Home » » မြန်မာနိုင်ငံသားလုပ်သားများစင်ကာပူအလုပ်အကိုင် ဈေးကွက်တွင်ဒေသတွင်းနိုင်ငံအချို့နှင့်ရင်ဆိုင်နေရ

မြန်မာနိုင်ငံသားလုပ်သားများစင်ကာပူအလုပ်အကိုင် ဈေးကွက်တွင်ဒေသတွင်းနိုင်ငံအချို့နှင့်ရင်ဆိုင်နေရ

Written By မောင်စေတနာ on Thursday, January 6, 2011 | 6:34:00 PM



မြန်မာနိုင်ငံသား လုပ်သားများ သွားရောက် လုပ်ကိုင်လျက်ရှိသော စင်ကာပူ အလုပ်အကိုင်များတွင် အခြား အာရှဒေသတွင်းရှိ လုပ်သားအချို့နှင့် ဈေးကွက် ပြိုင်ဆိုင် နေရသည်ဟု ပြည်ပအလုပ်အကိုင် ကျွမ်းကျင်သူများ၏ အဆိုအရ သိရသည်။

ပြည်ပ အလုပ်အကိုင် ကျွမ်းကျင်သူများ၏ အဆိုအရ မြန်မာနိုင်ငံ လုပ်သားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများမှ လုပ်သားများနှင့် အဓိက ဈေးကွက် ပြိုင်ဆိုင်နေရသည်ဟု သိရသည်။ အလုပ်ရရှိမှု ဈေးကွက် ပြိုင်ဆိုင်ရာတွင် ဘာသာစကား ကျွမ်းကျင်မှုသည် အဓိက အရေးပါပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသားများသည် စင်ကာပူနိုင်ငံတွင် အသုံးပြုလေ့ ရှိသော ဘာသာစကားမျိုး ဖြစ်သောကြောင့် တမီလ်ဘာသာ စကားကို နားလည် တတ်ကျွမ်းအောင် သင်ယူကြသောကြောင့် အလုပ်အကိုင် လုပ်ရာမှာ ပိုမိုအဆင်ပြေကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် ဈေးကွက်ရရှိမှု အတွက် အခြေခံ အင်္ဂလိပ်ဘာသာစကားကို နားလည် တတ်ကျွမ်းအောင် သေချာသင်ယူပြီးမှ သွားရောက် လုပ်ကိုင်သင့်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ “လက်ရှိ စင်ကာပူနိုင်ငံ အနေနဲ့က လုပ်သားတွေ ခေါ်ယူတဲ့အခါ စာတွေ့ လက်တွေ့ စစ်ဆေးပြီးမှ ခေါ်ကြတာ များတယ်။ ဒါအပြင် အလုပ်မ၀င်ခင်မှာ လုပ်ငန်းခွင် လုံခြုံရေးနဲ့ ပတ်သက်တဲ့ စာမေးပွဲကို အင်္ဂလိပ်လို ဖြေရတာပါ။


ဒါကြောင့် အခြေခံ အင်္ဂလိပ်ဘာသာစကားကို နားလည် တတ်ကျွမ်းအောင် သင်ထားရင်တော့ အခက်အခဲ မရှိပါဘူး”ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ စင်ကာပူနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြမည့် မြန်မာ လုပ်သားများ အနေဖြင့် အင်္ဂလိပ်ဘာသာစကား အပြင်၊ တရုတ်ဘာသာ စကားကိုလည်း အနည်းငယ် တတ်ကျွမ်းထားရန် လိုအပ်သည်ဟု ၎င်းက ထပ်မံပြောပြခဲ့သည်။

Source : Myanmar News Week

Share this article :

1 comments:

Anonymous said...

အမြဲတမ်းတော့ဖတ်ဖြစ်ပါတယ် ကွန့်မန့်ပေးလေ့မရှိပါဘူး..ဒါပေမဲ့မဟုတ်တာတွေတွေ့ရင်တော့ ၀င်ပါချင်တယ်..
အန္ဒိယနဲ့ ဘင်္ဂလားက ဘာသာ စကား အသုံးတဲ့တယ်
ဆိုတာ ရမ်းသမ်းပြောတာပါ..ကျွန်စိတ်ရှိတဲ့ ကုလားတွေက အေးဂျင့်ခ ၇၀၀၀၊၈၀၀၀ လောက်ပေးလာရတဲ့ကောင်တွေ၊ ပြီးတော့ လခက နည်း၊ အလုပ်ကို အီလေးဆွဲပြီးလုပ် အချိန်ပိုယူ၊ သူဌေးရှေ့ဆို တမျိုး ကွယ်ရာတမျိုးဆိုတဲ့ကောင်တွေ၊
အန္ဒိယကတော့ ဘင်္ဂလားထက် ဘာသာစကားသာတယ်ဆိုတာတော့ ဟုတ်တယ် သူတို့နိုင်ငံမှာကိုက ဘာသာစကားမတူတော့ အင်္ဂလိပ်လိုသုံးရတာကိုး၊ ခန့်မှန်းပြောတဲ့ သူကိုယ်တိုင် ထင်ရာလျှောက်ပြောတော့ မြန်မာက ဘင်္ဂလားနဲ့ တန်းတူကိုဖြစ်ရော၊ ဘင်္ဂလား အောက်ဆုံးအဆင့်မှာပါ။

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။