Home » » မလေးရှား လုပ်သားဈေးကွက် အပျက်ဘက် ဦးတည်

မလေးရှား လုပ်သားဈေးကွက် အပျက်ဘက် ဦးတည်

Written By မောင်စေတနာ on Friday, December 17, 2010 | 2:56:00 PM



မလေးရှား လုပ်သားဈေးကွက် အပျက်ဘက် ဦးတည်။

မလေးရှားနိုင်ငံသို့ မြန်မာ လုပ်သားများ ပို့လွှတ်နိုင်မှု မရှိသည့်အတွက် ပြည်တွင်း
အေဂျင်စီများ၏ ရပ်တည်မှု ထိခိုက်လာပြီး ယခုကဲ့သို့ ဆက်လက်ဖြစ်နေပါက မလေး
ရှားလုပ်သားဈေးကွက် ပျက် သွားနိုင်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှ သိရသည်။

ပြည်တွင်းသို့ လုပ်သား ခေါ်ယူမှု စာရောက် ရှိရန်မှာ မလေးရှား ပြည်ထဲ ရေးဝန်ကြီး
ဌာန၏ လုပ်သားခေါ်ယူခွင့်ပြု သည့် ကေဒီအန် (KDN) ရရှိ ရန် လိုအပ်ပြီး ယင်းခွင့်ပြု
စာများ ကျမလာသည်မှာ ၄ လ နီးပါးကြာ မြင့်ခဲ့ပြီဟု ကျောက်တံ တား မြို့နယ်ရှိ အေ
ဂျင်စီတစ်ခုမှ ဒါရိုက်တာတစ်ဦး က ပြောသည်။

”အနည်းဆုံး တစ်လကို လူ ၂ဝ လောက် ပို့နိုင်မှ ကုမ္ပဏီစရိတ် ကို ထေမိရုံပဲရှိမယ်။
ခုက ၅ယောက် ပို့လိုက်၊ ၁ဝ ယောက်ပို့ လိုက်နဲ့ ကြိုကြားကြိုကြားပဲပို့ နေရတော့ ဒီ
အတိုင်းရေရှည်ဆို မလွယ်ဘူးဗျ။ မလေးရဲ့ပေါ်လစီကလည်း ခုတစ် မျိုး၊ တော်ကြာ
တစ်မျိုးနဲ့ ခန့်မှန်းရ ခက်ပါတယ်။ ဘာအကြောင်းရယ် လို့လည်း အတိအကျ မသိရဘူး
” ဟု ¤င်းကပြောသည်။


ယင်းကဲ့သို့ ကြာမြင့်နေခြင်းမှာ မလေးရှားနိုင်ငံဘက်မှ ကြန့်ကြာ နေမှုသာဖြစ်ပြီး
အခြေအနေမသိရှိ သည့် လုပ်သားများအနေဖြင့် သွား ရောက်ရန်စောင့်ဆိုင်းနေရခြင်း
အပေါ် မကျေနပ်မှုများ ဖြစ်ပေါ်လာကြောင်း သိရသည်။ ”ကျွန်တော့်ကုမ္ပဏီမှာ အရင်
တင်ထားတဲ့လူ ၃ဝဝကျော်လောက် နဲ့ ထပ်တိုး ၁ဝဝ လောက်ရှိတယ်။

အားလုံးက ဒီခေါ်စာကို စောင့်နေကြ ရတယ်။ တချို့က ဒီကု မ္ပဏီ က ကြာနေပြီဆိုပြီး
အခြားကုမ္ပဏီ ဆီသွားလုပ်ကြတယ်။ ဒါ အားလုံး ရင်ဆိုင်နေရတဲ့ ပြဿ နာလေ။ အဲဒီ
ကိစ္စကိုလည်း နယ်က ကိုယ်စားလှယ်တွေက ဖုန်းအမြဲ ဆက်ပြောနေကြ တယ်။

ဒီထက်ဆိုးတာက မလေးရှားအေဂျင်စီ တချို့ဆို လှမ်းမေးလို့မရဘူး။
ဖုန်းပိတ် ထားကြတယ်။သူတို့လည်း အခြေအနေ မသိ ဘူးလေ။ ငုတ်တုပ်ထိုင်စောင့်ရုံပေါ့”
ဟု ၄င်းက ထပ်လောင်းပြောသည်။

အောင်ခွန်းဆက်
http://popularmyanmar.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။