Home » » တိုင်းမ်မဂ္ဂဇင်းကယခုနှစ်အတွက်အထင်ရှားဆုံးပုဂ္ဂိုလ် အဖြစ် Facebook တည်ထောင်သူအား ရွေးချယ်

တိုင်းမ်မဂ္ဂဇင်းကယခုနှစ်အတွက်အထင်ရှားဆုံးပုဂ္ဂိုလ် အဖြစ် Facebook တည်ထောင်သူအား ရွေးချယ်

Written By မောင်စေတနာ on Thursday, December 16, 2010 | 9:46:00 AM

b33825တိုင်းမ်မဂ္ဂဇင်းက လူမှုဆက်ဆံရေး ကွန်ရက် ၀က်ဘ်ဆိုက် Facebook ကို တည်ထောင်သူ မာ့ခ်ဇူကာဘက် အား ယခုနှစ် အထင်ရှားဆုံးပုဂ္ဂိုလ် Person of the Year အဖြစ် ဒီဇင်ဘာလ ၁၅ ရက်နေ့က ရွေးချယ်ခဲ့သည်။


တိုင်းမ်မဂ္ဂဇင်း စာဖတ်ပရိ သတ်များက ၀ီကီလိခ်တည်ထောင်သူ ဂျူလီယန်အဆန်ဂ်အား ဂုဏ်ပြုသည့် အနေဖြင့် ရွေးချယ်ရန် တောင်းဆိုခဲ့မှုအား မဂ္ဂဇင်းက ဥပေက္ခာပြုကာ ဇူကာဘတ်ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

အသက် ၂၆ နှစ်သာ ရှိသေးသော ဇူကာဘက်သည် တိုင်းမ်မဂ္ဂဇင်း၏ အထင်အရှားဆုံး ပုဂ္ဂိုလ်အဖြစ် မျက်နှာဖုံးတွင် ဖော်ပြခံရသူများအနက် ဒုတိယ အသက်အငယ်ဆုံးပုဂ္ဂိုလ် ဖြစ်သည်။ ၁၉၂၇ ခုနှစ်က အမေရိကန် လေယာဉ်မှူး ချားလင်းဘတ်သည် တိုင်းမ်မဂ္ဂဇင်း၏ ပထမဆုံးသော အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး အသက် ၂၅ နှစ်အဖြစ် အငယ်ဆုံး ထင်ရှားသူ ဖြစ်ခဲ့သည်။ တိုင်းမ်မဂ္ဂဇင်းသည် အထင်ရှားဆုံး ပုဂ္ဂိုလ်ကို နှစ်စဉ်ရွေးချယ်ပြီး မဂ္ဂဇင်းမျက်နှာဖုံးတွင် ဖော်ပြသည်။

ဇူကာဘတ်၏ လူမှုဆက်ဆံရေး ကွန်ရက် ၀န်ဆောင်မှုသည် ''နေ့စဉ် နေထိုင်မှုဘ၀ကို ပြောင်းလဲသွားစေခဲ့ကြောင်း'' တိုင်းမ်မဂ္ဂဇင်း၏ မန်နေဂျင်းအယ်ဒီတာ ရစ်ချက်စတင်ဂယ်က ပြောကြားခဲ့သည်။

အမေရိကန်သက်တမ်းလယ် ရွေးကောက်ပွဲများတွင် ကြီးမားသည့် အပြောင်းအလဲကို ဖြစ်စေခဲ့သော ရှေးရိုးစွဲ Tea Party လှုပ်ရှားမှုက တိုင်းမ်မဂ္ဂဇင်း၏ ဒုတိယအထင်ရှားဆုံး စာရင်း ၀င်ခဲ့သည်။



ဝီကီလိခ်တည်ထောင်သူ အဆန်ဂ်မှာ တတိယနေရာ ရရှိခဲ့သည်။ Facebook က လူသန်း ၅၀၀ ကျော် အချင်းချင်း ဆက်နွယ်ဖို့အတွက်၊ သူတို့ကြားက လူမှုဆက်ဆံရေးတွေ ပုံဖော်ဖို့ အတွက်၊ သတင်းအချက်အလက်တွေ ဖလှယ်ဖို့ စနစ်သစ်တစ်ခု ဖန်တီးခဲ့တဲ့ အတွက်၊ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀ မှာ နေထိုင်မှု ပုံသဏ္ဌာန်တွေကို ပြောင်းလဲသွားစေခဲ့ပြီး ဒီနည်းလမ်းတွေက စိတ်ကူးတီထွင်မှု ဆန်းသစ်ပြီး အကောင်းတွေ ဖြစ်လာပါတယ်''ဟု တိုင်းမ်မဂ္ဂဇင်းက ကြေညာချက်တွေ ဖော်ပြခဲ့သည်။

b33824

ဟားဗက်မှ ကျောင်းထွက်ထားခဲ့ရသော ဇူကာဘက်သည် ''တီရှပ်ဝတ်ထားသော နိုင်ငံခေါင်းဆောင်'' ဖြစ်ကြောင်း စတင်ဂယ်က ပြောကြားခဲ့သည်။ အဖဂန်သမ္မတ ဟာမစ်ကာဇိုင်းနှင့် မြေအောက်တွင် ပိတ်မိခဲ့ပြီး အသက်ရှင် လွတ်မြောက်လာခဲ့သော ချီလီသတ္တုတွင်း လုပ်သားများသည် တိုင်းမ်မဂ္ဂဇင်း၏ နောက်ဆုံး ဆန်ခါတင်စာရင်း ၀င်ခဲ့သည်။

ဇူကာဘက်သည် ကမ္ဘာ့အသက် အငယ်ဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ ဖြစ်သည်။ ဇူကာဘက်နှင့် facebook ကို ပူးတွဲတည်ထောင်သူ ဒက်စတင် မိုစကိုဗစ် တို့သည် ပိုင်ဆိုင်မှု၏ ထက်ဝက်ကျော်ကို ကုသိုလ်ပြု လုပ်ငန်းများအတွက် လှူဒါန်းသွားရန် ကတိပြုထားကြသည်။ ဇူကာဘက်သည် ဒေါ်လာ ၆ ဒသမ ၉ ဘီလျံခန့် ချမ်းသာပြီး ယခုနှစ် ဖို့ဘ်မဂ္ဂဇင်း၏ အမေရိကန် အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် အဆင့် ၃၅ ရရှိထားသူ ဖြစ်သည်။


Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။