Home » » 'တက္ကသိုလ် ၀င်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ မခိုင်ခိုင်လွင်ကျော်နှင့် တွေ့ဆုံခြင်း'

'တက္ကသိုလ် ၀င်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံးရရှိသူ မခိုင်ခိုင်လွင်ကျော်နှင့် တွေ့ဆုံခြင်း'

Written By မောင်စေတနာ on Saturday, September 25, 2010 | 4:56:00 AM



'တက္ကသိုလ် ၀င်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ရရှိသူ မခိုင်ခိုင်လွင်ကျော်နှင့်တွေ့ဆုံခြင်း' ၊ 'ဘယ်နေရာကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကို အကျိုးပြုနိုင်တဲ့သူဖြစ်အောင် လူငယ်တွေ လုပ်သွားရမယ်'

၂၀၁၀ ပြည့်နှစ်၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုအောင်မြင်ပြီးသူများထဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး၌ Top ten ဆုရှင် ၁၅ ဦးထဲမှ ပထမဆုရှင်ဖြစ်သူ မခိုင်ခိုင်လွင်ကျော်အား တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာတစ်နိုင်ငံလုံးထဲမှ အမှတ်အများဆုံးရရှိစေရန် မည်ကဲ့သို့ ကြိုးစားအားထုတ်မှုများ ပြုလုပ်ခဲ့သည်များနှင့် ထူးချွန်လူငယ်တစ်ဦး၏ ဘ၀ ရည်မှန်းချက်ထားရှိပုံများအား စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။


မေး - တက္ကသိုလ် ၀င်စာမေးပွဲမှာ အခုလို မြန်မာတစ်နိုင်ငံလုံးအမှတ် အများဆုံးရရှိခဲ့အောင် ဘယ်လို ကြိုးစားခဲ့ရပါသလဲ။

ဖြေ - ၉ တန်းအောင်ပြီး နွေရာသီ အချိန်မှာကတည်းက စာမေးပွဲအတွက် အလွတ်ကျက်ရမယ့်အရာတွေ စတင်ပြီး ကျက်ထားတယ်။ စာစီစာကုံး၊ အင်္ဂလိပ်စာအက်ဆေးတွေ ကိုအရေးကျင့်တယ်။ ကျောင်းတက်စဉ်မှာလည်း တစ်နေ့စာ တစ်နေ့ မှန်မှန်လုပ်တယ်။ သူများတွေလို အချိန်ဇယားနဲ့လုပ်မထားဘဲ တစ်နေ့မှာ ခြောက်နာရီကနေ ခုနစ်နာရီ သတ်မှတ်ပြီး ကျက်ဖြစ်ပါတယ်။ ပြီးတော့ သူများတွေအနီးကပ် Guide ယူသလို သမီး မယူခဲ့ပါဘူး။ ကိုယ့်ဘာသာပဲ အချိန်မှန်မှန် စာကျက်ဖြစ်ခဲ့ပါတယ်။

မေး - တစ်နိုင်ငံလုံးမှာ အမှတ်အများဆုံးရဖို့ မဖြေဆိုခင်ကတည်း က ရည်ရွယ်ပြီး ကြိုးစားခဲ့တာလား။

ဖြေ - အဓိကကတော့ ကိုယ်လုပ်နိုင်တာကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်ခဲ့တာပါ။ Top-Ten ဖြစ်ရမယ်လို့ ရည်ရွယ်ချက်ကြီး မထားခဲ့ပေမယ့် ခြောက်ဘာသာဂုဏ်ထူး ထွက်ပြီး ဆရာဝန်ဖြစ်ချင်တဲ့အတွက် ဆရာဝန်လိုင်း ၀င်အောင် ကြိုးစား မယ်လို့တော့ မျှော်မှန်းခဲ့ပါတယ်။



မေး - ကျောင်းတက်စဉ်မှာ ပြင်ပ ဗဟုသုတစာတွေ လေ့လာတာရှိခဲ့ပါသေးသလား။

ဖြေ - ပြင်ပစာဆိုတာ သမီး အတွက်ကတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေပဲ ဖတ်ဖြစ်ပါတယ်။

မေး - တက္ကသိုလ်တွေ ရွေးချယ်တော့ ဘယ်လိုင်းကို လျှောက်ထားဖြစ်ခဲ့ပါသလဲ။

ဖြေ - ဆရာဝန်လိုင်းကို လျှောက်ထားပါတယ်။

မေး - ဆရာဝန် ဘာကြောင့်ဖြစ်ချင်တာလဲဆိုတာက . .. .

