Home » » မြန်မာမှ မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားသောသူများအား ဗီဇာထပ်မံ တိုးခွင့်မပြုတော့

မြန်မာမှ မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားသောသူများအား ဗီဇာထပ်မံ တိုးခွင့်မပြုတော့

Written By မောင်စေတနာ on Thursday, January 13, 2011 | 5:33:00 PM



မြန်မာမှ မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာဖြင့် သွားမည့်သူများအား မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ဗီဇာထပ်မံတိုးမြှင့်ခွင့် ပေးတော့မည်မဟုတ်ကြောင်း သိရှိရပါသည်။

မြန်မာမှမလေးရှားသို့ အလည်အပတ်ဗီဇာဖြင့် အများစုထွက်ခွာမှု ပြုကြသည်မှာ ကျောင်းလျှောက်ရန် ပြင်ဆင်ချိန်မရ၍ ကျောင်းဖွင့်ရာသီ အမီ အလည်အပတ်ဖြင့် ထွက်ကာ ကျောင်းသားဗီဇာ ထပ်မံလျှောက်ထားမှုပြုကြ ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ ပုဂ္ဂလိကကျောင်းအများစု၏ တရားဝင် ကိုယ်စားလှယ် MSI မှ မန်နေဂျင်း ဒါရိုက်တာဒေါ်စုစုလှိုင်က ပြောကြားခဲ့ပါသည်။

ယခင်က မလေးရှားသို့ မြန်မာကျောင်းသားများ သွားရာတွင် ကျောင်းဝင်ခွင့်အချိန်နှင့် မကိုက်ညီပါကယခုကဲ့သို့ အလည်အပတ်ဗီဇာဖြင့် ထွက်ခွာကာ Student Pass ဖြင့် ကျောင်းလျှောက်ရန် ကြိုးစားကြပြီး ကိစ္စပြီးပြတ်မှုမရှိပါက ဗီဇာသက်တမ်းတိုးမှု ပြုလုပ်ကာ နေထိုင်ခဲ့ကြသည်။

သို့ရာတွင် အချို့သောသူများမှာ ယင်းကဲ့သို့ ကျောင်းသားဗီဇာအမှန် တကယ်ပြောင်းလျှောက်လို၍ မဟုတ်ဘဲ အလည်အပတ်ဗီဇာဖြင့် ခုတုံးလုပ်ကာ ထွက်ခွာမှုရှိလာခဲ့ခြင်းများကြောင့် ယခုကဲ့သို့ အလည်အပတ်ဗီဇာ ထပ်မံတိုးချဲ့ကာ နေထိုင်ခွင့်မပြုတော့ခြင်း ဖြစ်နိုင်ကြောင်း မလေးရှားပညာရေး နှင့် လူဝင်မှုကြီးကြပ်ရေးမူဝါဒ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့ပါ သည်။



"ကျောင်းသားဗီဇာရဖို့ ပြင်ဆင်ချိန်ကနှစ်လ၊ သုံးလကြာမြင့်တယ်။ အရင်ကတော့ ကျောင်းဖွင့်ချိန်နဲ့ကိုက်ပြီး အလျင်စလိုကျောင်းလျှောက်တဲ့သူ တွေအတွက် အဆင်ပြေနိုင်ပေမယ့် အခုတော့ မရတော့ဘူး။ အခုဒီစနစ်သစ် ပေါ်လာပြီဆိုတော့ ကျောင်းသားတွေ အနေနဲ့ ကျောင်းဖွင့်ချိန်နဲ့ကပ်ပြီး ကျောင်းလျှောက်ရင် အဆင်မပြေနိုင်ပါဘူး။ ကျောင်းလျှောက်မယ်ဆိုရင် သေချာပြင်ဆင်အချိန်ယူပြီး သွားသင့်ပါတယ်"ဟု MSI မှ ဒေါ်စုစုလှိုင်ကပင် ဆက်လက်ပြောကြားခဲ့ပါသည်။

အလည်အပတ်ဗီဇာ လျှောက်ထားသူများမှာ ပတ်စ်ပို့သက်တမ်း အနည်းဆုံးကိုးလ ကျန်ရှိရမည်ဖြစ်ပြီး အလည်အပတ်သွားလိုသည့် ရည်ရွယ်ချက်၊ လေယာဉ်လက်မှတ် အတိအကျဖော်ပြကြရကာ ဗီဇာသက်တမ်း မှာ ရက်ကိုးဆယ်အထိ အကျုံးဝင်ကြောင်း သိရှိရပါသည်။

လက်ရှိတွင်မလေးရှားသို့ မြန်မာအများစု အလုပ်အကိုင်ဖြင့် ထွက်ခွာကြပြီး Work Permit ဖြင့် အများဆုံးသွားကြပြီး ၂၀၁၀ ပြည့်နှစ်လယ်ပိုင်းမှ စတင်ကာ မလေးရှားအစိုးရ မှ နေထိုင်ခွင့်များနှင့် ပတ်သက်၍ စတင်တင်းကြပ်မှုများ ပြုလုပ်ထား ရှိခဲ့ကြောင်းလည်း သိရှိရပါသည်။

http://www.news-eleven.com

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။