Home » » တွေ့ရကြုံရ ဘ၀ခါးခါး များ

တွေ့ရကြုံရ ဘ၀ခါးခါး များ

Written By မောင်စေတနာ on Monday, December 20, 2010 | 2:31:00 PM



အခုတွေ့ရကြုံရ ဘ၀ခါးခါး လေးကတော့ မလေးရှားမှာ ဖြစ်ပျက်နေတဲ့ စက်ရုံက
အကြောင်းလေးပါ။ ကျွန်တော်က ၁၉.၀၆.၀၄ နေ့မှာ စင်္ကာပူ transit နဲ့ မလေးရှား
ကိုရောက်လာပါတယ်။ မလေရှား ကို ညကိုးနာရီလောက်ရောက်ပါတယ် ။

ရောက်ခါစ တစ်ယောက်ထဲဆိုတော့ ကြောက်လဲကြောက် ဘယ်သွားလို့သွားရမှန်းလဲ
မသိ ဘယ်သူမှလဲအားကိုးစရာမရှိဘူး သူဋ္ဌေးလာခေါ်မလားလို့ မျှော်ရတာအမော ဒီလိုနဲ
လေယဉ်ကွင်းမှာတစ်ညအိပ်လိုက်ပြန်ရော .......

နောက်နေ့ မနက်လဲ သူများတွေလာခေါ်သွားပြီ။ အလိုလို ကျွှန်တော့် မှာတော့ သူဋ္ဌေးတစ်
ယောက်လာခေါ်တိုင်း သွားကြည့် ရတာအမော ဒီလိုနဲ့ တနေကုန်သွားတယ်သူဋ္ဌေးလာမခေါ်
ဘူး။ ဒါနဲ့ စိတ်ပူလို့ မြန်မာပြည်က ပွဲစားဆီဖုန်းဆက်တော့ .....

သူကတော့ လာကြိုလိမ့် မယ်။ စောင့် မင်းတယောက်ထဲမဟုတ်ဘူး တခြားဘယ်နာမည်တွေ
ဘယ်သူတွေပါတယ်ဆိုပြီးပြောတယ်။ အဲဒါတွေ တွေ့ အောင် ရှာတဲ့ ရှာလဲမတွေ့ ပါဘူး .....
toilet သွားတော့ တွေ့ ပါပြီ။ ရွှေမြန်မာတွေ ရွှေတွေတွေ့ မ အားရှိသွားတယ်နောက်သူတို့ နဲ
့မိတ်ဖွဲ့တော့ .......


သူတို့ ဆိုတပတ်ကျော်ပြီတဲ့ လာမခေါ်သေးဘူးတဲ့ တစ်ည အိပ်လိုက်ပြန်ရော နောက်နေ့ 
လာခေါ်နိုးနဲ့ မျှော်ရပြန်ရော ည ၇ နာရီလောက်မှလာခေါ်ပါပြီ ကျွှန်တော်ရယ် တခြား၃ယောက်
ရယ် ရောက်ပြီး နောက်နေ့ အလုပ်ဆင်းရပါပြီ။ အဆင်ပြေပါတယ်အားလုံးစက်ရုံလဲကောင်းတယ်


ဒီလိုနဲ့ တနှစ်လဲပြည့် ရော ဆေးစစ်တော့ တစ်ယောက်ကတော့ ဆေးကျလို့တဲ့ ပြန်ပို့ လိုက်တယ်
စက်ရုံမှာက ရွှေတွေနဲ့ အ မ (ဘင်္ဂလား၊ အင်တိုနီးရှား ၊လူမျိုး) အားလုံး၁၀၀လောက်ပဲရှိတယ်။
နောက် အ.တွေ ၆ ယောက် လောက်ထားပြီး ရွှေတွေ ထပ်ခေါ်တယ်။

ပျော်စရာကောင်းတာ ထက် မြန်မာနှစ်သစ်ကူးဆို တစ်စက်ရုံလုံး တတ်နိုင်သလောက်
အကျွေးအမွေးလုပ်တယ်။ နှစ်တိုင်းပဲ ဒါကလဲ ရွှေတွေရဲ့  ကျွေးချင်မွေးချင်တဲ့ စိတ်ပဲလေ
ရွှေတွေရဲ့ စိတ်ဓါတ်တွေဘယ်လိုပဲဆိုသိသွားတာပေါ့။ ၄ နှစ်လဲပြည့် ရော lineleader ဖြစ်လာတယ်။
ကျွန်တော်အရင် အကို တယောက်ကလဲ။ lineleader ပဲ .....

