Home » » ဘန်ကောက် မဟာချိုင်အနီး ကားတစီးမှောက် ၁၀ ဦးခန့် ဒဏ်ရာပြင်းထန် ...

ဘန်ကောက် မဟာချိုင်အနီး ကားတစီးမှောက် ၁၀ ဦးခန့် ဒဏ်ရာပြင်းထန် ...

Written By မောင်စေတနာ on Thursday, October 7, 2010 | 8:41:00 PM

ဘစောတင်
Thursday, October 07, 2010

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဘန်ကောက် မြို့သို့လာသော မြန်မာနိုင်ငံသား ၄၀ ခန့် တင်ဆောင်လာသည့် ကားတစီး ယနေ့ နံနက်ပိုင်းက မဟာချိုင်မြို့အနီး မဲ့ကလောင် မြို့နယ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားရာ ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။

ယခုတိမ်းမှောက်သည့် ကားမှာ ရနောင်းတွင် ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပြီး ပြန်လာသည့် ကား ၃ စီးထဲမှ တစီး ဖြစ်ကြောင်း၊ ကားပေါ်ပါလာသူများမှာ မြန်မာနိုင်ငံတ၀န်းမှ ထိုင်းနိုင်ငံတွင် လာရောက် အလုပ်လုပ်သူများဖြစ်ကြောင်း မမှောက်သည့် ကားတစီးတွင် လိုက်ပါလာသော ဦးမြင့်သိန်း ဆိုသူက ပြောပြသည်။

“ကားက ဘာကိုမှ ၀င်တိုက်တာမှမဟုတ်ဘဲ၊ လမ်းလယ်က ရေမြောင်းထဲကို ထိုးကျတာဆိုတော့ ကားသမား အိပ်ငိုက် လို့ ဖြစ်မယ်ထင်တယ်၊ ကားပေါ်မှာ မွန်၊ တောင်ကြီး ရှမ်း၊ ကရင်၊ ဗမာ အစုံပါတယ်၊ ကျနော်တို့ သုံးစီးထဲက တစီး မှောက်တာ”ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရသူများကို မဲ့ကလောင်မြို့အမှတ် (၂) ဆေးရုံတွင် ပို့ဆောင် ကုသထားကြောင်း သိရသည်။



ကားမှောက်ရာတွင် ပါဝင်သူတဦးဖြစ်သည့် ကိုနပ်(ခေါ်) ကိုအောင်နိုင်ဝင်း၏ အစ်ကို ဖြစ်သူ ကိုအောင်လှိုင်ဝင်းက လည်း“ကျနော့်ညီ လက်နဲ့ မျက်နှာမှာ ဒဏ်ရာတွေ ရတယ်၊ မဲ့ကလောင်ဆေးရုံမှာ တင်ထားရတယ်၊ ကားပေါ်မှာပါလာ တဲ့ လူ အားလုံးပဲ၊ ခေါင်းကွဲတဲ့သူနဲ့ ပေါက်ပြဲတဲ့လူနဲ့၊ ကားက အရှိန်နဲ့ မှောက်တာဆိုတော့ ဒဏ်ရာပြင်းတာနဲ့ မပြင်းတာ ဘဲ ကွာတယ်”ဟု ပြောပြသည်။

တိမ်းမှောက်သည့်ကားမှာ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် အကျိုးဆောင်ပေးသည့် Nitipon ကုမ္ပဏီမှ ကား ဖြစ်ကြောင်း ယင်းကုမ္ပဏီနှင့် ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လိုများကြား ဆက်သွယ်ပေးသည့် ကိုအနိုင်က ပြော သည်။

“ကားမှောက်ရာမှာ ပါတဲ့လူ အများစုကတော့ ကျိုက်မရောမြို့နယ်က မွန်လူမျိုးတွေ များတယ်၊ Nitipon ကုမ္ပဏီ က ကားမှောက်တာပါ”ဟု ၎င်းက ဆိုသည်။

Nitipon ကုမ္ပဏီသည် ရနောင်းမြို့တွင် အခြေစိုက်ပြီး မဟာချိုင်၌ ရုံးခွဲထားရှိကာ မြန်မာ အလုပ်သမားများ ယာာယီ နိုင်ငံကူး လက်မှတ်ပြုလုပ်ရာတွင် အကျိုးဆောင်ပေးသည့် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။