Home » » ပြည်ပရောက် မြန်မာများ နိုင်ငံသို့ ပြန်ပို့ငွေသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ သန်း ခန့်သို့ မြင့်တက်လာသည်ဟု ....

ပြည်ပရောက် မြန်မာများ နိုင်ငံသို့ ပြန်ပို့ငွေသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ သန်း ခန့်သို့ မြင့်တက်လာသည်ဟု ....

Written By မောင်စေတနာ on Monday, November 29, 2010 | 4:56:00 PM


ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

ပြည်ပရောက် မြန်မာများ နိုင်ငံသို့ ပြန်ပို့ငွေသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ သန်းခန့်သို့ မြင့်တက်လာသည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်းယင်းပမာဏသည် ပြန်ပို့ငွေ အများဆုံး ရရှိသည့် အရှေ့အာရှနှင့်ပစိဖိတ်ဒေသထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ပါဝင်

ပြည်ပရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ သန်းခန့်သို့ မြင့်တက်လာသည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ယင်းပမာဏသည် ပြန်ပို့ငွေအများဆုံး ရရှိသည့် အရှေ့အာရှနှင့် ပစိဖိတ် ဒေသ ထိပ်တန်း ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ထို့ပြင် ပြည်ပရောက် မြန်မာများ၏ မြန်မာနိုင်ငံသို့ ၂၀၁၀ ပြည့်နှစ်အတွင်း ပြန်ပို့ငွေသည် ၁၉၈၉ ခုနှစ် နောက်ပိုင်းတွင် အများဆုံး ဖြစ်သည်ကို တွေ့ရသည်။

ယင်းကဲ့သို့ ဖြစ်ရခြင်းမှာ ပြည်ပသို့ ထွက်ခွာသွားသည့် မြန်မာဦးရေ များပြားလာသည့်အတွက် ၎င်းတို့၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေ များပြားလာခြင်း ဖြစ်ကြောင်း လေ့လာသူ တစ်ဦးက ဆိုသည်။

အကြောင်းကြောင်းကြောင့် ပြည်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား အရေအတွက်မှာ သန်းကျော် ရှိနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


''ပြည်ပရောက်နေတဲ့သူတွေရဲ့ ပြန်ပို့ငွေဟာ နိုင်ငံမှာ ကျန်ခဲ့တဲ့ သူ့မိသားစုအတွက်တော့ အဓိက၀င်ငွေ တစ်ရပ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့်လို့ တရားဝင် ငွေလွှဲခ ဈေးကြီးတာနဲ့ ဘဏ်တွေကနေ တရားဝင် ငွေလွှဲဖို့ ခက်ခဲစေတာတွေက တရားဝင် ငွေလွှဲချင်တဲ့ သူတွေအတွက် အခက်အခဲ ဖြစ်စေပါတယ်။ ဒါကြောင့် အများစုက ဟွန်ဒီလို့ ခေါ်တဲ့ informal channel တွေကို သုံးကြပါတယ်''ဟု လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ ပြည်ပရောက် မြန်မာများ၏ မြန်မာနိုင်ငံသို့ ပြန်ပို့ငွေသည် ၁၉၈၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉ သန်းခန့် ရှိခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၅၄ သန်းခန့် ရှိလာနိုင်ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ်၌ အရှေ့အာရှ နှင့် ပစိဖိတ်နိုင်ငံများတွင် မိမိနိုင်ငံသားများ၏ မိခင်နိုင်ငံသို့ ပြန်ပို့ငွေ ရရှိမှု ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ပြီး တရုတ် နိုင်ငံသည် အများဆုံးဖြင့် ပထမ ဖြစ်သည်။

နိုင်ငံသားများ၏ မိခင်နိုင်ငံသို့ ပြန်ပို့ငွေ အများဆုံး ရရှိသည့် အရှေ့အာရှနှင့်ပစိဖိတ် ၁၀ နိုင်ငံမှာ တရုတ် (အမေရိကန်ဒေါ်လာ ၅၁ ဘီလျံ)၊ ဖိလစ်ပိုင် (အမေရိကန်ဒေါ်လာ ၂၁ ဒသမ ၃ ဘီလျံ)၊ ဗီယက်နမ် (အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလျံ)၊ အင်ဒိုနီးရှား (အမေရိကန်ဒေါ်လာ ၇ ဒသမ ၁ ဘီလျံ)၊ ထိုင်း(အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံ)၊ မလေးရှား (အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ)၊ ကမ္ဘောဒီးယား (အမေရိကန် ဒေါ်လာ ၀ ဒသမ ၄ ဘီလျံ)၊ မွန်ဂိုလီးယား (အမေရိကန်ဒေါ်လာ ၀ ဒသမ ၂ ဘီလျံ)၊ မြန်မာ(အမေရိကန် ဒေါ်လာ ၁၅၄ သန်း)၊ ဆမ်မိုအာ (အမေရိကန်ဒေါ်လာ ၀ ဒသမ ၁ ဘီလျံ) တို့ ဖြစ်ကြကြောင်း ကမ္ဘာ့ဘဏ်၏ ဖော်ပြချက်အရ သိရသည်။

ပြည်ပရောက် မြန်မာများ၏ ပြန်ပို့ငွေ စာရင်း

ခုနှစ် - အမေရိကန်ဒေါ်လာ

၁၉၈၉ - သန်း

၁၉၉၀ - သန်း

၁၉၉၁ -၂ သန်း

၁၉၉၂
-
၁၉၉၃ -၂၉ သန်း

၁၉၉၄ - ၄၂ သန်း

၁၉၉၅ - ၈၁ သန်း

၁၉၉၆ - ၁၂၄ သန်း

၁၉၉၇ - ၁၄၉ သန်း

၁၉၉၈ - ၁၃၇ သန်း

၁၉၉၉ - ၁၃၆ သန်း

၂၀၀၀ - ၁၀၄ သန်း

၂၀၀၁ - ၁၁၇ သန်း

၂၀၀၂ - ၁၀၆ သန်း

၂၀၀၃ - ၈၅ သန်း

၂၀၀၄ - ၁၁၈ သန်း

၂၀၀၅ - ၁၃၁ သန်း

၂၀၀၆ - ၁၁၆ သန်း

၂၀၀၇ - ၁၂၅ သန်း

၂၀၀၈ - ၁၅၀ သန်း

၂၀၀၉ - ၁၃၇ သန်း

၂၀၁၀ - ၁၅၄ သန်း

Ref: world bank

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။