Home » » စင်ကာပူမှာ ကျောင်းမတက်ခင် သေချာလေ့လာပါ။

စင်ကာပူမှာ ကျောင်းမတက်ခင် သေချာလေ့လာပါ။

Written By မောင်စေတနာ on Wednesday, March 9, 2011 | 4:41:00 AM



စင်ကာပူနိုင်ငံပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှာ အင်ဂျင်နီယာ ဒီပလိုမာတစ်နှစ်တက်ခဲ့တဲ့ ကျောင်းသူတစ်ဦး ကျောင်းဆက်မတက်ချင်တော့လို့ တခြားကျောင်းကို ပြောင်းမယ်ဆိုတဲ့အခါ တက်ခဲ့တဲ့ ကျောင်းက ကျောင်းလခတစ်ဝက်ကို လျော်ကြေးအဖြစ်ပြန်တောင်းခံရရှိတယ်လို့ သိရပါတယ်။ ကျောင်းကို အသနားခံစာတင်လို့ ၂၅ ရာခိုင်နှုန်းပဲ ပြန်လျော်ခဲ့တယ်လို့ဆိုတယ်။



အဲသည်ကျောင်းမှာ မြန်မာကျောင်းသား ၈ဝ ဦးခန့်တက်နေတယ်။ အဲသည်ကျောင်းက စင်ကာပူ ဝန်ကြီးဌာနတစ်ခုရဲ့ လက်အောက်မှာရှိပြီး ကျောင်းပြီးရင်အလုပ်ရမယ်။ ပီအာရ်ရနိုင်မယ်ဆိုပြီး မြန်မာကျောင်းသား တော်တော်များများလွန်ခဲ့တဲ့ တစ်နှစ်ခွဲ နှစ်နှစ်လောက်က လျှောက်ကြတာများတယ်။ ကျောင်းဝင်ခွင့်စာမေးပွဲအတွက် ကျပ် ၁ဝဝ,ဝဝဝ ပေးရမယ်လို့ဆိုပေမဲ့ ကျပ် ၃ဝဝ,ဝဝဝ ပေးခဲ့ရတယ်လို့ဆိုတယ်။ ကျောင်းဆက်တက်ဖို့ စိတ်ချမှုမရှိတာကြောင့် ကျောင်းပြောင်းတက်ဖို့ စီစဉ်လိုက်ရတာလို့သူကဆိုတယ်။

ကျောင်းပြောင်းတက်မယ်ဆိုရင် ကျောင်းကိုလျော်ကြေးပြန်ပေးရတာက များသောအားဖြင့် ပညာာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုရတဲ့ သူတွေ အတွက်ပါ။ ပညာသင်ထောက်ပံ့ကြေး၊ ပညာသင်ဆုမယူဘဲ၊ မရဘဲကိုယ့်ကျောင်းလခနဲ့ ကိုယ်တက်တဲ့သူတွေက လျော်ကြေးပြန်ပေးစရာမလိုဘူးလို့ နိုင်ငံတကာ ပညာရေးအေဂျင်စီတစ်ခုက သိရပါတယ်။ အဲသည်ကျောင်းသူက ပြည်တွင်းနိုင်ငံတကာ ပညာရေး အေဂျင်စီတစ်ခုကနေ ကျောင်းလျှောက်ခဲ့ပြီး ကျောင်းလျှောက်လွှာထဲမှာ ပါဝင်တဲ့ အချက်အလက်တွေကို သေသေချာချာ မဖတ်မိခဲ့ဘူး။ အေဂျင်စီက လက်မှတ်ထိုးခိုင်းတဲ့နေရာမှာ လက်မှတ်ထိုးခဲ့မိတယ်လို့ သိရပါတယ်။

Myanmar Search International က မန်နေးဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်က ‘ကျောင်းသားတွေကို ကျောင်းမလျှောက်ခင် ကျောင်းလျှောက်လွှာမှာ ပါတဲ့ အချက်အလက်တွေကို သေသေချာချာ ဖတ်ခိုင်းတယ်၊ တစ်မျက်နှာဖတ်ပြီးတိုင်း နားလည်တယ်၊ သဘောတူတယ်ဆိုရင် စာမျက်နှာရဲ့ အောက်မှာ လက်မှတ်တို့ ထိုးခိုင်းတယ်၊ အားလုံးနားလည်တယ်၊ သဘောတူတယ်၊ ကျောင်းအပ်မယ်ဆိုတော့မှ လျှောက်လွှာမှာပါတဲ့ လက်မှတ်ထိုးရတဲ့နေရာမှာ လက်မှတ်ထိုးခိုင်းတယ်’ လို့ပြောပါတယ်။

