Home » » စင်ကာပူရောက် မြန်မာများ S-pass ဗီဇာရရန် ခက်ခဲလာ

စင်ကာပူရောက် မြန်မာများ S-pass ဗီဇာရရန် ခက်ခဲလာ

Written By မောင်စေတနာ on Friday, December 17, 2010 | 3:16:00 PM


photo; g o o g l e

မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံ တွင် သွားရောက်အလုပ်လုပ်ကိုင် သူများ၏ S-pass ဗီဇာဖြင့်
နေထိုင် ခွင့်ရရှိဖို့ လျှောက်ထားရာတွင် ရရှိ ရန် ခက်ခဲလာကြောင်း သိရ သည်။ S-pass ဗီ
ဇာ လျှောက်လိုလျှင် အနိမ့်ဆုံးလစာ စင်ကာပူဒေါ်လာ ၁၈ဝဝ ရရှိသူ

ပညာအရည်အချင်း ဘွဲ့ရပြီးသူ စသည့် သတ်မှတ်ချက် များ ပြည့်စုံလျှင် အဆိုပါ ဗီဇာကို
ယခင်က ချထားပေးခဲ့သော်လည်း ယခု လတ်တလောတွင် သတ်မှတ် ချက်ပြည့်စုံသူများ
ပါ ဗီဇာမရရှိဘဲ ဗီဇာလျှောက်ရာတွင် အကြိမ်ကြိမ် အပယ်ခံ နေရ ကြောင်း စင်ကာပူ
ရောက် မြန်မာအများစု၏ ပြောကြား ချက်အရ သိရသည်။

”စင်ကာပူကျောင်းက ထူးချွန် လို့ ထောက်ပံ့ကြေးပေး ကျောင်း လက်ခံပြီး ဘွဲ့ရခဲ့တဲ့
မြန်မာ ကျောင်းသားအချို့တောင်S-pass ဗီဇာ မရတာရှိလာတယ်”ဟု အိုင်တီကျောင်း
သား မြန်မာလူငယ်တစ်ဦး က ဆိုသည်။



စင်ကာပူရောက် မြန်မာများ S-pass ဗီဇာရရန် ခက်ခဲလာမှုနှင့် ပတ်သက်၍
တရားဝင်တိတိကျကျ မသိရှိသော်လည်းS-pass ဗီဇာကို စင်ကာပူရောက် တရုတ်နှင့်
အိန္ဒိယ လူမျိုးတို့ ပိုရရှိလာကြကြောင်း မြန်မာ အချို့က ၄င်းတို့၏အမြင်ကို ပြောပြသည်။

စင်ကာပူရောက် မြန်မာအများ စုသည် ကမ္ဘာ့စီးပွားရေးပျက်ကပ် ဖြစ်ပွားချိန်တွင် S-pass ၊
PR စသည့် ဗီဇာ ကိုင် ဆောင်၍ လုပ်ကိုင် သူတော်တော်များများ အလုပ်ဖြုတ် ခံခဲ့ရသည်။
ထိုအတွေ့အကြုံများ ကြောင့် စင်ကာပူတွင်S-pass ဗီဇာဖြင့် အလုပ်ရရှိရန် သတ်မှတ် နှုန်း
ထား လစာ မရရှိ သော်လည်း

S-pass ဗီဇာနှုန်းဖြင့်ရရှိကြောင်း လိမ်လည်၍ ဗီဇာတင်မှုကို လက်ခံ ခဲ့ကြသည်။
၎င်းစနစ်များ ကုမ္ပဏီ အချို့တွင် လက်ခံလုပ်ဆောင်ပေး ခဲ့ရ၍ နောက်ပိုင်း ထိုသို့မြန်မာတို့
အား နှိမ်၍ လစာဖြတ်ပေးမှုများ ရှိလာသည်ဟု မြန်မာလုပ်သားအချို့ က ပြောသည်။

”စင်ကာပူမှာ အလုပ်လာရှာ တဲ့ မြန်မာဦးရေက များလာတဲ့ အတွက် အလုပ်လိုချင်တော့
လစာ တွေကို အနိမ့်ဆုံးဖြစ်အောင် တစ် ယောက်နဲ့တစ်ယောက်အပြိုင်လျှော့ ချပြီး အလုပ်
လျှောက်လာကြတယ်။

S-pass တစ်ယောက် ပေးဆောင်ရ မယ့်အခွန်၊ နေစရိတ်တို့တွက်ပြီး သုံး ရင်တောင် ပုံမှန်
လစာက သိပ်မပို တာ။ လျှော့ပြီးရလေ မလောက်င လေဖြစ်လာကြတာပေါ့”ဟု အိုင်တီ
လုပ်သား တစ်ဦးက ရှင်းပြသည်။

ယခုနှစ်အတွင်း စင်ကာပူ ဝန်ကြီးချုပ်သည် နိုင်ငံခြားသားများ အား စင်ကာပူ
နိုင်ငံသားအဖြစ်ခံယူခွင့်ကို တိုးမြှင့်ပေးမည်ဖြစ် ကြောင်း ထုတ်ပြန်ပြောကြားခဲ့ သည်။
သို့သော်လည်း မြန်မာနိုင်ငံ သားအများစုမှာ စင်ကာပူသား တစ်ဦးနေထိုင်မှုစရိတ်နှင့်
သတ်မှတ် ချက်များကို လက်ခံရန်ခက်ခဲ လှ ၍ နိုင်ငံသားခံယူရန် နောက်တွန့်မှုရှိကြ
ကြောင်း သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။