Home » » မလေးရှားရောက် မြန်မာအများစု မိသားစုထံသို့လုပ်အားခပြန်မပို့ နိုင်၍ အချင်းချင်း နားလည်မှုဖြင့် အလှည့်ကျ ငွေလွှဲ ပေးမှုများပြု လုပ်လာ ...

မလေးရှားရောက် မြန်မာအများစု မိသားစုထံသို့လုပ်အားခပြန်မပို့ နိုင်၍ အချင်းချင်း နားလည်မှုဖြင့် အလှည့်ကျ ငွေလွှဲ ပေးမှုများပြု လုပ်လာ ...

Written By မောင်စေတနာ on Wednesday, March 16, 2011 | 10:13:00 PM



မလေးရှားရောက် မြန်မာအလုပ်သမား အများစု နေအိမ်များသို့လစဉ် ပုံမှန်လုပ်အားခငွေ ပြန်မပို့နိုင်သည့် အတွက် အချင်းချင်းနားလည်မှုဖြင့် အလှည့်ကျ ငွေပို့ပေးသည့်စနစ်ဖြင့် ငွေလွှဲပေးမှုများ ပြုလုပ်လာကြကြောင်း မလေးရှားရောက် မြန်မာ အလုပ်သမားများထံမှ သိရှိရပါ သည်။



"အရင်က မိသားစုတွေဆီငွေ ပြန်ပို့မယ်ဆိုရင် ရင်းဂစ်ပေါက်ဈေး ကလည်းပုံမှန် ၂၇၀၊ ၂၈၀ ၀န်းကျင် ဆိုတော့ရတဲ့ လုပ်အားခငွေနဲ့စားပြီး သောက်ပြီး ပြန်ပို့နိုင်တဲ့ငွေပမာဏ ကသင့်တင့်တယ်ပေါ့။ အခုတော့ငွေ ဈေးကလည်းမတည်ငြိမ်၊ ရင်းဂစ် ဈေးကလည်း ၂၆၀ ၀န်းကျင်နဲ့ အကျဘက်မှာရှိနေတော့ လစဉ်ပုံမှန် တစ်လတစ်ခါ ပြန်ပို့မယ်ဆိုရင်ပို့ရ မယ့် ငွေပမာဏနဲ့ အသွားအပြန်ခရီး စရိတ်စားစရိတ်နဲ့ လိုအပ်တဲ့အသုံး အဆောင်လေးတွေဝယ်မိရင်ကုန်မယ့် စရိတ်ကိုတွက်ပြီး လစဉ်ပုံမှန်ငွေ မလွှဲနိုင်တော့ဘူး။ နှစ်လကြာမှ တစ်ကြိမ်၊ သုံးလကြာမှ တစ်ကြိမ်စုထား ပြီးတော့ပဲ ပို့ပေးဖြစ်ပါတော့တယ်" ဟု မလေးရှားနိုင်ငံ မွှားမြို့နယ်အတွင်း ရှိ ကွန်ပျူတာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၌ အလုပ်လုပ်နေသူတစ်ဦးက ဆက်သွယ်ပြောပြခဲ့ပါသည်။

ယင်းကဲ့သို့ လစဉ်ပုံမှန်လုပ် အားခ ငွေပြန်လည်ပို့ပေးနိုင်မှုမရှိရ ခြင်းမှာရရှိသည့် လုပ်အားခငွေနည်း ပါးခြင်း၊ အထွေထွေ ကုန်ကျစရိတ်များခြင်းနှင့် ငွေကြေးလဲလှယ်သည့် ဈေးနှုန်းများကျဆင်းခြင်းကြောင့် ဖြစ်ပြီး လအတန်ကြာစုဆောင်း၍ ငွေကြေးပြန်ပို့သည့် နည်းတူလုပ်ငန်းတူ အဆောင်သူများ အချင်းချင်းနားလည်မှုဖြင့် အလှည့်ကျစနစ်ဖြင့် ငွေလွှဲပေးမှုများလည်းရှိကြောင်း သိရှိ ရပါသည်။

"အခုအချိန်မှာက အိမ်ကိုတစ်လ တစ်သိန်းသုံးသောင်း ၀န်းကျင်လောက် ပဲပြန်ပို့နိုင်ပါတယ်။ ဒါတောင်မှအခု နောက်ပိုင်း Levy ကြေး ရင်းဂစ် တစ်ရာမဖြတ်တော့လို့ပါ။ တစ်လချင်းစီပို့မယ်ဆိုရင် ငွေလွှဲဌာနကိုလည်း လစဉ်သွားရမယ်။ မြန်မာပြည်က မိသားစုတွေလည်း ငွေပမာဏ နည်းနည်းပဲရမယ်။ ဒါကြောင့် အချင်းချင်းစုပြီး တစ်လှည့်စီ ပို့စနစ်နဲ့ပဲ ပို့ပေးဖြစ်တော့တယ်" ဟု မလေးရှားနိုင်ငံ ဆလမ်ဘန်းမြို့နယ်ရှိ ခြေတုလက်တုထုတ်လုပ်ရေး စက်ရုံ၌ အလုပ် လုပ်ကိုင်နေသူတစ်ဦးက ပြောပြခဲ့ပါသည်။

မလေးရှားရောက် မြန်မာအများစုမှာ လစဉ်လဆန်းပိုင်းနှင့် အလုပ်ပိတ်ရက်များ၌ နေအိမ်များသို့ ငွေလွှဲပေးလေ့ရှိကြောင်း သိရှိရပါသည်။

Source by : http://www.news-eleven.com/
Share this article :

1 comments:

Angelhlaing(May everybody be happy and healthy! said...

အကိုရေ..သတင်းလေးတွေလာဖတ်သွားတယ်နော်။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။