Home » » လူငယ် အကြိုက်ဆုံးသီချင်းများ စုစည်းမှု 3 နားဆင်ကြမယ်။

လူငယ် အကြိုက်ဆုံးသီချင်းများ စုစည်းမှု 3 နားဆင်ကြမယ်။

Written By မောင်စေတနာ on Tuesday, March 29, 2011 | 5:59:00 PM



အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ ။အကြိုက်ဆုံးသီချင်းများ စုစည်းမှု 3 ကိုတင်ဆက်ပေးဖို့အတွက် အချိန်ကြရောက်လာပါပြီ။ ကောင်းနိုးရာရာ သီချင်းလေးများကို စာဖတ်သူ မိတ်ဆွေများနားဆင်နိုင်ရန်အတွက်တင်ဆက်ပေးလိုက်ပါတယ်။အလည်ရောက်လာကြသော မိတ်ဆွေများအတွက် လူငယ်များနှစ်သက်သော သီချင်းလေးတွေကို တင်ဆက် ပေးထားပါတယ်။

ဒီတစ်ပတ် သီချင်းတွေ အားလုံးကိုလည်း သီချင်းချစ်သူ လူငယ်များ အားလုံးပဲ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီတစ်ပတ် လေးမှာ သီချင်းချစ်သူများ တောင်းဆိုလာတဲ့သီချင်းများကို ဦးစားပေး တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျား။

အခု အချိန်လေးကပြီး သီချင်းတောင်းထားတဲ့ နာမည်တွေ ကျွန်တော် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံး ဒီသီချင်းကို တောင်းလာ တဲ့သူကတော့ မင်းမင်းဦး ဖြစ်ပါတယ်။တောင်ကြီးမြို့မှ ချစ်ညီမလေး သူသူ ၊ သူငယ်ချင်း ဇော်ကို အစ်မ မဇင်ဇင်ဝင်း ၊ တို့အမှတ်တရ နားဆင်ဖို့အတွက်ရန်ကုန်မှ ချစ်သူငယ်ချင်း ဝင်းမင်း ၊ ကိုလှိုင် နှင့် ခဏလေး ခင်မင်ခဲ့ရသော သော်သော်လေး အတွက် သတိတယ နားဆင်နိုင်ရန် ဖြစ်ပါတယ်။ တောင်းဆိုလာတဲ့ သီချင်းလေးကတော့ R ဇာနည် + ရေဗက္ကာဝင်း တို့သီဆိုထားတဲ့ အခိုက်အတန့်လေး ဆိုတဲ့ သီချင်းလေး ဖြစ်ပါတယ်။

အခိုက်အတန့်လေး
ရေး = မင်းချစ်သူ
ဆို = R ဇာနည် + ရေဗက္ကာဝင်း


ဆက်လက်တောင်းဆိုလာတဲ့ သူများကတော့ ကလေးမြို့မှ သတိယနေသော သူငယ်ချင်း မြတ်နိုးအတွက် အတူတူ ပျော်ခဲ့သော သူငယ်ချင်းဖြစ်တဲ့ ဝါဝါ ၊ ခင်ခင် ၊ မြတ်မွန် တို့ နားဆင်ဖို့အတွက် ဖြစ်ပါတယ်။ဒီသီချင်းကို တောင်းဆိုလာတဲ့ သူကတော့ မအေးအေး ဖြစ်ပါတယ်။ Black Hole အဖွဲ့က သီဆိုထားတဲ့သနပ်ခါး သီချင်းလေး ဖြစ်ပါတယ်။

သနပ်ခါး
ရေး = အစိုင်း
ဆို =Black Hole


ဆက်လက်ပြီး တောင်းဆိုထားတဲ့ သီချင်းချစ်သူကတော့ ရန်ကုန်မှ စိုင်းသူ ဖြစ်ပါတယ်။ ခင်မင်ရတဲ့ ကျွန်တော်နဲ့ အတူတူ သူငယ်ချင်းတွေ အားလုံးအတွက်ပါတဲ့ .. တောင်းဆိုလာတဲ့သီချင်းလေးကတော့ ဝိုင်ဝိုင်း သီဆိုထားတဲ့ စည်း သီချင်းလေး ဖြစ်ပါတယ်။

စည်း
ရေး = ကေအေတီ
ဆို = ဝိုင်ဝိုင်း


ဆက်လက်ပြီး ၊ သူဇာ ၊ နွယ်နွယ် ၊ ဖြိုးဖြိုး တို့)သူငယ်ချင်း တစ်စု နားဆင်ဖို့အတွက် ရန်ကုန် ( လှိုင်) မှဦးဦးကိုကိုကြီး အတွက် အမှတ်တရ ဖြစ်ပါတယ်။တောင်းဆိုထားတဲ့ သီချင်းချစ်သူကတော့ မန္တလေးမှ မို့မို့ ဖြစ်ပါတယ်။ တောင်းဆိုထားတဲ့ သီချင်းလေးကတော့ အဆိုတော် ထူးအယ်လင်း သီဆိုထားတဲ့ မင်းလေးနားလည် သီချင်းလေး ဖြစ်ပါတယ်။

မင်းလေးနားလည်
ရေး = စစ်ဟိန်း
ဆို = ထူးအယ်လင်း


ဒီတစ်ပတ်မှာ နောက်ဆုံး တောင်းဆိုလာတဲ့ သူကတော့ အဝေးကြီး မဟုတ်ပါဘူး။ မလေးရှားနိုင်ငံ ကာဂျန်းမှ ကိုဝေမင်း ဖြစ်ပါတယ်။ ခင်မင်ရတဲ့ ဖြူလေး အတွက် အမှတ်တရ တောင်းဆိုထားတာ ဖြစ်ပါတယ်။ A နွန် သီဆိုထားတဲ့ ချစ်သူရဲ့ပုံပြင် သီချင်းလေး ဖြစ်ပါတယ်။ သီချင်း ချစ်သူများ အားလုံး နားဆင်ခံစား အားပေး ကြပါဦးဗျာ။

ချစ်သူရဲ့ပုံပြင်
ရေး/ဆို = A နွန်


သီချင်းချစ်သူ မိတ်ဆွေများအနေဖြင့် မိမိနှစ်သက်နားဆင်လိုသော သီချင်းများကိုတောင်းဆိုနိုင်ပါတယ် ခင်ဗျား။

အကြိုက်ဆုံးသီချင်းများ စုစည်းမှု 4 ကိုလည်း မကြာမှီ ဆက်လက် တင်ပေးပါမည်။ နောက်တစ်ပတ်မှ ပြန်လည်ဆုံတွေ့ကြမယ်နော် ... နှုတ်ဆက်ပါတယ် ခင်ဗျား ....


အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား ....

Photobucket
ဒီအစီအစဉ်လေးနဲ့ ပက်သက်ပြီး အမှတ်တရ သီချင်းများ တောင်းဆိုချင်တယ် ဆိုရင် သီချင်းနာမည် အဆိုတော် နာမည် ရေးပြီး nayzawlin1@gmail.com ကိုမေးပို့တောင်းဆိုနိုင်ပါတယ် ခင်ဗျား ...


သီချင်းများကို http://www.youtube.com ပြန်လည်ကူးယူ တင်ပေးထားပါသည်။

Share this article :

1 comments:

လှိုင်မင်းစိုး said...

မိုက်တယ် ..သီချင်းလေးတွေ နောက်လည်းတင်ပေးဦးနော်

အားပေးပါတယ်

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။