Home » » Samsung Galaxy Tab စင်ကာပူတွင်ဝယ်ယူနိုင်ပြီ။

Samsung Galaxy Tab စင်ကာပူတွင်ဝယ်ယူနိုင်ပြီ။

Written By မောင်စေတနာ on Monday, November 29, 2010 | 4:37:00 PM



Samsung Galaxy Tab စင်ကာပူတွင်ဝယ်ယူနိုင်ပြီ။

Samsung ၏ Galaxy Tab tablet ကိုစင်ကာပူနိုင်ငံရှိ SingTel တွင်ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း
သိရသည်။ မီဒီယာလုပ်ငန်းတစ်ခု၏အဆိုအရ ၇ လက်မအရွယ် Android OS အသုံးပြုထားသည့်
ယင်း tablet ကွန်ပျူတာကို 3G Flexi Lite ၀န်ဆောင်မှုအသုံးပြုသူများအတွက် စင်ကာပူ ၅၃၈
ဒေါ်လာ မိုဘိုင်းလစဉ်ကြေးဖြင့် ရရှိနိုင်မည်ဟုသိရသည်။

User များအနေဖြင့် tablet ကို မိုဘိုင်းနှင့်အင်တာနက်ပစ္စည်းအဖြစ် အသုံးပြုလိမ့်မည်ဖြစ်ပြီး
telco ၏မိုဘိုင်း 3G လစဉ်ကြေးနှင့် broadband အစီအစဉ်များပါဝင်ကြောင်း SingTel မှပြော
ကြားခဲ့သည်။


Teleo ၀န်ဆောင်မှုမပါဝင်ဘဲ tablet ကိုဝယ်ယူမည်ဆိုပါက စင်ကာပူ ၉၉၈ ဒေါ်လာဖြင့်ရရှိနိုင်မည်
ဖြစ်သည်။ Samsung မှ စတင်ရောင်းချမည့်ရက်အတိအကျကို ပြောကြားခဲ့ခြင်းမရှိသေးသော်လည်း
၎င်း၏လက်လီအရောင်းဆိုင်များမှတစ်ဆင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

စင်ကာပူတွင် Apple iPad ကို ဇူလိုင်လကစတင်ရရှိခဲ့ပြီး ကမ္ဘာ့ tablet ဈေးကွက်၏ ၉၅
ရာခိုင်နှုန်းကို လွှမ်းမိုးထားသည်။

ရေးသားသူ - ဟေမာ
Internet Journal

Eric Kim
http://malaysiammbloggers.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။