Home » » မလေးရှား ရောက် သားကောင်များ ......

မလေးရှား ရောက် သားကောင်များ ......

Written By မောင်စေတနာ on Friday, October 29, 2010 | 2:55:00 PM



ကျွန်တော်ပြောချင်နေတာတော့ကြာပါပီ…. အခြေအနေတွေအရမ်းမဆိုး
သေးလို့မပြောဖြစ်ခဲ့ပါဘူး… အခုတော့ ပြောမှရတော့မယ့် အခြေအနေမို့
ပြောရပါတော့မယ်။

ကျွန်တော်တို့ မလေးရှားမှာ မိန်းကလေးတော်တော်များများ ဒုက္ခရောက်
နေကြပါတယ်။ မိန်းကလေး များတင်တော့မဟုတ်ပါဘူး။ ယောက်ျားလေး
တွေလည်း ဒုက္ခရောက်နေသူတွေတစ်ပုံတစ်ပင် ရှိပါတယ်။

ဒါပေမယ့် ယောက်ျားလေး တွေက ဒေါင်ကျကျပြားပြား ကျကျနေနိုင်တဲ့
အတွက် မိန်းကလေးတွေ ကိုသာဦးစားပေး ရေးရခြင်းဖြစ်ပါတယ်။ အခု
မလေးရှားနိုင်ငံ ရဲ့စီးပွားရေးဟာ အောက်ကိုထိုးစိုက်ကျနေပြီဖြစ်ပါသည်။

ကုန်ဈေးနှုန်းတွေတက်ကာ လုပ်ငန်းများ မလည်ပတ်နိုင်တော့သည့်အတွက်
ပိတ်လိုက်ရတဲ့ စက်ရုံတစ်ရာကျော်သွားပါပြီ။ စက်ရုံတွေ ပိတ်လိုက်ရသဖြင့်
ပြန်ရတဲ့ ညီအကို မောင်နှမတွေတော်တော်များနေပါသည်။ မြန်မာနိုင်ငံက
ညီအကိုမောင်နှမတွေကို ဒီကကြောင်းတွေကို သိစေချင်ပါသည်။



ဒါမှနောက်ထပ်လာမည့် အမျိုးကောင်းသမီးလေးများကို တားဆီးနိုင်မှာဖြစ်
ပါသည်။ဒီမှာရောက်နေကြတဲ့ မိန်းကလေးအတော်များများဟာ အလုပ်ကိစ္စ
ရော လစာပါလုံးဝ(လုံးဝ) အဆင်မပြေကြပါဘူး။

မြန်မာနိုင်ငံက စီးပွားရေးအခြေအနေကြောင့် ဒီကိုအားကိုးတကြီးလာခဲ့ကြပေ
မယ့် ဖွတ်ထွက်မှ တောင်ပို့မှန်းသိဆို သလိုဒီရောက်လာမှ ဒုက္ခအကြီးအကျယ်
ရောက်ကြရတော့တာပါပဲ။

မြန်မာပြည်ကအေးဂျင့်တွေက လစာဘယ် လောက်ရမယ် overtime ဘယ်နှနာ
ရီရှိ တယ်ဆိုပြီး ပြောသမျှကို အဟုတ်ထင်ပြီး အထင်ကြီးလာခဲ့သမျှဟာဒီရောက်
မှ အေးဂျင့်တွေရဲ့ အပြော ဟာ လိမ်ညာမှု့တွေပဲလို့သိရပေမယ့်ဘာမှမတတ်နိုင်
တော့ပါဘူး။

ဒီဘက်ကအေးဂျင့်တွေ ပြုသမျှမှာ နုရတော့တာပါပဲ။ မြန်မာပြည်ကအေးဂျင့်တွေ
ကပိုက်ဆံရရင်ပြီးရောဆိုပြီး လွှတ်တယ်၊ ဒီကအေးဂျင့်တွေကလည်း ပိုက်ဆံရမှာ
မို့ ခေါ်ပါတယ် သူတို့တွေရဲ့ လောဘကြားမှာသားကောင်ဖြစ်သွားရတာ ကျွန်တော်
တို့မြန်မာ မိန်းကလေး တွေပါ။

