Home » »  ရဲလေး ကွယ်လွန်သည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်

 ရဲလေး ကွယ်လွန်သည်ဟူသော ကောလာဟလ သတင်းထွက်ပေါ်

Written By မောင်စေတနာ on Wednesday, March 16, 2011 | 5:02:00 AM

တေးရေး၊တေးဆို၊ သရုပ်ဆောင် ရဲလေး ကွယ်လွန်သည်ဟူသော ကောလာဟလသတင်းသည် မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာ ပိုမို ပျံ့နှံ့လာခဲ့ကြောင်း သိရှိရသည်။ယင်း ကောလာဟလ သတင်းအရ ရဲလေး သည် ကလပ်တစ်ခုတွင် ဓားထိုးခံရခြင်းဖြင့် ကွယ်လွန်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။

အဆိုပါ ကောလာဟလနှင့် ပတ်သက်၍ အဆိုတော်ရဲလေးအား တွေ့ဆုံမေးမြန်းရာတွင် '' ဒီသတင်း ဘယ်ကစပြီးပျံ့နှံ့လဲဆိုတာ မသိပါဘူး။ ဟိုနေ့က နှင်းဆီအဖွဲ့သားတွေနဲ့ စင်ကာပူမှာ သွားဖျော်ဖြေပြီးအပြန် လေယာဉ်ကွင်းမှာပဲ အမေက အပြင်မှာ ရဲလေးသေပြီဆိုတဲ့ သတင်း ထွက်နေတယ်လို့ ပြောပြပါသေးတယ်။ ဒါပေမဲ့ ဒီလောက်အထိ မပျံ့နှံ့သေးဘူး။ မတ်လ ၁၀ ရက်နေ့မှာ တော်တော်လေး ပျံ့နှံ့သွားတယ်။



ရန်ကုန်တင်မဟုတ်ဘဲ တခြားနယ်တွေက လှမ်းမေးကြတယ်။ကိုကြံ့တို့၊ မိုးမိုးတို့ ၊ထွန်းထွန်းတို့ဆီလည်း လှမ်းမေးကြလို့ တစ်နေကုန် ဖြေပေးနေရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေ့ မနက်ပိုင်းမှာ ကျွန်တော်တို့အဖွဲ့အတွက် အသံသွင်းတယ်။ အဲဒီ သတင်းထွက်တဲ့အတွက် လူမြင်နိုင်တဲ့ ဒဂုန်စင်တာတို့လို နေရာတွေ သွားခဲ့ပါတယ်''ဟု ရဲလေးက ဆိုသည်။

အဆိုတော် ရဲလေးသည် ယခု မတ်လအတွင်း ခရီးသွားခြင်းများ ခေတ္တရပ်နားပြီး တေးသီချင်းများကို ရေးသားရန် စီစဉ်ထားကြောင်းနှင့် သူတို့၏ အဖွဲ့စီးရီးအား ဇွန်လတွင် ထွက်ရှိရန် စီစဉ်ထားကြောင်း သိရှိရသည်။ရဲလေး၏ ''ကျွန်တော်နဲ့ သက်ဆိုင်သော'' တစ်ကိုယ်တော်စီးရီးသည် သူ၏ပထမဆုံး တစ်ကိုယ်တော်စီးရီး ဖြစ်သည်။

“ဒါ့အပြင် ရဲလေးညီ ဂျိုကာ၏ facebook jo Gyi တွင်လည်း ye lay ( I'am Not deed) ဖြင် မတ်လ ၁၁ ရက်နေ့တွင် live ရိုက်ထားသော ရဲလေး၏လှုပ်ရှားမှုများကို တင်ထားကြောင်း သိရှိရသည်။
http://www.facebook.com/update_security_info.php?wizard=1#!/profile.php?id=100000430602118&sk=wall

Source by :http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။