ဒါကလဲ ကျွန်တော့် enginner ကောင်းလို့ ထောက်ခံ လို့ပါ။ တင်ပေးလို့ပါ။
သူကတော့ ရွှေတွေ အပေါ်တော်တော်ကောင်းတယ်။ နတွေနဲ့ ရွှေတွေဆို ရွှေပဲဦးစားပေးတယ်။
ဒီလိုနဲ့ စက်ရုံအသစ်ထပ်ချဲ့ ပြီး အသစ်မှာ ပြောင်းလိုက်ရတယ်။ အဲဒီမှာတင် စပြီ လုပ်သက်ရင့် 
မန်နေဂျာတွေက အဟောင်းမှာပဲနေ အသစ်ကတော့ တယောက်ပြီးတယောက်ပြောင်းနေတာ.
ကျွန်တော်တို့ enginnerနဲ့ မ.တွေကလဲအမြဲချိတ်နေတာ...အဓိက supervistor ပေါ့ မတဲ့ ဘူး

မ.တွေများတော့ enginner လဲထွက်သွားရော အခုကတော့ မတွေ .အ.တွေပေါင်းပြီးထောင်နေတာ
မ.ဆိုတာလဲလူပျင်းတွေလေ..အဆိုတာလဲ.စာအုပ်မရှိတဲ့ လူတွေ.စက်ရုံမှာလဲရွှေတွေသိပ်မရှိတော့ဘူး

၁၂ ယောက်လောက်ပဲရှိတယ်.တည့် လားညီလားမေးအုံး..မနာလိုတာကများနေတာ.
တယောက်ရှိတယ်။ အရမ်းဖားတယ်.သူကကျွန်တော့် ထက် ၁လစောရောက်တာ အခုချိန်ထိဘာမှမဟုတ်သေးဘူး ပဲခူးစား ဟိုနေရာဆိုလဲပါ။ ဒီနေရာဆိုလဲပါ သူတယောက်ပဲ
ဲမ.တွေနဲ့ တဲ့ တယ် ....

ကျန်တဲ့ လူတွေ မ.တွေနဲ့ ဘာလို့ မတည့် လဲမေးမယ်။ မ.တွေကလဲရွှေတွေပေါ်မကောင်းဘူး
အ တွေကို ဦးစားပေးတယ်လေ..သူတို့ မှာလူမှုရေးမရှိဘူး.ကို့ အမျိုးဆိုမှကို့ အမျိုး..စက်ရုံမှာ
၆နှစ်ရှိပြီ သူတို့ hari တန်းရား ဘာကျွေးဘူးလဲ.ကို့ ဆီက တောင်ပြန်တောင်းတယ်။

အခု ဆိုရင် အ.တွေက စိန်တောင်ခေါ်တယ်။ ရွှေတွေမိုက်တဲ့ ကောင်ထွက်ဆိုတာပဲ ....
ကြောက်လို့တော့ မဟုတ်ဘူးပေါ့ဗျာ။ နောင်ရေးကိုတွက်နေလို့ စက်ရုံမှာဖြစ်ပြီးတာနဲ့ မပြီးဘူး
တစ်ခြားကိစ္စတွေး နေရတာပေါ့ဗျာ။ အ.တွေကြားထဲ ရပ်ကွက်တခုလုံးက.အ.တွေပဲ..
နောက်သူတို့ ကအိုသမားတွေ လုပ်ပြီးထွက်ပြေးမှာ..

အဲဒါကြောင့် သည်းခံ နေရတာ။ ရွှေကလဲ မညီတော့ ပိုဆိုးတာပေါ့ .အဲဒါကြောင့် ရွှေမြန်မာတို့
ရောက်တဲ့ အရပ်မှာစည်းလုံးညီညွတ်ကြပါ။ နွားကွဲရင်...ကျားဆွဲမယ်တဲ့ ...ဘယ်သူ့ ကိုမှ ရည်
ရွယ်ပြီး ရေးတာမဟုတ်ပါ ။

ကျွန်တော်ရဲ့တွေ့ ရကြုံရတဲ့ ဟာလေး ဗဟုသုတ ရစေရန် တင်ပြလိုက်ပါသည်။

တိုင်းတစ်ပါးရောက် ရွှေမြန်မာများ
လိုရာအားလုံးပြည့် ဝပြီး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါစေ။


မုန်တိုင်း (မလေးရှား)
ဒီနေရာမှ
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။