မြန်မာပြည် ကနေအလုပ်ကောင်း တယ်ဆိုပြီးလာပေမယ့် မလေးရှားကိုရောက်လို့
တစ်လလောက်ကြာပေမယ့် ဘာအလုပ်မှမရသေးတဲ့ အမျိုးသမီးတွေအများကြီးပါ။
Free Calling တွေနဲ့လာကြပေမယ့် ပတ်စပို့ကို အေးဂျင့်တွေကပဲသိမ်းထားကြပါတယ်။

အလုပ်ကိုလည်းရရင်ပြီးရော ဆိုတဲ့ သဘော ထားနဲ့ ရရာအလုပ်မှာ ၀င်လုပ်စေပါ
တယ်။ပြီးတော့ရတဲ့လခထဲကနေပြီးတော့ ဖြတ်တောက်ယူငင်သေးပါတယ်။ ကိုယ့်
ရဲ့ အခက်အခဲကိုပြန်လည်ပြောဆိုဖို့ ကလည်း ဘာသာစကားအခက်အခဲ၊ မိန်းက
လေးဖြစ်၍အားငယ်တတ်ခြင်းစတာတွေကြောင့် လုပ်သမျှ မတရားပေမယ့် ငြိမ်
ကြည့်နေရပါတယ်။

မြန်မာပြည်ကလာတဲ့ အကြွေးမကြေမှာ စိုးရိမ်တာကတစ်မျိုး၊ ဒီမှာအလုပ်မကောင်း
လို့စိတ် ပျက်အားငယ်တာကတစ်မျိုးနဲ့ သူတို့တွေရဲ့ ထွက်ပေါက်ကဘာဖြစ်မယ်လို့
ထင်ပါသလဲ။ စဉ်းစားကြည့်ပါ။

ပထမစက်ရုံမှာ အလုပ် ကောင်းကြသူတွေရှိပေမယ့် စက်ရုံပိတ်သွားကြတော့
နောက်ဆုံးအေးဂျင့်ဆီမှာပဲ ပြန်ပြီးသောင်တင်တာပါပဲ။ အေးဂျင့်တွေကလည်း
အလုပ်အလွယ်တကူရရှိတဲ့ စားသောက်ဆိုင်၊ သန့်ရှင်းရေးအလုပ်တွေမှာ ထည့်
ပေးကြပါတယ်။

နောက်ပြီးဒီအလုပ်တွေက အာမခံချက်လည်းလုံးဝမရှိဘူး။ဘယ်နေရာမှာလို့လည်း
သေသေ ချာချာ ရေရေ ရာရာ မရှိဘူး။ ဒီနေရာပြီးနောက်တစ်နေရာ၊ နောက်တစ်
နေရာ ပြီး နောက်ထပ်တစ်နေရာ သူတို့စိတ်ကြိုက်သာလျှောက်ပြောင်းတော့တာ။

လစာကလည်းသူတို့ပေးသမျှပဲ ယူကြရပြီး အလုပ်က လည်းပင်ပန်းတော့ over stay
ရှောင်သွားတဲ့သူတွေလည်း အများအပြားပေါ့။ Over stayရှောင်သွားတဲ့မိန်းကလေး
တွေရဲ့ အကြီး မားဆုံးအန္တရာယ်က မလေးရှားကရဲတွေရဲ့ အန္တရာယ်ပဲ။

စနေ တနင်္ဂနွေနေ့တိုင်း ကွာလာလန်ပူမှာ အဖွဲ့အစည်းတွေနဲ့ ရဲနဲ့ပူးပေါင်း ပြီး
over stay တွေကို ဖမ်းပါတယ်။ ဖမ်းမိသမျှတွေကို ထိုင်းသင်္ဘောတွေဆီကို
ရောင်းစားပါတယ်။ ထိုင်းနိုင်ငံကိုပို့ပြီး အခိုင်းအစေ အလုပ်တွေကို လုပ်စေပါ
တယ်။ ဖမ်းမိပြီးနောက်မှာ လုံးဝအစအနပျောက်သွားတဲ့သူတွေအများအပြားပါ။

မလေးရှားအစိုးရက ဖမ်းမိရင်ပြန်ပို့တယ်လို့ ပြောပေမယ့် တကယ်တော့မဟုတ်ခဲ့
ပါဘူး။ နောက်ပြီးအခုနောက်ပိုင်းမှာ စီမံချက်တွေနဲ့ နေရာတိုင်းမှာ over stay သ
မားများကို လိုက်လံဖမ်းဆီးနေပါတယ်။ ဒါကြောင့် over stay လုပ်ဖို့ဆိုတာ မိန်းက
လေးတွေအတွက် မိုက်မဲတဲ့ရွေးချယ်မှု့ပဲဖြစ်ပါတယ်။

