Home » » လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

လူကုန်ကူးမှုများတွင် UNHCR နှင့် IOM ၀န်ထမ်းများ ပါဝင်ပတ်သက်

Written By မောင်စေတနာ on Saturday, January 8, 2011 | 9:54:00 AM

အမေရိကန် နှင့် အနောက်နိုင်ငံအချို့သို့ တရားမ၀င် ဒုက္ခသည်အယောင်အဆောင်များ
ကို ဒုက္ခသည် များ အဖြစ်ဖန် တီးပေးပြီး လူကုန်ကူးမှုဆောင်ရွက်ရာတွင် UNHCR ,IOM
နှင့် ဒုက္ခသည် စခန်းမှတာဝန်ရှိ သူအချို့ပူးပေါင်း လုပ်ဆောင်နေကြသည်မှာ အချိန်ကာ
လ အတော်ကြာ မြင့်ပြီ ဖြစ်သည်ဟု ယခင် မဲဆောက် ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ
မဟာမင်းကြီးရုံးတွင် အမှု ထမ်းဖူးသူ တစ်ဦး၏ မြန်မာ ၀ီကီလိခ်ထံပေးစာတွင်ဖော်ပြထား
သည်။

အစစ်အမှန် ပြည်တွင်းစစ်ဘေး ဒဏ်ကြောင့်ထွက်ပြေးလာကြ သည့်ကရင်ဒုက္ခသည်
မိသားစုများနေရာတွင်လူအစားထိုးဆောင်ရွက်ကြခြင်းဖြစ်သည်။ လူတဦးအစားထိုး
ခမှာ ဘတ်ငွေ၁သိန်း ၅သောင်းမှ ၂ သိန်း ထိပေါက်ဈေးရှိသည်။

အစား ထိုးမှု များ တွင် ကရင် ဒုက္ခသည် များ သာမက မြန်မာ နိုင်ငံရေး အကျဉ်းသား
များ နှင့် အကျဉ်းသား ဟောင်းများ ၏ နာမည် များ ကို ပါ အစားထိုးဖော်ပြသည်။ အချို့ 
နိုင်ငံရေး အကျဉ်းသားများ မှာ ထပ်မံ ထောင်ဒဏ် အပြစ်ပေး ခံရပြီး မြန်မာ အကျဉ်းထောင်
ထဲတွင် ရှိသော် လည်း ၎င်း တို့ ၏ နာမည် များ နှင့် အစားထိုး လူစားများ မှာ အမေရိကန်
နှင့် ဥရောပ နိုင် ငံများ တို့ ရောက် နှင့်နေပြီး ဖြစ်သည်။


မိသားစုဝင် ၆ဦး ၇ဦးထိလူစားထိုးမှုများရှိသည်။ ထိုသို့လူစားထိုးရာတွင် ကာယကံရှင်
မိသားစုမှာ တဦးလျင်ဘတ်ငွေ ၁သောင်း၅ထောင်မှ ၂သောင်းထိသာရကြပြီး UNHCR ,
IOM ၀န်ထမ်းများနှင့်ဒုက္ခသည်စခန်း တာဝန်ရှိသူတို့ခွဲဝေယူကြသည်။ UNHCR မှ ၀န်
ထမ်း အောင်ကျော်ဦးမှာမြန်မာ နိုင်ငံ ရန်ကုန်မြို့ရှိ တရုပ်သူဌေးများ ၏ မသိသူမရှိ ဖြစ်
သည်။

မြန်ပြည်၇ှိ သူဌေးများသည် အမေရိကန်ပြည်ဝင်ခွင့် ရရန်ခက်ခဲသောကြောင့် ဒုက္ခသည်
ယောင်ဆောင်ပြီးအမေရိကန်သို့ထွက်ခွာသွားကြသည်မှာ ထောင်နှင်ချီရှိနေပြီဖြစ်သည်။
ထိုသူများမှာ ဒုက္ခသည်စခန်းတွင်တညကို မအိပ်ဘူးသူများဖြစ်ကြသည်။