ဖြေ - သမီးရဲ့အမေကလည်း ဆရာဝန်၊ ပြီးတော့ သမီးတို့ မိဘအသိုင်းအ၀ိုင်းက ဆရာဝန်တွေပဲ ဖြစ်တာကြောင့် ငယ်စဉ်ကတည်းက ဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ နှလုံးအထူးကု ဆရာဝန်ဖြစ်ချင်တာပါ။

မေး - ဘ၀မှာ စံထားရလောက်တဲ့ပုဂ္ဂိုလ်က ဘယ်သူပါလဲ။

ဖြေ - သမီးရဲ့အမေပါ။

မေး - အနာဂတ်ရည်မှန်းချက်တွေ ရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ - ဆရာဝန်ဖြစ်ရင် ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကုသနိုင်မယ့် ဆရာဝန်မျိုး ဖြစ်ချင်တယ်။ အဓိက က ဆင်းရဲ၊ ချမ်းသာမဟုတ်ဘဲ အသက်ကြီးသူတွေ၊ နွမ်းပါးသူတွေကို အခမဲ့ ကုသပေးချင်ပါတယ်။

မေး - အခုအချိန်မှာ Top-Ten တော်တော်များများ နိုင်ငံခြား ထွက်နေကြတယ်။ ညီမရော နိုင်ငံခြားထွက်ဖို့ အစီအစဉ် ရှိပါသလား။

ဖြေ - ဒီနိုင်ငံက ဆေးကျောင်းမှာ သင်တဲ့ပညာနဲ့ နိုင်ငံရပ်ခြားမှာသင်နေတဲ့ ဆေးပညာရပ်တွေဟာ အတူတူပါပဲ။ ဘွဲ့ရတဲ့အထိ ဆေးတက္ကသိုလ်(၁) မှာ တက်သွားပါမယ်။ နိုင်ငံခြားကိုတော့ လက်တလောထွက်ဖို့ အစီအ စဉ်မရှိသေးပါဘူး။

မေး - လူငယ်တစ်ဦးအတွက် ဘ၀ မှာ ဘယ်အရာက အရေးကြီးဆုံးလို့ ခံယူထားပါသလဲ။

ဖြေ - စိတ်ထားကောင်းမွန်ရမယ်။ ဘယ်နေရာကိုပဲ ရောက်ရောက် ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူ မျိုးကို အကျိုးပြုနိုင်တဲ့သူဖြစ်အောင် လူငယ်တွေ လုပ်သွားရမယ်လို့ ထင်ပါတယ်။

မေး - အခုဘာသင်တန်းတွေ တက်နေလဲဆိုတာ ပြောပြပေးပါဦး။

ဖြေ - အင်္ဂလိပ်စာသင်တန်းတွေ ကိုပဲ တက်နေပါတယ်။

မေး - တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမယ့်သူတွေအတွက် ဘာများ ပြောချင်ပါသေးလဲ။

ဖြေ - ဆရာတွေ စာသင်စဉ်မှာ အာရုံစူးစိုက်နားထောင်ပါ။ ဒါဟာ အရမ်းကို အကျိုးရှိပါတယ်။ တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်ဖြစ်အောင် လုပ်ပါ။ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာကြောင့် ဘုရား၊တရားကို မမေ့ဖို့နဲ့မိဘ၊ ဆရာတွေကို မစော်ကား မိပါစေနဲ့လို့ပဲ ပြောချင်ပါတယ်။

ဘာသာရပ်အလိုက်ရမှတ်စာရင်း
မြန်မာစာ
၈၂
အင်္ဂလိပ်စာ
၈၅
သင်္ချာ
၉၉
ဓာတုဗေဒ
၉၅
ရူပဗေဒ
၉၈
ဇီဝဗေဒ
၉၉
ရမှတ်စုစုပေါင်း
၅၅၈


Profile
အမည်
မခိုင်ခိုင်လွင်ကျော်

မွေးသက္ကရာဇ်
၆-၆-၁၉၉၄

မိဘအမည်
ဦးရဲလွင်၊ ဒေါက်တာသွဲ့ယဉ်ယဉ်ကျော်

မွေးချင်း
တစ်ဦး

တက်ရောက်ခဲ့သောကျောင်း
အထက(၂)စမ်းချောင်း

ငယ်စဉ်ကတည်းက ရရှိခဲ့ဖူးသောဆုများ

အတန်းစဉ်အလိုက် ပထမဆုများ၊မြို့နယ်ထူးချွန်ဆုများ၊ ဘက်စုံထူးချွန်ဆုများ
ဝါသနာ စာဖတ်ခြင်း၊ အော်ဂင်တီးခြင်း

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။