နောက်အန္တရာယ်တစ်ခုက မလေးရှားနိုင်ငံထဲမှာနေထိုင်ကြတဲ့ ကုလားတွေရဲ့
အန္တရာယ်ပါပဲ။ မလေးရှားနိုင်ငံ ဟာ စာရိတ္တနဲ့ပါတ်သက်ပြီး လုံးဝချို့ယွင်းတဲ့နိုင်ငံ
ဖြစ်ပါတယ်။ ကိုယ်ကြိုက်ရင်ကြိုက်သလောက်မိန်းမယူခွင့်ရှိပါတယ်။ ယောကျာ်း
တွေကလည်းဖောက်ပြန် မိန်းမတွေကလည်းဖောက်ပြန်မွေးလာတဲ့ သားသမီးတွေ
ကလည်း မိဘကိုမိဘမှန်းမသိနဲ့ ၊၊

တစ်လင် တစ်မယားစနစ်ကိုကျင့်သုံးတဲ့ မြန်မာနိုင်ငံနဲ့ စာရိတ္တပိုင်းမှာ ဘယ်လိုမှ
ယှဉ်လို့ရမှာမဟုတ်ပါဘူး။ မလေးရှားမှာနေထိုင်တဲ့ ကုလားတွေက ဂိုဏ်းတွေဖွဲ့
စည်းထားပြီး စိတ်မထင်ရင်မထင်သလို ရန်ရှာလူသတ်တတ်ပါတယ်။မလေးရှား
ရဲ အဖွဲ့ကလည်း မသိချင်ယောင်ဆောင်နေ ရတာပါ။ ဒါကြောင့်ကုလားတွေဟာ
လုပ်ချင်တိုင်းလုပ်နေတော့တာပါပဲ။

ပစ္စည်းလုတယ် ရန်ရှာတယ် ပိုက်ဆံ တောင်းတယ်။ မိန်းကလေးများဆိုရင် ပိုပြီး
အန္တရာယ်များပါတယ်။ ချောင်ကျတဲ့ အရပ်တွေမှာဆိုရင် အိမ်ထဲ အထိအောင်ဝင်
ပါတယ်။ နောက်ထပ်အကြီးမားဆုံးအန္တရာယ်ကတော့ မြန်မာယောက်ျားလေးတွေ
ရဲ့ အန္တရာယ်ပါပဲ။ ရေနစ်သူတွေကိုဝါးကူထိုး သူများဖြစ်ပါတယ်။

မြန်မာမိန်းကလေးများ အသစ်ရောက်တယ်ဆိုရင်ကူညီချင်သူတွေက အများကြီးပါ။
ဘာမှအားငယ်စရာ မရှိလောက်အောင်ကို talking တွေနဲ့ကူညီကြတာပါ။ ဖုန်းနံပါတ်
ကိုသာပေးမိရင်တော့ ဒီမိန်းကလေး သွားပြီပဲ။ ညသန်းခေါင်အထိအိပ်လို့မရဘူးဖြစ်
သွားမယ် ဖုန်းကအချိန်ပြည့် တစ်တီတီမြည်ပြီးတော့ ကိုခေါ်နေတော့တာ။

ခေါ်တဲ့သူက အရက်မူးနေရင်ပိုပြီးဆိုးပြီသာ မှတ်တော့။ ဒီမှာရောက် နေတဲ့မိန်း
ကလေးတွေကစဉ်းစားရင်စဉ်းစားမိလိမ့်မယ်။ မလေးရှားလာမိတာအရမ်းစန်းပွင့်
တာပဲလို့။ ဒါဟာစန်းပွင့်တာမဟုတ်ပါဘူး ဘ၀တစ်ခုလုံးပွင့် လန်ထွက်သွားဖို့
အတွက်အစလမ်းပါ။

မလေးရှားမှာရောက်နေကြတဲ့ ယောက်ျားလေးတွေမှာ လူပျိုလူလွတ်တွေပါ သလို
မြန်မာပြည်မှာမိန်းမနဲ့ကလေးတွေကျန်ခဲ့သူ လည်းအများအပြားပေါ့။ မိန်းမတွေအ
ကြောင်းကိုနောကျေတာအိမ်ထောင်ရှိတဲ့ ယောက်ျားများပဲဖြစ်ပါတယ်။ နောက်ပြီး
မိန်းမတွေနဲ့ ခွဲနေရတာ နှစ်ချီနေပြီဆိုတော့ စဉ်းစားသာကြည့်ကြပါတော့ဗျာ။

