Home » » စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ

စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ

Written By မောင်စေတနာ on Tuesday, January 11, 2011 | 2:37:00 PM



၁) ရုံးချိန်ကို ၁ စက်ကန့်မျှ နောက်မကျပါစေနှင့် ရုံးရောက်ပြီးမှ
မိတ်ကပ်လိမ်း၊ မနက်စာစား၊ အီအီးပါ စသည့် များလုပ်ပါ။

၂) နေ့လည်အိပ်ငိုက်လျင် အိပ်သာသို့ ချက်ချင်း ပြေးပြီးအိပ်ပါ။ သူဌေးမရိပ်မိပါစေနှင့်။

၃) အလုပ်ပြောင်းလိုလျင် အနည်း ဆုံ: LV သို့ Gucci အိပ်တလုံးဆောင်ထားပါ၊ TAKA မှ
တလုံးစီန် (အလုံးကြီးကြီး) လက်စွပ်ဝတ်နိုင်လျင် ရာထူး မြင့်မြင့်ရမည်။ ဘာမှ မတတ်ချင်း
နေထိုင်အသုံးဆောင် များနှင့်သစ်လွင်သောအ၀တ်အစားများဝတ်ပြီး အင်တာဗျူးလုပ်သူအား
ရယ်မော၍ စကားပြောပါ။

(LV အိတ်ဈေးကြီး၍ မ၀ယ်နိုင်သူများ မလေးရှား အတွင်အင်မတန်သေသပ်သော အတုရှိသည်။)

၎) အလုပ်ဝင်ပြီး၍ ဘာမှမလုပ်တတ်လျင် နီးစပ်ရာ သူဌေးတယောက်ထံ အမြန်ကပ်
၍ နှာခေါင်း သံဖြင့် စကားပြောပါ။ ရာထူးပါတက်မည်။

၅) နာမကျန်းခွင့် MC ယူချင်လျင် ကတိုးနှာရှုဆေးကို သူဌေးအလစ်တွင် ရှု၍ သူဌေးရှေ့ တွင်
ဟတ်ချိုး ခန ခနချေပါလေ။ သူ သတိပြုမိ၍ မေးလျင် မျက်နှာ ညှိုးထားပြီး flu ဟုသာဖြေပါ။
ဖြေပြီး ၂ စက်ကန့် မှစရ်ျ အနည်းဆုံး ခွင့် (၃) ရက် ကို ငြိုငြင်မှုကင်းစွာဖြင့် ရရှိမည်ဖြစ်သည်။




(သတိ- ဆေးခန်းများနှင့် စာချုပ်ချုပ်ထားသော ရုံးမှဝန်ထမ်းများ ဒီနည်းမသုံးရ
ချက်ချင်းပြုတ်နိုင်သည်)

၆) ဒီအမှားက ငါလုပ်တာမဟုတ်ဘူး နင်လုပ်တာ ဆိုသော ပြန်လှန်ပြောဆိုမှုများကို
ဝေးနိုင်သမျှရှောင်ရှားပါလေ။ ကိုယ်လုပ်တာမဟုတ်လင့်ကစား ဒီကိစ် စငါမသိလိုက်ဘူး
ဒါပေမယ့် နောက်တခါကျရင် သတိထားမှဖြစ်မယ် ဒီတစ်ကြိမ်တော့ ၀မ်းနည်းပါတယ်
လို့ပြောလိုက်ပါ။

အခန့်သင့်လျင် သင် သူဌေးမှကျွေးသောနေ့လည်စာပါ စားရကိန်းရှိသည်။

၇) သူဌေးနှင့် တွေ့လျင် ရိုသေစွာ လမ်းဖယ်ပေးချင်း ကိုယ်ကိုကိုင်းညွှတ်၍ စကားပြောခြင်း
မပြုလုပ်ရ။ (မြန်မာ့ ယဉ်ကျေးမှုများ မလိုအပ်ပါ) သူဌေးအား သူ့နာမည်သာခေါ်ပါ။ နာမည်
ရှေ့တွင် ဟေ့ဘယ်သူစသည်ဖြင့် ခေါ်နိုင်သည်။ မလိုက်နာပါက ရာထူး မတက်သည့်
အပြင်နင်းပြားပုံစံဖြင့် ဆက်ဆံခြင်းခံရမည်။

ယုံကြည်စွာ ကျင့်သုံးကြည့်ပါ။ လက်ရှိရာထူးတွင် မုချ ခိုင်မြဲမည့် အပြင် လစာပါတိုးနိုင်သည်။

မိတုတ် မလိုက်နာ၍ အလုပ်ပြုတ်ကာ မြန်မာပြည် ပြန်ပြီး ယခု သာကေတ ဆိုက်ကား
ဂိတ်တွင်အကြော်ရောင်းနေရသည်။

မောင်သန်း လိုက်နာ၍ သူ့ သူဌေးမှ သုံးလိုရာသုံးရန် ကားတစ်စီးပေးထားသည်။

မိကောက်လိုက်နာ၍ ရုံးချိန်တွင် ဘလော့ ရေးနိုင်သည်။

စေတနာဖြင့်
မိကောက်
http://myanmarinsingapore.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။