Home » » မလေးရှားနိုင်ငံ နီလိုင်း (၂) ဆမာရတ်တွင် မြန်မာတစ်ယောက် ကားတိုက်သေဆုံး

မလေးရှားနိုင်ငံ နီလိုင်း (၂) ဆမာရတ်တွင် မြန်မာတစ်ယောက် ကားတိုက်သေဆုံး

Written By မောင်စေတနာ on Monday, January 10, 2011 | 8:28:00 PM



မလေးရှားနိုင်ငံ နီလိုင်း (၂) ဆမာရတ် တွင် ၂၅.၁၂.၁၀ နေ က မြန်မာ နှစ်ယောက်
မောင်းလာသော ဆိုင်ကယ် နှင့် ကား တိုက်မှု ဖြစ်ပွားခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်ခဲ့
သော်လည်း ရှေ့မှဆိုင်ကယ်မောင်းသူမှာ လက်ပွန်းပဲ့ရုံမှ လွဲ၍ ဒဏ်ရာအကြီးကျယ်
မရခဲ့ပေ ဆိုင်ကယ်နောက်မှစီးလိုက်လာသော ဇေယျာဖြိုး မှာလည်ပင်းနားခေါင်း
ခါးတို့ မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပြီးနောက် ရဲကားရောက်လာပြီးလူနာကို ဆလန်ဗန်းဆေးရုံကြီး
သို့  ပို့လိုက်သည်။ ဆေးရုံ ရောက်ပြီး ဓါတ်မှန် ရိုက်ကြည့်တော့ ခါး နဲ့လည်ချောင်း
ရိုးမှာ ကျိုးနေပြီး ၎င်းဒဏ်ရာဖြင့် ဇေယျာဖြိုး မှာ ၀၄.၀၁ .၁၁ နေ့  တွင် ဆလန်ဗန်း
ဆေးရုံကြီး တွင် သေဆုံးသွားခဲ့သည်။

သေဆုံးသူ ဇေယျာဖြိုးသည် မကွေးတိုင်း ချောက်မြို့ တွင် နေထိုင်ပြီးလာမဲ့ ၃လပိုင်း
မှာ မြန်မာပြည် ပြန်မည်ဟုသိရသည်။ အခုတော့ ကံဆိုးသွားပြီ အခုလူတယောက်လုံး
သေတာတောင်ဘာမှ မရဘူး။



တိုက်တဲ့ ကားသမားကိုလဲ ဘာမှအရေးမယူဘူး စက်ရုံကောင်းလို့  insurance လေး
လုပ်ပေးရင်တော့ ရသင့်သလောက်ရမှာ နောက်ဆုံးတော့လည်း ဒို့ ရွှေတွေပဲခံရတာ
ရွှေမြန်မာများ ဆိုင်ကယ်စီး ကားလမ်းမပေါ် လမ်းဖြတ်ကူးရင် သတိနဲ့  ကူးကြပါ ။

မုန်တိုင်း (မလေးရှား)

ဒီနေရာ မှကူးယူ တင်ပြပါသည်။

အထက်ပါ အဖြစ်အပျက်များသည် အဝေးရောက် မြန်မာနိုင်ငံသားတိုင်း အထူးဂရုစိုက်
သတိပြုသင့်သော အချက်ဖြစ်ပါ၍ သတိထားနိုင်ကြစေရန် စေတနာဖြင့် အသိပေးအပ်
ပါသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။