Home » » အရင်းနှီးဆုံး ရင်ခုန်သံ ( အပိုင်း ၃ )

အရင်းနှီးဆုံး ရင်ခုန်သံ ( အပိုင်း ၃ )

Written By မောင်စေတနာ on Monday, September 6, 2010 | 8:53:00 PM



ဒီနေ့ကျွန်တော် နိုင်ငံခြားကိုထွက်ဖို့အတွက် လိုအပ်သော ကိစ္စများ
လုပ်ဆောင်ပြီး အိမ်ပြန်ရောက်တော့ ခဏလေးနားပြီး ဇင်မာတို့အိမ်
ဖက်ကို သွားတော့ .........

ဇင်မာတစ်ယောက်တည်း ခရေပင် အောက်မှာ ထိုင်နေတာကို တွေ့
လိုက်ရတယ်။ သူနဲ့ ကျွန်တော် ခရေပန်းတွေကို ငယ်ငယ်ကတည်းက
အတူတူ ကောက်နေတဲ့ ပုံရိပ်လေးကို မြင်ယောင်မိ သေးတယ်။
ဒါနဲ့ ကျွန်တော် သူ့အနားကို သွားပြီး



ဇင်မာ
ဇင်မာ .....

အင်း .... နေဇော်
နင် .... နင်ပြန်လာပြီလား

အင်းလေ ....

ငါ ... နင့်အိမ်ကို သွားသေးတယ်။
နင် အပြင်သွားတယ်ပြောလို့

ဟုတ်တယ် ..
ဇင်မာ ... ငါခရီးထွက်ဖို့အတွက်
လိုအပ်တာတွေ လုပ်နေရတယ်လေ...
ဇင်မာ ..

နင် ခုနာက ဘာတွေ တွေးနေတာလဲ ...



ဘာလဲ ...
နင်က သိချင်နေတာလား

အင်းလေ...

ဒါဆို ငါပြောပြမယ်...
ငါလေ ... နင့် အကြောင်းတွေးနေတာလေ

ဟုတ်လား
ဘာ .... အကြောင်းလဲ
ငါ့ရဲ့ မကောင်းကြောင်းလား ..

အာ ........
မဟုတ်ပါဘူးဟ ..
နင်ကလည်း
ငါတွေးနေတာက ... လေ
နင်နဲ့ ခွဲရမှာကို ငါတွေးနေတာ

တကယ်လား
တကယ်မခွဲချင်တာလား
ဇင်မာ ...

အင်းလေး ..
တကယ်ပါဆို



ဒါဆို လွယ်လွယ်လေး .... နော်
နင် ...... ငါ့ကို ချစ်လိုက်ပေါ့ ... ဟ

ဟွန်း ...
သေလိုက်ပါလား ...
ငါက နင့်ကို သူငယ်ချင်းမို့ ခင်နေရတာ ...

ဒါဆို ... နင်က ငါ့ကိုမချစ်ဘူးပေါ့
ဟုတ်လား ... ဇင်မာ ..

ဘာလို့ ချစ်ရမှာလဲ ...
ငါ ... နင့်ကို သူငယ်ချင်းထက်ပိုတဲ့
သံယောဇဉ်နဲ့ ပဲခင်တာ ...

အင်းပါ ... အင်းပါ ..
ငါ ... စတာ နော် ...

ငါလည်း အတူတူပဲ ဇင်မာ
ငါ နင့်ကို သူငယ်ချင်း ထက်ပိုတဲ့ သံယောဇဉ် လေးနဲ့ ခင်တယ်။




ဒါဆို ပီးတာပဲလေ ..

နေဇော်
နင်လေ ...
နိုင်ငံခြားကို ရောက်ရင် မိန်းမ မယူနဲ့ဦးနော် ...
နင့် ဘဝလေး အဆင်ပြေအောင် ကြိုးစားပြီး အလုပ်လုပ်နော်...
ကြားလား ....

ဟုတ်ကဲ့ ပါခင်ဗျား ...
ဟိဟိ ...

ဘာရီနေတာလဲ ... ဟ

နင်ကလေ
ငါ့ကိုကြတော့ ပြောတယ်။
နင်လည်း အတူတူပဲ နော်..
ယောက်ကျား မယူနဲ့ဦးနော်

ဟာ ....
ပေါက်ပေါက်ရှာရှာနော်
ငါမယူပါဘူး ... ဟ
ငါက စိတ်ပူနေတာ
နင် .... ငါ့ကို ကတိပေးနော်
နိုင်ငံခြားမှာ မိန်းမ မယူပါဘူးလို့

ဟုတ်ပါပြီဗျာ ...
ကတိပေးပါတယ်
နင်လည်း အတူတူပဲနော် ... ဇင်မာ
နင်လည်း ယောက်ကျား မယူသေးဘူးလို့လေ



အင်းလေ ...
ငါလည်း ကတိပေးပါတယ် ... နော်
နင်သာ ကတိတည်ပါစေ နော်
နေဇော်

စိတ်ချပါ ... ငါကတိတည်ပါတယ် ...

