Home » » ပြည်ပထွက်ခွာရန်ဆေးစစ်ရာတွင်လူစားထိုးစစ်ခြင်း များနှင့်တိကျမှုမရှိသောရလဒ်အဖြေများကြောင့်ပြည်ပ လေဆိပ်များသို့ရောက်ပြီးမှနေရပ်ပြန်ပို့ခံရမှုများ ရှိနေ

ပြည်ပထွက်ခွာရန်ဆေးစစ်ရာတွင်လူစားထိုးစစ်ခြင်း များနှင့်တိကျမှုမရှိသောရလဒ်အဖြေများကြောင့်ပြည်ပ လေဆိပ်များသို့ရောက်ပြီးမှနေရပ်ပြန်ပို့ခံရမှုများ ရှိနေ

Written By မောင်စေတနာ on Sunday, January 9, 2011 | 10:09:00 PM



ပြည်ပထွက်ခွာရန် ဆေးစစ်ရာတွင် လူစားထိုးစစ်ခြင်းများ နှင့်တိကျမှုမရှိသော ရလဒ်အဖြေများ
ကြောင့်ပြည်ပ လေဆိပ်များ သို့
ရောက်ပြီးမှ နေရပ်ပြန်ပို့ခံရမှုများ ရှိနေ

ပြည်ပထွက်ခွာရန် ဆေးစစ်ရာ၌ ရလဒ်အဖြေများ အောင်မြင်မှု မရှိသောသူများအား အေးဂျင့်များမှရလဒ် အောင်မြင်သောသူများနှင့် လဲလှယ်၍ လူစားထိုးလဲလှယ် ဆေးစစ်ခြင်းများဖြင့် ရလဒ်အဖြေများ အစားထိုး ကာပြည်ပနိုင်ငံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ခြင်းများကြောင့် ကျန်းမာရေး စစ်ဆေးမှုတင်းကြပ်သော နိုင်ငံအချို့ရှိ နိုင်ငံတကာ လေဆိပ်ကြီးများမှ နိုင်ငံသို့ပြန်ပို့ခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများနှင့် နီးစပ်သူ များက ပြောကြားခဲ့ပါသည်။

မလေးရှားသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာသွားသူများ၌ ယင်းကဲ့သို့ အေးဂျင့်များနှင့် ပူးပေါင်းကာ ဆေးကျော်၍ သွားရောက်ခြင်းများ အများဆုံးရှိခဲ့သည်ဟု သိရသည်။

"အဓိက ကိုယ်သွားမယ့်နိုင်ငံတွေမှာ ကျန်းမာရေးစစ်ချက် တင်းကြပ်မှုရှိရင် လေဆိပ်ရောက်ကတည်းက ပြန်ပို့ခံရနိုင်တယ်။ အခုလိုဆေးကျော်ပြီးသွားတဲ့သူတွေကိုလည်း ကြည့်ရင် အလုပ်အကိုင်နဲ့ သွားကြတဲ့သူတွေ များပါတယ်"ဟု မလေးရှားသို့ ပို့ဆောင်ပေးခဲ့သော အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ပြောပြခဲ့ပါသည်။

ပညာရေးဖြင့် သွားသောသူ အများစု၌ ကျန်းမာရေး စစ်ဆေးသော ဓာတ်ခွဲခန်းများ၏ အရည်အသွေးမီမှုမှာ အရေးပါပြီးယင်းကဲ့သို့ လူစားထိုး ဆေးစစ်ခြင်းများ မရှိသလောက် ရှားပါးကြောင်း သိရသည်။ သို့သော် ၂၀၀၉ ခုနှစ်က စင်ကာပူသို့ ကျောင်း သွားတက်ရန် ထွက်ခွာမည့်သူများ အနက် ကျောင်းသားတစ်ဦးမှာ အသည်းရောင်အသားဝါ ဘီပိုးရှိကာ လူစားထိုးဆေးစစ်၍ ထွက်ခွာခဲ့မှုကြောင့် စင်ကာပူလေဆိပ်ရောက်ပြီး မှ အဆိုပါလူငယ် ပြန်လာခဲ့ရသည် ဟုလည်း နိုင်ငံခြားပညာသင် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။


ထို့ပြင် တိကျသေချာသော ဓာတ်ခွဲခန်း၌စစ်၍ အောင်မြင်ပြီးမှ ပြည်ပနိုင်ငံများ၌ ဆေးပြန်စစ်သည့် အခါ ရလဒ်လွဲချော်သည့် ဖြစ်စဉ်များလည်း ရှိနေခြင်းကြောင့် ဓာတ်ခွဲခန်းရွေးချယ်ရာ၌လည်း များစွာအရေး ပါသည်ဟု တာမွေမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။

"နိုင်ငံခြားသွားဖို့ ဆေးစစ်တဲ့အခါမှာ ကိုယ်သွားမယ့်အေးဂျင့်တွေ ချိတ်ဆက်ပေးတဲ့ ဓာတ်ခွဲခန်းတွေမှာ ဆေးစစ်တာများကြပါတယ်။ ဆေးစစ်တဲ့အခါမှာလည်း ငွေကြေးကုန်ကျစရိတ်ကို တတ်နိုင်သမျှချုံ့ချင်တော့ ဈေးနှုန်းသက်သာပြီး မှန်ကန်မှု မရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ကြတယ်။ ဟိုရောက်တော့မှ မြန်မာနိုင်ငံကို ပြန်လွှတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ဒီနေ့ထိတွေ့နေရတုန်းပဲ။ တကယ်တမ်း နစ်နာရင်ကိုယ်ပါ" ဟုရန်ကုန် မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါသည်။