နောက်ပြီး စည်းလွတ်ဘောင်လွတ်ပျော်လို့ရတဲ့ နေရာဆိုတော့ စိတ်သွားရင်ကိုယ်
ပါတယ်။ အရက်သေစာ လောင်းကစား မိန်းမ ဆေးဝါး လိုချင် တာအားလုံးရနိုင်တဲ့
နေရာဆိုတော့စိတ်မနိုင်တဲ့သူတွေဆိုရင် အရက်ပုလင်း ဘီယာပုလင်းတွေထဲကနေ
မတက်နိုင်ကြတော့ဘူး။

မိန်းမလိုက်စားသူတော်တော် များများကလည်း လူအိုတွေပဲများပါတယ်။ ရောက်လာ
ကြတဲ့ မိန်းကလေးတွေက ကိုယ့်ကိုကိုယ်စန်းပွင့်လှပြီဆိုပြီး ဘ၀င်မြင့်နေကြလိမ့်မယ်။
ဖုန်းပေးမယ် အ၀တ်အစားလည်းဝယ်ပေးမယ် အိမ်ကိုလည်းငွေလွှဲပေးမယ်ဆိုရင်နောက်
ကြောင်းကိုမသိပဲနဲ့ ဘ၀ကိုပုံအပ်လိုက်ကြတာပဲ။

မြန်မာပြည်မှာရှိနေတဲ့ မိန်းမဆီမှစာလာမှ အရှက်တကွဲအကျိုးတနည်းနဲ့ နောက်
ပြန်ဆုတ်လို့လည်းမရတော့ဘူး။ ရပြီးသားလူတွေကလည်းလက်လွှတ်မပေးတော့
ဘူး။ အစားထိုးတွေလေ သိတယ်မဟုတ်လား။

ကျွန်တော့်မျက်စိရှေ့ မှာပဲကလေးနှစ်ယောက်အဖေတွေ ကလေးသုံးယောက်
အဖေတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကောင်မလေး တွေကိုတွေ့နေရတော့ သူတို့
တော့ဘယ်လိုခံစားရမလဲတော့မသိဘူး ကျွန်တော်ကတော့ သူတို့တွေအစား သူတို့
မိဘမောင်ဖွားတွေ အစားရင်နာတယ်။

ဒီမှာရောက်နေကြတဲ့ မိန်းကလေးတော်တော်များများဟာ အရက်သမားတွေနဲ့ဖြစ်ကြ
တယ်။ ခြောက်ဆယ်ရာခိုင် နှုန်းက လူအိုတွေ နဲ့ဖြစ်ကြှတယ် နှစ်ဆယ်ရာခိုင်နှုန်းက
လူပျိုတွေနဲ့ဖြစ်ပြီး ကျန်တဲ့နှစ်ဆယ်ရာခိုင်နှုန်းက လူမျိုးခြားအပေအတေတွေနဲ့ ဖြစ်
ကြတယ်။

အခုဆိုရင်သွားလေရာနေရာတိုင်းမှာ မြန်မာအတွဲတွေ ပလုံစီနေပြီ။ ဗီဒီယိုတွေ ဗီစီဒီ
တွေလည်း ထွက်လာကြပြီ။ ဗီစီဒီတွေ ဆိုတာမြန်မာနော်မြန်မာဆိုပြီးတော့ကို အော်
ရောင်းနေတာ။ ကောင်းတာတွေတော့မဟုတ်ဘူး။စက်ရုံမှာ လူမျိုးခြားတွေက မြန်မာ
မတွေဘယ်လောက်နဲ့ ခေါ်လို့ရတယ်ဆိုရင် လက်သီးနဲ့အချက်ပေါင်းမြားစွာထိုးပစ်ချင်
လောက်အောင် အသည်းနာတယ်။

