Home » » တန်းဖိုးမဲ့သော ဘဝများ ...

တန်းဖိုးမဲ့သော ဘဝများ ...

Written By မောင်စေတနာ on Thursday, December 16, 2010 | 12:36:00 PM



ခွေးထက်တန်ဖိုးမဲ့တဲ့ ....

“ဟဲ့..ခွေးကောင်..သေနာကောင်..ခွေးမျိုး..ခွေးသူခိုး” ဆိုတဲ့ ဆဲဆိုမှုတွေက
နေရာတိုင်းမှာ ကြားနိုင်ပါတယ်။ ကြားရပါများလို့ လားမသိတော့ပါဘူး ဒီလို
ဆဲဆိုသံတွေကြားရင် ... ရိုးနေသလိုလိုတောင်ဖြစ်နေပါပြီ။

ဆဲ ဒါကလဲ ခွေးကို ဆဲတာမဟုတ်ပါဘူး။ လူကိုဆဲတာပါ။ ကြားနေကြဆဲဆို
သံလေးတွေပေါ့။ ဟိုနေ့ က ခွေးကို ...“ဟဲ့ခွေး...” ဆိုပြီးအော်မိတော့ အတိတ်
ကဖြစ်ရပ်တစ်ခုက ဦးနှောက်ထဲကိုပြေးဝင်လာပါတယ်။

အတိတ်ကဖြစ်ရပ်ဆို ပေမယ့်လဲကြည်နှုးစရာမဟုတ်ပါဘူး။ မမှတ်ပဲနဲ့  အလိုလို
မှတ်မိနေတဲ့ဖြစ်ရပ်တစ်ခုပါ။ စိတ်နာလို့ လား၊ နာကျဉ်းလို့ လားကတော့ ကျနော့်
ကိုယ်ကျနော်လဲမသိပါဘူး။

တစ်နေ့ တွင်ရုံးတွင်ထိုင်၍အလုပ်လုပ်နေစဉ်အဒေါ်ကြီးတစ်ယောက်နှင့် ဦးလေး
တစ်ယောက်ရုံးသို့  မျက်နှာသုန်မှုန်ထိတ်လန့် စွာနှင့်ရောက်လာလေသည်။



ရုံးက အစ်မ များကအပြင်ထွက်ကာ..မည်သို့ ဖြစ်လာသည်ကို မေးမြန်းပြောဆိုနေပါ
သည်။ ရုံးသွင်းထိုင်နေသော ကျနော်လဲ ဖြစ်နေကြ အဖြစ်အပျက်များမို့  သတိမထား
မိပါ။

ခဏ အကြာတွင် ရုံးမှ အစ်ကို အစ်မ များအားလုံး လိုအပ်သည်များကို ယူဆောင်ကာ
ခုန ကရောက်လာသော အဒေါ်နှင့် ဦးလေးနောက်သို့ လိုက်သွားလေသည်။

ခုချိန်ထိတိုင်..ကျနော့်အတွက်ကတော့ ပုံမှန်ဖြစ်နေကြပါပဲလေ။ နှစ်နာရီ လောက်
အကြာတွင် ရုံးမအစ်မများပြန်ရောက်လာပြီး ဘာသာပြန်ရမည့် အမှုဖိုင်တွဲ ကိုပေးပါသည်။

ကျနော်။ ။ “အစ်မ ဒီနေ့ ကဘာဖြစ်တာလဲ ?”

အစ်မ။ ။ “လူသတ်မှု”

ကျနော်။ ။ “ဖြစ်ပြန်ပြီလား?”

အစ်မ။ ။ “ဒီလိုပဲပေါ့ကွာ သူများနိုင်ငံမှာနေတာ ဆိုတော့ သူတို့ လုပ်တိုင်းကိုခံနေရတာပေါ့”

ကျနော်။ ။ “ဟူး...ထိုင်းမှာအလုပ်လာလုပ်တဲ့ မြန်မာလူမျိုးတွေရဲ့ အဖြစ်က မလွယ်ပါလား။

ပုရွက်ဆိတ်ထက်တောင်လူ့ အသက်က တန်ဖိုးမဲ့နေပါလား။
ခုကဘယ်လိုဖြစ်ပြီး လူသတ်မှုဖြစ်ရတာလဲ?”

