Home » » အင်္ဂလန်ကျောင်းများသို့ သွားမည့် မြန်မာများ ဆီမှအမှန်တကယ်ကုန်ကျငွေထက်ပိုမိုတောင်းခံ နေသော အေးဂျင့်များရှိ

အင်္ဂလန်ကျောင်းများသို့ သွားမည့် မြန်မာများ ဆီမှအမှန်တကယ်ကုန်ကျငွေထက်ပိုမိုတောင်းခံ နေသော အေးဂျင့်များရှိ

Written By မောင်စေတနာ on Monday, January 10, 2011 | 3:05:00 PM

အင်္ဂလန်နိုင်ငံရှိ ကျောင်းများသို့ သွားရောက်မည့် မြန်မာများဆီမှ အမှန်တကယ် ကုန်ကျမည့် ကျောင်းလခနှင့်ငွေပမာဏထက် ပိုမိုတောင်းခံနေသည့် အေးဂျင့်များရှိနေကြောင်း ပညာရေးဈေးကွက်တွင်း ယင်းဖြစ်စဉ် နှင့်နီးစပ်ရာမှ စုံစမ်းသိရှိခဲ့ရသည်။

အမှန်တကယ် ကုန်ကျသည့် ငွေပမာဏဟုဆိုရာတွင် ကျောင်းသားများအနေဖြင့် မိမိတို့သွားရောက်လိုသော ကျောင်းများမှ တရားဝင်ငွေ ကောက်ခံသည့် ကျောင်းလခများအား အတိအကျ မသိရှိရဘဲ အေးဂျင့်များမှ တောင်းခံမှုများ အတိုင်းပေးခဲ့ရခြင်း၊ မိမိတို့၏ ကျောင်းလခများအား မိမိကိုယ်တိုင် ပေးသွင်းခွင့်မရခြင်းများအပြင် နှစ်အလိုက်ကုန်ကျမည့် ကျောင်းလခများပါဝင်သော acceptance letters များအား အေးဂျင့်များမှကျောင်းသားများဆီသို့ ဖတ်ရှုခွင့် မပေးခြင်း များရှိနေသည်ဟု သိရှိရသည်။

“ကျောင်းလျှောက်ထားစဉ် မှစတင်ကာ လျှောက်ထားခငွေနှင့် ဗီဇာရရှိမှု သေချာခြင်းမရှိသော်လည်း မြန်မာကျပ်ငွေ ၁၀ သိန်းထိ အေးဂျင့်များသို့ ပေးသွင်းထားရကာ ဗီဇာမရရှိသော်လည်း ယင်းငွေများအား အေးဂျင့်များက ပြန်လည်ထုတ်ပေးလေ့ မရှိကြောင်း ...”

"အင်္ဂလန်ကို ကျောင်းသားတွေ စင်ကာပူနီးပါးထွက်ဖို့ ပြင်ဆင်ရွေး ချယ်လာတဲ့အခါမှာ အဲဒီဘက်က ကျောင်းတွေနဲ့ ဒီဘက်က ပညာရေး ၀န်ဆောင်မှုလုပ်ငန်းတွေဟာ အမှန်တကယ် တရားဝင်ချိတ်ဆက် ထားတာလား၊ ဒါမှမဟုတ် ကျောင်းသားတွေ မိမိဘာသာ ကျောင်းရွေးချယ်တာကို အေးဂျင့်က လျှောက်ပေးရတာလားဆိုတာ သေချာသိဖို့ လိုပါတယ်"ဟု အင်္ဂလန်ရှိ WLC နှင့် London School of Commerce တို့၏ တရားဝင်ကိုယ်စားလှယ် ဖြစ်သူ ဦးအောင်ကျော်ဆန်းက ရှင်းပြခဲ့သည်။



ထို့ပြင် မြန်မာနိုင်ငံရှိ ပညာရေး ၀န်ဆောင်မှုလုပ်ငန်းများနှင့် အင်္ဂလန်ကျောင်းများမှ တရားဝင် ချိတ်ဆက်ထားသော ကျောင်းများဆိုပါက တရားဝင်သတ်မှတ် ကျောင်းလခများအတိုင်း ပေးကြရပြီး ယင်းကျောင်းများသို့ ကျောင်းလခပေး သွင်းသည့်အခါ မိမိကိုယ်တိုင်ပေး သွင်းခြင်းဖြင့် ကုန်ကျစရိတ် သက်သာစေနိုင်သည်ဟု အင်္ဂလန်သို့ မကြာသေးမီက သွားရောက်ခဲ့သော မြန်မာလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။

ထို့ပြင် ကျောင်းလျှောက်ထား စဉ်မှစတင်ကာ လျှောက်ထားခငွေ နှင့် ဗီဇာရရှိမှု သေချာခြင်းမရှိသော်လည်း မြန်မာကျပ်ငွေ ၁၀ သိန်းထိ အေးဂျင့်များသို့ ပေးသွင်းထားရကာ ဗီဇာမရရှိသော်လည်း ယင်းငွေများ အား အေးဂျင့်များက ပြန်လည်ထုတ်ပေးလေ့ မရှိကြောင်းလည်း သိရှိရပါ သည်။

ယခုအခါ အင်္ဂလန်ရှိကျောင်းများနှင့် တရားဝင်ချိတ်ဆက်ထားသော ကျောင်းများအနေဖြင့် ယင်းကျောင်းများမှ တရားဝင်ပြဋ္ဌာန်းချက်များအတိုင်း ပညာရေးဝန်ဆောင်မှု လုပ်ငန်းများမှ ကောက်ခံကြရပြီး အချို့သော ပညာရေးဝန်ဆောင်မှု လုပ်ငန်းများသည် ကျောင်းသားများ ဘက်မှ မည်သည့်ဝန်ဆောင်ခ နှုန်းထားမျှ ကောက်ခံခြင်း မပြုထားကြောင်းလည်း သိရှိရပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။