ဒီကိုရောက်လာပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့သူတွေ ရှားပါတယ်။
ထိန်းသိမ်းနိုင်တဲ့သူမရှိဘူးမဟုတ်ပါဘူး။ ရှိပါတယ်။ ဒါပေမယ့် အယောက်တစ်ရာ
မှာ တစ်ယောက်ပါ။ အဲသည် တစ်ယောက်ဟာလည်း အရမ်းဝနေ၍သော်လည်း
ကောင်း၊ ရုပ်ဆိုးနေ၍ သော်လည်းကောင်း ယောက်ျားလေးစိတ်ဓါတ်ပေါက်နေ၍
သော်လည်းကောင်း အဲသည်အထဲက တစ်ခုခုဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ။ အိနြေ္ဒသိက္ခာနဲ့ စာရိတ္တကို အလေးထားတဲ့
လူမျိုးပါ။ အသက်ထက်အရှက်ကို ဦးစားပေး တယ်ဆိုတာ မြန်မာလူမျိုးတွေအတွက်ပါ။
တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့ ခင်ဗျားတို့ နှမတွေကို စောင့်ရှောင့်မယ့်
သူ တွေထက် ချောက်ချဖို့ချောင်းနေတဲ့သူတွေအမြားအပြားပါ။

ဒါကြောင့် နောက်ထပ်လာမဲ့ မြန်မာအမျိုးသမီးများရှိရင် သေချာစုံစမ်း လေ့လာပြီးမှ
လာပါလို့ပြောချင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေထဲမှာ လာမဲ့သူရှိကြရင်လည်း
တားဆီးပေးကြပါ။ အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာအားလုံးဟာအားလုံး
အမှန်တွေချည်းပါ။

ကျွန်တော်ပြောတာတွေဟုတ်မဟုတ်ကို မလေးရှားမှာရောက်နေတဲ့ အချောင်နှိုက်
စားနေတဲ့သူတွေကလွဲရင် ဘယ်သူ့ကိုမဆိုမေးမြန်းနိုင်ပါတယ်။

ညီအကို မောင်နှမစိတ်ဓါတ် ဖြင့် သတိပေးရေးသားခြင်းဖြစ်ပါတယ်။

ဂင်္ဂါ
http://eainlwanthu.ning.com/ မှပြန်လည် ကူးယူဖော်ပြ ပါသည်။
Share this article :

3 comments:

ငွေလမင်း said...

ဒီလိုဆိုရင် မြန်မာမိန်းကလေးတွေ ဘ၀ သနားစရာကောင်းပါလား မလေးရှားကို အလည်လာရမှာတောင် ကြောက်တယ်

သော်ဇင်စိုး said...

ညီရေ.. မုန်းတိုင်းတစ်ခုက လွင့်စင်ပီးလို့ ကျန်ရစ်တဲ့ ကပ်တွေလေ.. သူတို့ နိုင်ငံသားတွေ Living together တွေဘာတွေနေတာက ပညာဥာဏ်နဲ့ ချင့်ချိန်ပြီး နေကြတာ.. ဒါတွေကို ဗမာတွေက အားကျနေတာလား.. ဇီဝ ခန္ဓာကိုယ်မို့လို့ပဲ ဆန့်ကျင်ဖက်လိင်ကို တမ်းတတဲ့ စိတ်ရိုးရိုးလေးပဲလား.. ဘာမှကို သေချာနားမလည်တော့ဘူး..

မိုးယံ said...

မြင်ရတွေ့ရ မျက်စိရှေ့မှာမို့ စိတ်ဆင်းရဲတယ်။ ခပ်လန် လန် မိန်းမတွေ ပလီပလာ ပျီတီတီ ကော့လန်ယက်ကန် စာရိတ္တယွင်း အကျင့်ယိုဆင်း တဲ့ မိန်းမပေါင်းသောင်းခြောက်ထောင် မလေးမှာရှိတယ်။

ထိန်းသိမ်းနိုင်တဲ့ မိန်းကလေးတွေ ရှိပါတယ်။ ရှားတယ်

ခက်တာက ကိုယ်နဲ့ ဘာမှ မဆိုင်တော့ ၀င်ပြောလို့ကို မရဘူး။ ၀ံသာနု တို့ အမျိုးသားရေးတို့ နှလုံးသွင်းပြီး သွားဖျောင်ဖျ ကြည့်ပါတယ်။ သူ့ လင် ကုလားနဲ့ တိုက်ပြီး ရိုက်ခိုင်းလို့ နောက်ဆို သူ့ဟာနဲ့ သူ သူ့ဘာသာသာ သူ ဆိုပြီး ကြည့်နေလိုက်တယ် ။ အေးရော

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။