နိုင်ငံခြားသို့အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးဆိုင်ရာ ဆေးစစ်ကြရာတွင် HIV ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးများကို အဓိကစစ်ဆေးကြပြီး သွားရောက်မည့်နိုင်ငံနှင့် လုပ်ကိုင်မည့်အလုပ်ပေါ် မူတည်ကာ ထပ်မံစစ် ဆေးရသည့်ရောဂါများလည်း ရှိသည်။

ပြည်ပထွက်ခွာရန် ဆေးစစ်ရာ၌ ရလဒ်အဖြေများ အောင်မြင်မှု မရှိသောသူများအား အေးဂျင့်များမှရလဒ် အောင်မြင်သောသူများနှင့် လဲလှယ်၍ လူစားထိုးလဲလှယ် ဆေးစစ်ခြင်းများဖြင့် ရလဒ်အဖြေများ အစားထိုး ကာပြည်ပနိုင်ငံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ခြင်းများကြောင့် ကျန်းမာရေး စစ်ဆေးမှုတင်းကြပ်သော နိုင်ငံအချို့ရှိ နိုင်ငံတကာ လေဆိပ်ကြီးများမှ နိုင်ငံသို့ပြန်ပို့ခံရသည့် ဖြစ်စဉ်များရှိခဲ့ကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူများနှင့် နီးစပ်သူ များက ပြောကြားခဲ့ပါသည်။

မလေးရှားသို့ အလုပ်အကိုင်ဖြင့် ထွက်ခွာသွားသူများ၌ ယင်းကဲ့သို့ အေးဂျင့်များနှင့် ပူးပေါင်းကာ ဆေးကျော်၍ သွားရောက်ခြင်းများ အများဆုံးရှိခဲ့သည်ဟု သိရသည်။

"အဓိက ကိုယ်သွားမယ့်နိုင်ငံတွေမှာ ကျန်းမာရေးစစ်ချက် တင်းကြပ်မှုရှိရင် လေဆိပ်ရောက်ကတည်းက ပြန်ပို့ခံရနိုင်တယ်။ အခုလိုဆေးကျော်ပြီးသွားတဲ့သူတွေကိုလည်း ကြည့်ရင် အလုပ်အကိုင်နဲ့ သွားကြတဲ့သူတွေ များပါတယ်"ဟု မလေးရှားသို့ ပို့ဆောင်ပေးခဲ့သော အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ပြောပြခဲ့ပါသည်။

ပညာရေးဖြင့်သွားသောသူ အများစု၌ ကျန်းမာရေး စစ်ဆေးသော ဓာတ်ခွဲခန်းများ၏ အရည်အသွေးမီမှုမှာ အရေးပါပြီးယင်းကဲ့သို့ လူစားထိုး ဆေးစစ်ခြင်းများ မရှိသလောက် ရှားပါးကြောင်း သိရသည်။ သို့သော် ၂၀၀၉ ခုနှစ်က စင်ကာပူသို့ ကျောင်း သွားတက်ရန် ထွက်ခွာမည့်သူများ အနက် ကျောင်းသားတစ်ဦးမှာ အသည်းရောင်အသားဝါ ဘီပိုးရှိကာ လူစားထိုးဆေးစစ်၍ ထွက်ခွာခဲ့မှုကြောင့် စင်ကာပူလေဆိပ်ရောက်ပြီး မှ အဆိုပါလူငယ် ပြန်လာခဲ့ရသည် ဟုလည်း နိုင်ငံခြားပညာသင် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

ထို့ပြင် တိကျသေချာသော ဓာတ်ခွဲခန်း၌စစ်၍ အောင်မြင်ပြီးမှ ပြည်ပနိုင်ငံများ၌ ဆေးပြန်စစ်သည့် အခါ ရလဒ်လွဲချော်သည့် ဖြစ်စဉ်များလည်း ရှိနေခြင်းကြောင့် ဓာတ်ခွဲခန်းရွေးချယ်ရာ၌လည်း များစွာအရေး ပါသည်ဟု တာမွေမြို့နယ်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ပြောကြားခဲ့ပါသည်။

"နိုင်ငံခြားသွားဖို့ ဆေးစစ်တဲ့အခါမှာ ကိုယ်သွားမယ့်အေးဂျင့်တွေ ချိတ်ဆက်ပေးတဲ့ ဓာတ်ခွဲခန်းတွေမှာ ဆေးစစ်တာများကြပါတယ်။ ဆေးစစ်တဲ့အခါမှာလည်း ငွေကြေးကုန်ကျစရိတ်ကို တတ်နိုင်သမျှချုံ့ချင်တော့ ဈေးနှုန်းသက်သာပြီး မှန်ကန်မှု မရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ စစ်ကြတယ်။ ဟိုရောက်တော့မှ မြန်မာနိုင်ငံကို ပြန်လွှတ်ခံရတဲ့ဖြစ်စဉ်တွေလည်း ဒီနေ့ထိတွေ့နေရတုန်းပဲ။ တကယ်တမ်း နစ်နာရင်ကိုယ်ပါ" ဟုရန်ကုန် မြို့ရှိ ဓာတ်ခွဲခန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြခဲ့ပါသည်။

နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် ကျန်းမာရေးဆိုင်ရာ ဆေးစစ်ကြရာတွင် HIV ၊ အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုးများကို အဓိကစစ်ဆေးကြပြီး သွားရောက်မည့်နိုင်ငံနှင့် လုပ်ကိုင်မည့်အလုပ်ပေါ် မူတည်ကာ ထပ်မံစစ် ဆေးရသည့်ရောဂါများလည်း ရှိသည်။

http://www.news-eleven.com/

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။