကပြခဲ့ကြပြီး ဧည့်သည်အနုပညာရှင် စည်သူဗိုနှင့် မေတင်မောင်ဆန်းမင်းဝင်း တို့ပါဝင်ကပြခဲ့သည်ဟု သိရသည်။ စင်ကာပူဖျော်ဖြေပွဲ ၀င်ခွင့်လက်မှတ်များအား စင်ကာပူဒေါ်လာ ၃၀၊ ၄၀ နှင့် ၅၀ တို့ဖြင့်ရောင်းချပေးခဲ့သည် ဟု သိရှိရသည်။

Source by :http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။