စင်ကာပူပုဂ္ဂလိက ကျောင်းတော်တော်များများမှာ ငွေပြန်အမ်းတဲ့မူဝါဒ (refund policy) တွေ၊ နုတ်ထွက်တာ၊ လုပ်ထုံးလုပ်နည်းတွေချမှတ်ထားပြီး တစ်ကျောင်းနဲ့ တစ်ကျောင်းတူကြတာများတယ်။ ကျောင်းမတက်ခင် ၂၇ ရက်အလိုနုတ်ထွက်ဖို့ ကျောင်းကို အကြောင်းကြားရင် ကျောင်းလခ ပြန်အမ်းပေးမယ်။

၂၅ ရက် ထက်နည်းနည်းနောက်ကျမှ အကြောင်းကြားရင် ၉၀ ရာခိုင်နှုန်း၊ ၁၄ ရက်အလိုအကြောင်းကြားရင် ၇၀ ရာခိုင်နှုန်း အသီးသီးပြန်အမ်းပေးပါမယ်။ ၁၄ ရက်ထက်ကျော်သွားရင် ပြန်မအမ်းတော့ဘူးလို့ စင်ကာပူပီအက်စ်ဘီအကယ်ဒမီက ချမှတ်ထားတဲ့ မူဝါဒအရသိရပါတယ်။

သင်ယူနေတဲ့ ဘာသာရပ်ကနေ နုတ်ထွက်ချင်ရင် နုတ်ထွက်ပုံစံဖြည့်ရပါမယ်။ အသက် ၁၈နှစ် အောက်ကလေးထံက တောင်းဆိုမှုတွေအတွက် ပီအက်စ်ဘီအကယ်ဒမီက မိဘ သို့မဟုတ် အုပ်ထိန်းသူထံက ကြိုတင်ခွင့်ပြုချက်ရမှသာ ဆက်ပြီးဆောင်ရွက်ပေးပါတယ်။ ကျောင်းနဲ့ ကျောင်းသားချုပ်ဆိုတဲ့ စာချုပ်မှာ လက်မှတ်ထိုးပြီးချိန်ကစပြီး ကျောင်းသားတွေအတွက် ခုနှစ်ရက်အချိန်ပေးထားတယ်။ ခုနှစ်ရက်အတွင်းသင်ကြားရမယ့် ဘာသာရပ်၊ စတင်သင်ကြားရမယ့် နေရက် ကျော်လွန်သည့်တိုင်၊ နုတ်ထွက်ခြင်းအတွက် စာနဲ့ ရေးသားတောင်းဆိုပါက ကျောင်းက သတ်မှတ်ထားတဲ့အများဆုံးရရှိမယ့် ပြန်အမ်းငွေပမာဏကို ရရှိနိုင်ပါတယ်။

မလေးရှားကျောင်းတွေက လျှောက်တဲ့အခါမှာလည်း လျှောက်လွှာမှာပါတဲ့ အချက်အလက်စည်းမျဉ်းစည်းကမ်းကို သေသေချာချာဖတ်ခိုင်းပြီးမှ လက်မှတ်ထိုးခိုင်းရတယ်လို့ ဒေါ်စုစုလှိုင်ကဆိုပါတယ်။ ကျောင်းကလျော်ကြေးပြန်တောင်ရတာမျိုး မဖြစ်အောင် ကျောင်းအပ်မယ်ဆိုကတည်းက သေသေချာချာ မေးမြန်းစုံစမ်းပြီး အတည်ပြုသင့်တယ်လို့ဆိုပါတယ်။

Source by : Modern
Share this article :

1 comments:

Angelhlaing(May everybody be happy and healthy! said...

ကျောင်းတက်မယ့်ကျောင်းသားတွေအတွက်
သိထားသင့်တဲ့အချက်လက်တွေမို့
ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို။
ကောင်းသောနေ့လေးဖြစ်ပါစေ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။