Home » » စင်ကာပူနိုင်ငံရှိအိမ်၊ခြံ၊မြေကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် စင်ကာပူဘဏ်အချို့မှချေးငွေ(၈၀)ရာခိုင်နှုန်းအထိရရှိနိုင် ...

စင်ကာပူနိုင်ငံရှိအိမ်၊ခြံ၊မြေကဏ္ဍတွင်ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် စင်ကာပူဘဏ်အချို့မှချေးငွေ(၈၀)ရာခိုင်နှုန်းအထိရရှိနိုင် ...

Written By မောင်စေတနာ on Saturday, March 12, 2011 | 5:04:00 AM


မြန်မာနိုင်ငံသားများအနေဖြင့် စင်ကာပူနိုင်ငံရှိအိမ်၊ခြံ၊မြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်နိုင်ရန် စင်ကာပူဘဏ်အချို့မှချေးငွေ ၈၀ ရာခိုင်နှုန်းအထိ ရရှိနိုင်ကြောင်း သိရ


စင်ကာပူနိုင်ငံရှိ အိမ်၊ ခြံ၊ မြေ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် မြန်မာနိုင်ငံသားများ ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့က ရန်ကုန် မြို့၌ကျင်းပသည့် စင်ကာပူမှ ထိပ်သီး အိမ်ရာရောင်းဝယ်ရေး ဈေးကွက် ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်များအရ သိရှိရသည်။



မြန်မာနိုင်ငံသားများ အနေဖြင့် စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေကဏ္ဍ ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းများကို ၂၀၀၅ ၀န်းကျင်မှ စတင်ကာရင်းနှီး မြှုပ်နှံမှု အချို့ရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်ပိုင်းတွင်မူ စီးပွားဖြစ်ရင်းနှီး မြှုပ်နှံမှုများပိုမို ပြုလုပ်လာကြကြောင်း သိရှိရသည်။

စင်ကာပူနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခုဖြစ်သော ERA မှ Marketing Director မမေသူက"မြန်မာနိုင်ငံသားတွေ အနေနဲ့ စင်ကာပူအိမ်၊ ခြံ၊ မြေဈေးကွက်ကို ၂၀၀၅ ခုနှစ် လောက်ကစပြီး ရင်းနှီးမြှုပ်နှံမှုတချို့ ရှိခဲ့ပါတယ်၊၊

နောက်ပိုင်းမှာ စင်ကာပူဘဏ်တွေဆီကနေ ချေးငွေတွေရရှိ လာတာနဲ့အတူ စင်ကာပူအိမ်၊ ခြံ၊ မြေ ကဏ္ဍမှာ စီးပွားဖြစ်ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလာပါတယ်။ အများစုက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ၀ယ်ယူကြပါတယ်။ ဒုတိယက ကိုယ်ပိုင်နေထိုင်မှုတွေ အတွက် ၀ယ်ယူကြတာဖြစ်ပြီး ကျန်တာတွေက ကလေးတွေပညာရေးအတွက် စင်ကာပူမှာ အိမ်ခြံမြေ၀ယ်ယူမှုတွေ ပြုလုပ်ကြတာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

စင်ကာပူနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့်(PR)ရရှိသူ မြန်မာနိုင်ငံသားများ အနေဖြင့် မြေပိုင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်သော်လည်း သာမန်မြန်မာနိုင်ငံသားများ အနေဖြင့် ကွန်ဒိုတိုက်ခန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ
ပြုလုပ်နိုင်ကြောင်း၊ ထိုသို့ ပြုလုပ်နိုင်ရန် စင်ကာပူဘဏ်များမှ ချေးငွေများရယူနိုင်ကြောင်း သိရှိရသည်။

ဆက်လက်၍ ERA မှ Marketing Director မမေသူက "မြန်မာနိုင်ငံသားတွေအနေနဲ့ စင်ကာပူနိုင်ငံမှာအိမ်၊ ခြံ၊ မြေ ၀ယ်ယူနိုင်ဖို့ စင်ကာပူဘဏ်တွေကနေ ချေးငွေရယူနိုင်ပါတယ်။ အိမ်တန် ဖိုးရဲ့ ၈၀ ရာခိုင်နှုန်းလောက် အထိ ကိုဘဏ်ကနေ ချေးယူနိုင်ပါတယ်။ ဘဏ်ချေးငွေရရှိဖို့အတွက် မြန်မာနိုင်ငံက ဘာပိုင်ဆိုင်မှုကိုမှအထောက် အထားပြဖို့မလိုပါဘူး။ ချေးယူနိုင်ဖို့အတွက် ၀ယ်ယူမယ့် အိမ်တန်ဖိုး ရဲ့ ၂၀ ရာခိုင်နှုန်းကို ချေးယူမယ့် ဘဏ်မှာသုံးပတ် ပေးသွင်းထားရမှာ ဖြစ်ပါတယ်။ ပြီးရင် ကျန်တန်ဖိုးထဲက အများဆုံး ၈၀ ရာခိုင်နှုန်းအထိကို UOB-Bank က နေ သတ်မှတ်အတိုးနှုန်းနဲ့ အများဆုံး နှစ်ရှည် နှစ် ၃၀ ဘဏ် ချေးငွေရရှိ နိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

တစ်ပေပတ်လည်တန်ဖိုးမှာ နေရာပေါ်မူတည်ကာ ဈေးနှုန်းအမျိုးမျိုး ကွဲပြားသော်လည်း ပျမ်းမျှအားဖြင့် တစ်ပေပတ်လည်လျှင် ပျမ်းမျှ စင်ကာပူဒေါ်လာ ၁၂၀၀မှ ၃၀၀၀ ၀န်းကျင်အထိ ဈေးရှိကြောင်း သိရသည်။

Source by : http://www।news-eleven.com/
Share this article :

2 comments:

Angelhlaing(May everybody be happy and healthy! said...

ဗဟုသုလေးတွေအတွက်ကျေးဇူးပါအကို.
ကောင်းသောနေ့လေးဖြစ်ပါစေ။

မမ said...

အခုလို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်၇ှင်
အစ်မတို့လည်း သိသင့်ပါတယ်။
ကျေးဇူးတင်ပါတယ်နော်
မောင်လေး

ခင်မင်လျှက်

မမ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။