ငါ့ ... အဖေခေါ်နေပီ
ဇင်မာရေ ...
ငါ အိမ်ပြန်ဦးမယ်နော် ...

အင်း ...
နေဇော်

ဇင်မာနဲ့ စကားကောင်းနေတုန်း အဖေခေါ်တာနဲ့
အိမ်ကို ပြေးရတော့တယ်။

အပိုင်း ၄ သို့ " ဆက်လက်စောင့် " ဖတ်ပါရန်။

ချစ် ခြင်း အား ဖြင့်

Share this article :

3 comments:

မိုးယံ said...

ဇင်မာ့ အဖေက လည်း အလိုက်ကန်းဆိုး မသိဘူး။

ဒီမှာ ဇတ်ရှိန်တက်နေတုန်း လာခေါ်ရတယ်လို့

သော်ဇင်စိုး said...

ကမ္ဘာပျက်တာတောင် မေ့လို့မရမဲ့ သတိရမှုတွေ.. ကိုယ့်ကိုယ်ကို အရမ်းလိမ်တတ်တဲ့ ကျွန်တော့်လိုလူကတော့ ဘယ်လိုပြောခဲ့မိလဲဆိုတော့ ခုချိန်ဆို နင်ဘာလုပ်နေမယ် ညာလုပ်နေမယ်ဆိုပြီး ငါဘယ်တော့မှတွေးနေမယ် မဟုတ်ဘူုးလို့ ပြောခဲ့တာ.. ရူးပါဗျာ..
မနက်စောစော အကို့ဆီမှာ လာလွမ်းသွားတယ်ဗျာ.. ဘာပဲဖြစ်ဖြစ် ပျော်နိုင်ဖို့ မျှော့်လင့်ပါတယ်.. ပျော်ရွှင်ပါစေဗျာ...

စံလင်းထွန်း said...

အရင်ကထက်စာရင်တော့ စာအရေးအသားတိုးတက်မှိုရှိလာပါတယ်။ ဒါပေမယ့် ဝထ္ထုတစ်ပုဒ်ရေးတယ်ဆိုတာ ကောင်လေးနဲ့ကောင်မလေး နှစ်ယောက်တည်းတင် ဇာတ်ကောင်အဖြစ်ထားပြီး ရေးနေလို့တော့မရနိုင်ဘူးထင်တယ်။ ဒီဇာတ်လမ်းကတော့ ကောင်လေးနဲ့ကောင်မလေးအကြားက ရင်ခုန်သံလေးတွေကို စကားလုံးတွေနဲ့ရေးဖွဲ့ထားတဲ့ ရိုးရိုးရှင်းရှင်းသာမာန် အချစ်ဇာတ်လမ်းတစ်ခုပါ။ ကိုယ်တွေ့ဆိုရင်လည်း ဒီ့ထက်ပီပြင်အောင် ရေးသင့်က ကွန့်ညွှန့်ရေးရပါမယ်။ ဖြစ်နေတာက စကားပြောခန်းတွေများနေသလောက် ဇာတ်လမ်းကလည်း ရိုးရှင်းပြီး ဖတ်သူကို ငြီးငွေ့သွားစေနိုင်ပါတယ်။ ဥပမာ ဇာတ်လမ်းကို ဇာတ်ကောင်တွေ ဒီ့ထက်မက ထပ်ထည့်ပြီး ဇာတ်အိမ်လှလှလေးတစ်ခုနောက်ခံထားကာ ရေးဖွဲ့ကြည့်မယ်ဆိုရင် ဒီ့ထက်ပိုကောင်းလာနိုင်ဖွယ်ရာရှိပါတယ်။ ဒါပေမယ့် အခုဟာက ရိုးလွန်းနေတယ်။

ကိုယ်တို့လည်းမတတ်သေးပါဘူး။ လမ်းလျှောက်သူအချင်းချင်း လက်တွဲခေါ်ကြည့်တာပါ။
စာများများရေး၊ စာများများဖတ်၊ များများတွေးပေါ့။ လိုအပ်ချက်တွေဆိုတာကတော့ နေရာတိုင်းမှာရှိနေဦးမှာပါပဲ။ အဲသည့်လိုအပ်ချက်အတွက် ဇွဲကောင်းနဲ့လေ့ကျင့်ရင်း ဖြည့်ဆည်းလိုက်ပါ သူငယ်ချင်း ...။

(မှတ်ချက်။ သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက်မို့ အရှိအတိုင်း စေတနာနဲ့ မန့်ခဲ့ပါသည်။)

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။