လုပ်ငန်းစဉ်အဆင့်ဆင့်စစ်ဆေးမှုများတွင် ရန်ကုန်မှလေယာဉ်ဖြင့်မနက်ထွက်လာ ဘန်
ကောက်မှနေ မဲဆောက်သို့ ညကားစီး ထိုမှတဆင့် ဒုက္ခသည်စခန်းတွင်သွားရောက်အစစ်
ဆေးခံပြီးညနေတွင်ဘန်ကောက်သို့ပြန် ပြီးမြန်မာပြည်သို့ လေယာဉ်ဖြင့်ပြန်ကြကြောင်း
သိရသည်။

အချို့မှာနောက်ဆုံးထိုင်းနိုင်ငံမှ ထွက်ခွာမည့်ရက်တွင် IOM အကူအညီဖြင့်ဘန်ကောက်
လေဆိပ်မှစောင့်ဆိုင်းပြီးအမေရိကား သို့ထွက်ခွာကြသည်။ နောက်တမျိုးလူစားထိုးခြင်းမှာ
ကာယခံရှင်မှာငွေကြေးတပြားတချပ်မှမရဘဲ စခန်းအာဏာပိုင်နှင့် UNHCR, IOM ၀န်ထမ်း
များပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်။

ဒုက္ခသည်စခန်းနေထိုင်သောဒုက္ခသည်မိသားစုမှာ TBBC ထောက်ပံ့သော ရိက္ခာမလောက်
ငှသောကြောင့်အပြင်သို့လနဲ့ချီပြီး အလုပ်ထွက်လုပ်နေကြသူများဖြစ်ကြသည်။ ထိုအချက်
ကိုအခွင့်ကောင်းယူပြီးလူးစားထိုးကြခြင်းဖြစ်သည်။ တနှစ်စောင့်အမေရိကန်ကမခေါ်၊ ၂နှစ်
စောင့်မခေါ်လို့အမေရိကန်သံရုံးကခိုင်းစေထားသော OPE(Oversea Processing Entity)
(IRC) ရုံးကိုသွားမေးတော့အခါမှာ မိမိမိသားစုအားလုံး နာမည်ဖြင် အမေရိကန်ရောက်နေ
ကြာင်းသိကြရသည်။

တချို့မှာယနေ့ထက်တိုင်လုံးဝသိရှိခြင်း မရှိသေးပေ။လွန်ခဲ့သည့် တစ်လကျော်က မဲလ
ဒုက္ခသည်စခန်း မှ နိုင်ငံခြား သို့ ထွက်ခွာအသင့် ဖြစ်နေ သည့်မြန်မာ-ကရင် လူမျိုး လင်
မယား နှစ်ဦး မှာ နာမည် နှင့် လူအစား ထိုး ပြီး ၀င်ရောက်လာခြင်း ကို ၎င်းတို့ ထွက်ခွာ
မည့်  သက်ဆိုင်ရာနိုင်ငံမှ စစ်ဆေးတွေ့ ရှိသဖြင့် အရေးယူစီစစ်ရာထိုလင်မယားနှစ်ဦးမှာ
မဲဆောက် ထောင်ထဲ တွင် ထောင်ဒဏ်အပြစ်ပေး အကျဉ်းကျခံနေရ သော်လည်း ၎င်းတို့ 
အား ပွဲ စားလုပ်ပေး ခဲ့သည့် စခန်းမှ တာဝန် ရှိသူ များ ၊ ထိုင်းလူမျိုး အချို့နှင့် ဒုက္ခသည်
များ ပြည်ပထွက်ခွာရေး ဧဂျင်စီ အချို့ မှ ၀န်ထမ်းများ မှာ မူ အရေးယူခြင်း မခံရ ဟု
ပေးစာတွင် ဖော်ပြထားသည်။

မြန်မာ ၀ီကီလိခ် မှကူးယူဖော်ပြပါသည်။

Share this article :

1 comments:

အင်္ဂါဟူး said...

သတင်းတွေ သတင်းတွေ ဖတ်မိတိုင်းစိတ်လေဒယ်...


လူ့အခွင်းအရေးတွေ ဘာအခွင့်အရေးတွေ ပြောနေကြတာလဲ သူတို့(အချို့)ပဲ ၊ မဟုတ်တာ လုပ်တဲ့ သူ လာဘ်စားတဲ့သူ ကလိမ်ကျတဲ့သူဆိုလဲ သူတို့ (အချို့) ပဲ..

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။