အစ်မ။ ။ “ရော့..ဒီမှာ စစ်ချက်။ မြန်မာလိုမှတ်တမ်းတင်ပြီးရင်
အင်္ဂလိပ်လိုပါ ဘာသာပြန်ထားလိုက် ”

ကျနော်။ ။ “ဟုတ်ကဲ့..ပါဗျာ ”

ကျနော်တို့ အသံက ပုံမှန်ဖြစ်နေလိမ့်မည်ဟုစာဖတ်ပရိတ်သတ်များထင်ပေလိမ့်မည်။
အမှန်မှာ ဤကဲ့သို့ သောအဖြစ်မျိုး ခဏ၊ ခဏ ကြုံတွေ့ ရသဖြင့် ရင်နာလွန်းလှကား
နာကျင်ဖို့ ရန်ပင်ရင်မကျန်တော့ပါကလား။

အမှုမှတ်တမ်းတင်ခြင်း

သေဆုံးသူအမည်။ ။ မောင်အောင်

အသက်။ ။ 28

အလုပ်အကိုင်။ ။ ခြံစောင့်

အမှုကျူးလွန်သူ။ ။ ရွာသူကြီး

နေ့ စွဲ။ ။ 2004

နေရာ။ ။ မယ်ဆောက်မြို့ 

အချိန်။ ။ နေ့ ခင်း 2 နာရီ

အမှုအကျဉ်း

မောင်အောင်သည် အလုပ်လုပ်ပြီး နေ့ လည် ၂ နာရီခန့် တွင် သူငယ်ချင်းနှင့် အရက်ဖြူသောက်ကြ
သည်။ “အရက်၁ လုံးကုန်သွားသောအခါ အခါတွင် မ၀သေးသဖြင့် နောက်ထပ် တစ်လုံးသွားဝယ်
လေသည်။ အပြန်တွင် သူကြီးခွေးက ကိုက်ရန်မန်ဖီကာ လိုက်ဆွဲသဖြင့် အနားတွင်ရှိသောသစ်ကိုင်း
ဖြင့် ရိုက်လိုက်သည်။

ထိုအချင်းအရာကိုသူကြီးတွေ့ သောအခါ သူ့ ခွေးအားရိုက်ရမည်လားဟု စိတ်တိုကာ
မောင်အောင်အားသေနတ် ဖြင့်ပစ်လိုက်လေသည်။ သူကြီးပစ်လိုက်သော သေနတ်ဒါဏ်ရာဖြင့်ပင် မောင်အောင်သည်နေရာတွင်ပွဲချင်းပြီး သေဆုံးသွားသည်။

၎င်း နောက်သူကြီး နှင့်နောက်လိုက်များသည် မောင်အောင့် သူငယ်ချင်း အား မည်သူမှ
အားမပြောရန်ရိုက်နှက်ခြိမ်း ခြောက်လေသည်။ ၄င်းနောက် ... မောင်အောင် မိဘများတွေ့
သွားသောအခါ သူကြီးကမောင်အောင်၏ စာပနာအတွက် ငွေ ၁၀၀၀၀ ပေး၏။

၎င်းနောက်မောင်အောင်၏ မိဘများအား လုပ်အားခများပင် မပေးပဲ ခြံမှမောင်းထုတ်လိုက်သည်။

ကျနော်။ ။ “ဟူး...ခွေးကိုရိုက်လို့ အသတ်ခံရတာဆိုတော့ လူ့ အသက်က ခွေးလောက်တောင်
တန်ဖိုးမရှိတော့ ဘူး လား ? ။ ”

အစ်မ။ ။ “အေး..ဒီမှာက ဒီလိုပဲ ။ နေတတ်စားတတ်မှအသက်ရှည်မှာ ”

