Home » » စင်ကာပူနိုင်ငံတွင်ပြည်ပနိုင်ငံသားများအတွက် အလုပ်အကိုင်နှင့်ပီအာရရှိမှုအခွင့်အရေးပိုမိုနည်း ပါလာကြောင်းသိရှိရ

စင်ကာပူနိုင်ငံတွင်ပြည်ပနိုင်ငံသားများအတွက် အလုပ်အကိုင်နှင့်ပီအာရရှိမှုအခွင့်အရေးပိုမိုနည်း ပါလာကြောင်းသိရှိရ

Written By မောင်စေတနာ on Friday, January 14, 2011 | 7:52:00 PM



စင်္ကာပူနိုင်ငံတွင် ပြည်ပမှလာရောက် အလုပ်လုပ်ကိုင်သော ပြည်ပနိုင်ငံသားများအတွက် အလုပ်အကိုင် ရရှိမှု ပိုမိုကျပ်တည်းလာကြောင်းနှင့် အလားတူ စင်္ကာပူနိုင်ငံ၏အထင်ကရ တက္ကသိုလ်တစ်ခုဖြစ်သော National University of Singapore (NUS) မှ ဘွဲ့ရရှိသူများပင် PR ရရှိရန် အခက်အခဲများစွာ ရှိနေကြောင်း စင်ကာပူနိုင်ငံတွင်လက်ရှိ PR ရရှိထားသော မြန်မာလူမျိုးများ၏ ပြောကြားချက်အရ သိရှိရသည်။

"စင်ကာပူမှာ အလုပ်အကိုင်ရရှိမှုက ကုန်ခဲ့တဲ့နှစ်နှစ်လောက်ကစပြီး တဖြည်းဖြည်းနဲ့ ကျဆင်းလာခဲ့တယ်။ အထူးသဖြင့် ပြည်ပနိုင်ငံသားတွေ ဖြစ်နေတာတွေ့ရတယ်။ ပညာရေးလိုအပ်ချက် မြင့်မားမှုကတစ်ပိုင်း၊ ပြီးတော့ စင်ကာပူနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးရဲ့ပေါ်လစီ ခဏခဏပြောင်းလဲလာတာကြောင့် တစ်ပိုင်းဖြစ်နေတာ တွေ့ရတယ်။ သူ့နိုင်ငံရဲ့ state policy အပြောင်းအလဲတွေရှိနေတဲ့ အတွက် PR ဆိုလို့ရှိရင်လည်း ခွဲ တမ်းအလိုက် သတ်မှတ်လာတာ တွေ့ရတယ်။ အဲ့ဒါကြောင့် အခုဆိုရင် သူ့နိုင်ငံမှာကျောင်းတက်ပြီး ကျောင်းပြီးတဲ့သူတွေတောင် PR ရရှိဖို့ တော်တော်ခဲယဉ်းပါတယ်"ဟု စင်ကာပူ နိုင်ငံတွင်လက်ရှိ PR ရရှိထားသော မြန်မာနိုင်ငံသာျးသ်အတမေန အင်ဂျင်နီ ယာတစ်ဦးက ပြောပြခဲ့သည်။

“စင်ကာပူနိုင်ငံသို့ သွားရောက် ကျောင်းတက်ကြရာတွင် ပိုမိုတိုးတက်သော ပွင့်လင်းမြင်သာသော နေရာများသို့ သွားရောက်၍ ကျောင်းတက်လိုသော ဆန္ဒလူငယ်အများစုတွင် ရှိနေ”

စင်ကာပူနိုင်ငံသို့ သွားရောက် ကျောင်းတက်ကြရာတွင် ပိုမိုတိုးတက်သော ပွင့်လင်းမြင်သာသော နေရာများသို့ သွားရောက်၍ ကျောင်းတက်လိုသော ဆန္ဒလူငယ်အများစုတွင် ရှိနေကြပြီးပိုမို၍ စစ်ဆေးပြီးမှတက်ရောက် ရန်လိုအပ်လာကြောင်း သိရသည်။



"အေးဂျင့်တွေပြောတိုင်းလည်း မဟုတ်ပါဘူး။ ကျောင်းသားတွေကို မက်လုံးပေးတဲ့အပိုင်းတွေ အများကြီးပါနေတာ တွေ့ရတယ်။ ဥပမာ- စင်္ကာပူမှာ accounting နဲ့ခြောက်လ တက်ပြီးရင် spass ရတယ်ဆိုတာမျိုး တွေပါ။ ရခဲ့တဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့အခုတော့ အရမ်းနည်းသွားပါပြီ။ ပညာရေးနဲ့ပတ်သက်တဲ့ အေဂျင်စီတချို့ရဲ့ ဆွဲဆောင်မှုတွေကြောင့်လည်း ထွက်သွားကြတာတွေ ရှိတယ်။ တကယ်တမ်းကျ အဆင်မပြေတာတွေ တွေ့ရတယ်။ မနှစ်တုန်းကဆိုရင် tourism management တို့၊ hospital management တို့နဲ့ ထွက်သွားတဲ့ ကျောင်းသားတွေ ၅၀ ရာခိုင်နှုန်းလောက်က ပြန်လာရတယ်။

သူတို့က သင်တန်းတက်ပြီးတော့ ခြောက်လပဲ အလုပ်လုပ်ခွင့်ရှိတယ်။ လုပ်တဲ့အခါလည်း လခက စင်ကာပူ ဒေါ်လာ ၅၀၀ ထက်မပိုဘူး။ ပထမပိုင်းစသွားတဲ့လူတွေ အလုပ်ရကြတယ်။ နောက်ပိုင်း အေးဂျင့်တွေက ဒလဟော ထပ်လွှတ်တယ်ဆိုတော့ နောက်ပိုင်း ရောက်သွားတဲ့ လူတွေလုံးဝအလုပ် မရကြဘူး" ဟု စင်ကာပူနိုင်ငံ NUS တွင် ကျောင်းတက်နေသော မြန်မာကျောင်းသား တစ်ဦးက ပြောပြခဲ့သည်။

အလားတူ အလုပ်အကိုင်ရရှိမှု ခက်ခဲသကဲ့သို့ အဆိုပါ NUS တွင် ကျောင်းတက်ရန်အတွက် ၀င်ခွင့်ရရန်ပင် မလွယ်ကူကြောင်း ကျောင်းပြီးဆုံး၍ PR လျှောက်သောအခါ တွင်လည်း PR ရရှိမှု မသေချာတော့ကြောင်း သိရှိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။