Home » » Facebook အသုံးပြုသူ လူငယ်များ ....

Facebook အသုံးပြုသူ လူငယ်များ ....

Written By မောင်စေတနာ on Saturday, September 4, 2010 | 10:02:00 PM



Facebook အသုံးပြုသူလူငယ်များ Professional ဓာတ်ပုံဆရာများဖြင့်
အလှဓာတ်ပုံများရိုက်၍ Facebook ပေါ်တင်ခြင်း များပြားလာကြောင်း သိရ

Facebook အသုံးပြုသူ လူငယ်များတွင် Professional ဓာတ်ပုံဆရာများဖြင့် အလှဓာတ်ပုံများရိုက်၍ Facebook ပေါ်တင်သူများ များပြားလာကြောင်း Facebook အသုံးပြုသူများ၏ ပြောကြားချက်အရ သိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံ၌ Facebook အသုံးပြုသူ အရေအတွက် များပြားလာပြီး Facebook ပေါ်သို့တင်ရန် အပျော်တမ်း ဓာတ်ပုံရိုက် ခြင်းများ၊ အမှတ်တရ ဓာတ်ပုံရိုက် ခြင်းများ၊ အထိမ်းအမှတ်ပွဲ ဓာတ်ပုံရိုက်ခြင်းများ၊ ခရီးသွားမှတ်တမ်း ဓာတ်ပုံရိုက်ခြင်းများ ရှိလာပြီးနောက်ပိုင်းတွင် အလှဓာတ်ပုံများအား Pro ဓာတ်ပုံဆရာများဖြင့် နောက်ခံရှုခင်း အလှအပများဖြင့်ရွေးချယ်ရိုက်ကူး ၍ Facebook ပေါ်သို့ တင်လာကြကြောင်း သိရှိရသည်။

'မော်လ်ဒယ်တွေအပြင် အသိ သူငယ်ချင်းတွေက အလှဓာတ်ပုံတွေ ရိုက်ချင်လို့ ဆက်သွယ်တာတွေ ရှိတယ်။ ကျွန်တော်အဓိက ရိုက်တာက တရုတ်(တိုင်ပေ) မှာရှိတဲ့ Studio မှာ ရိုက်တာပါ။ ဟိုမှာရိုက်တာက အသက် ၁၅ နှစ် ကျောင်းသူအရွယ် တွေ ကနေ ၂၅ နှစ်အရွယ် အမျိုးသမီးတွေအထိ အလှဓာတ်ပုံရိုက်ကြတယ်။ သူတို့ကို ရိုက်ရတာအရမ်း အဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်(တိုင်ပေ)မှာက ဘယ်နေရာမှာဖြစ်ဖြစ် နောက်ခံရှုခင်းက လှတဲ့ အတွက် ရွေးချယ်စရာသိပ်မလိုဘူး။ ပြီးတော့ သူတို့ရဲ့ဝတ်ပုံစားပုံ၊ အမူအရာတွေက ကျွန်တော်သင်ပေးစရာ ကို မလိုဘူး။


ကျွန်တော်တစ်ပုံရိုက်ပြီးတာနဲ့ နောက်တစ်ပုံအတွက် အမူအရာက လုပ်ပြီးသား ဒီ(ရန်ကုန်)မှာ ရိုက်ရတဲ့ မိန်းကလေးတွေဆိုရင် ဓာတ်ပုံမရိုက်ခင် အရင်ဆုံးသူတို့နဲ့ကြိုတွေ့ ပြီး အ၀တ်အစားအရောင် လိုက်ဖက်မယ့် ဆံပင်ပုံစံအပြင် နောက်ခံရှုခင်းလည်း ရွေးချယ်ရတဲ့အတွက် ဘယ်မှာရိုက်မလဲဆိုတာ တိုင်ပင်ရပါတယ်။ တကယ်ရိုက်ပြီ ဆိုရင်လည်း သူတို့ရဲ့ အမူအရာ အနေအထားတွေကို ကိုယ်တိုင်သရုပ်ပြရတယ်။ ဒါတောင် မရသေးဘူးဆိုရင် ရိုက်ပြီးသားဓာတ်ပုံ အယ်လ်ဘမ်ကိုပြပြီး အမူအရာလုပ်ခိုင်းပါတယ်'ဟု ဓာတ်ပုံပညာရှင် Hak Lewislin မှသူ၏အတွေ့အ ကြုံများကို ရှင်းပြခဲ့သည်။

ရန်ကုန်မြို့တွင် အလှဓာတ်ပုံ အဓိကရိုက်သည့် နေရာများမှာ ကန်တော်ကြီးဥယျာဉ်၊ စိမ်းလန်းစိုပြေ၊ ထောက်ကြန့်စစ်သင်္ချိုင်း၊ တိုင်းရင်းသားကျေးရွာ၊ အင်းလျားကန်ပေါင် နှင့် အခြားရှုခင်းလှပသည့် နေရာများတွင်လည်း ရွေးချယ်ရိုက်ယူမှုများ ရှိလာကြောင်း သိရသည်။

" ဒီကလူတွေ အများစုက Facebook မှာတင်ထားတဲ့ ကျွန်တော် ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အလှဓာတ်ပုံရိုက်ဖို့ ကျွန်တော့ဆီ ဆက်သွယ်ကြတာ များပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံကို ပြန်လာ တာ၃လလောက်ပဲ ရှိပါသေးတယ်။ ဒီက မော်လ်ဒယ် တော်တော်များများ ကိုလည်းရိုက်ပြီးပြီ၊ အသိသူငယ်ချင်းတွေကိုလည်း အလှဓာတ်ပုံတွေ ရိုက်ပြီးပြီ။ များသောအားဖြင့် မိန်းကလေးတွေကို ရိုက်တယ်။ ကျွန်တော်ရိုက်တဲ့ နေရာတွေကလည်း သူများနဲ့မတူတဲ့ နေရာတွေရွေးပြီး ရိုက်တာပါ။ မော်လ်ဒယ် Arial သုတ ကိုဆိုရင် နံနက် ၇ နာရီ အချိန်လောက်မှာ SakuraTower နဲ့ Traders Hotel လမ်းလယ်ကောင်ဖြစ်တဲ့ ပလက်ဖောင်းမှာရိုက်တယ်။ အဲဒီတုန်းကဆိုရင် လူတွေ တော်တော်များများ ၀ိုင်းအုံပြီး ကြည့်နေကြတယ်။ အဓိက ဓာတ်ပုံအရိုက်ခံတဲ့နေရာမှာ လူမကြောက်ဘဲ အမူအရာ လုပ်တတ်ဖို့ပဲ။ သူက တော်တော်သတ္တိရှိလို့လည်း ဓာတ်ပုံရိုက်ရတာ အဆင်ပြေပြီး ပုံကောင်း ထွက်တယ်လေ။ အဓိကလူမကြောက်မှ အမူအရာလုပ်တာ အဆင်ပြေပြီး ပုံကောင်းထွက်မယ်"ဟု အဆိုပါ ဓာတ်ပုံပညာရှင်က ဆက်လက်ရှင်းပြခဲ့သည်။

http://www.news-eleven.com/
Share this article :

2 comments:

Anonymous said...

လေးလေးလဲ ဖေ့ဘွတ်မှာ တင်ဖို့
တားတားကို ငှားမယ်နော်..
လာရိုက်ပေး:P

naylinnhtun said...

ကျွန်တော်လည်း ဖေ့ဘွတ်မှာဓါတ်ပုံရိုက်ပြီးတင်ဦးမှာ . .ဟာဟ

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။