၎င်းနောက် တွင် အဖွဲ့ အစည်းများ၏ကြိုးပမ်းမှုနှင့် မောင်အောင်၏ မိဘများနှင့် သူကြီးသည်
ရဲစခန်းတွင်သွားရောက်ညှိနှိုင်းကြသည်။ နောက်ဆုံးရလဒ်မှာ မောင်အောင်၏မိဘများသည်
သူကြီးထံမှ ငွေ 200,000 ဘတ်ဖြင့် အမှုကြေ အေးလိုက်သည်။

ထို့ နောက် မြန်မာပြည်ဖက်သို့ ပြန်သွားကြလေသည်။

အင်း ....... မြန်မာပြည်ကအတိုင်းပြောရရင်တော့ အဲလိုဆဲဆိုကြတာက နမ်နှိမ်သလိုမျိုးများဖြစ်
နေလား? ဆိုပြီးတော့ စဉ်းစားမိပါတယ်ဗျာ။ တခြားကြုံတွေ့ ရတာတွေလဲရှိပါတယ်။
စိတ်ညစ်အောင်တော့ မလုပ်လိုပါဘူး။ ဒါပေမယ့်လဲတစ်ကယ်ဖြစ်တာက ဖြစ်တာပေါ့ဗျာ။

မြို့ ကြီးတွေနဲ့ ဝေးလေ..လူမသိ..သူမသိသေသွားတဲ့လူတွေများလေပါပဲ။

မြို့ ထဲမှာဆိုရင်တော့ သိပ်မလုပ်ရဲကြဘူးလေ။ မြို့ နဲ့ ဝေးရင်တော့ ပိုက်ဆံရှိတဲ့သူတွေက
ရဲထက်အာဏာရှိပြီးလုပ် ချင်သလိုလုပ်ကြပါတယ်။ အဲ..ရဲက အာဏာရှိရင်လဲ ဘာမှသိပ်မကူနိုင်ပါဘူး။
ကိုယ်ကပဲ ပေးနေရတာ ပေါ့ဗျာ။

လမ်းကြုံလို့ ထပ်ပြောအုန်းမယ် ...

ပစ္စည်းပျောက်ခြင်း

တစ်နေ့ တစ်၌ ကျနော်သည် အိပ်ရာမှနိုးသောအခါတွင်ကျနော့်ပစ္စည်းများပျောက်သွားသဖြင့်
ရဲစခန်းသို့ တိုင်တန်း ခြင်းပြုလုပ်လေသည်။

ရဲစခန်းအရောက်တွင် လိုအပ်သည်များကို ပြုလုပ်ပါသည်။ ရဲမှ သိလိုသောအချက်အလက်များကို မေးမြန်း
စစ်ဆေးပါသည်။ မေးမြန်းစစ်ဆေးခြင်းများပြီးသွားသောအခါတွင်...

ရဲ။ ။ “အေး..ငါ့ညီ..ဒီမှာက ဒီလိုပဲ။ ပြီးရင်..ရဲကိုလဲနားလည်ရမယ်။ အမှုတွေကအများကြီးပဲကွ။ ပြန်ရမယ်
မရကတော့ မသေချာဘူး။ သူချိုးဘယ်သူမှန်းလဲမသိ..အထီး၊ အမ မှန်းမသိတော့ ခက်လိမ့်မယ်နော်”

ဟုတ်ကဲ့..ကျနော်နားလည်ပါတယ်..အဲနားလည်လိုက်ပါတယ်..ပစ္စည်းရှုံးပြီဆိုတာကို။ ထိုချိန်မှစပြီး
ခုချိန်ထိပျောက် သွားသော ပစ္စည်းများလုံးဝပြန်မရသေးပါ။ (နည်းနည်းတော့ မျှော်လင့်သေးတာပေါ့လေ)။

ဒါတွေက ကျနော့်၏ အတွေ့ အကြုံများသာဖြစ်ပါတယ်။ လူတိုင်းအတွေ့ အကြုံခြင်းမတူနိုင်ပါဘူး။

(ရှမ်းကလေး) ဘလောက်မှကူးယူဖေါ်ပြပါသည်။
saitunsein မှ ကူညီပေးပို့ပါသည်။
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။