Home » » စင်ကာပူတွင် အလုပ်ရရန်နည်းမျိုးစုံဖြင့် ၀င်ရောက် လာမှုကို လူဝင်မှုကြီးကြပ်ရေးမူဝါဒသစ်ဖြင့် ချမှတ်

စင်ကာပူတွင် အလုပ်ရရန်နည်းမျိုးစုံဖြင့် ၀င်ရောက် လာမှုကို လူဝင်မှုကြီးကြပ်ရေးမူဝါဒသစ်ဖြင့် ချမှတ်

Written By မောင်စေတနာ on Sunday, September 5, 2010 | 2:36:00 PM



မြန်မာအပါအ၀င် နိုင်ငံခြားသားများ စင်ကာပူတွင် အလုပ်ရရန် နည်းမျိုးစုံဖြင့်
ဝင်ရောက်လာမှုကို လူဝင်မှုကြီးကြပ်ရေး မူဝါဒသစ်ဖြင့် ချမှတ်ကိုင်တွယ်မည်ဟု သိရ

မြန်မာနိုင်ငံအပါအ၀င် နိုင်ငံခြားသားများ စင်ကာပူနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် အလုပ်လုပ်ကိုင်ရန် ၀င်ရောက်လာမှုကို စင်ကာပူနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမှ Population and Talent Division ဟူ၍ နိုင်ငံခြားသားများအပေါ် မူဝါဒသစ် ချမှတ်ကာ ကိုင်တွယ်ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် လီရှန်လွန်းက သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ယင်းကြေညာချက်အရ စင်ကာပူတွင် လက်ရှိရောက်ရှိနေကြသော မြန်မာလူငယ်များ၏ အလုပ်အကိုင် အနေအထားများအပေါ် ရိုက်ခတ်မှု တစ်စုံတစ်ရာ ရှိလာနိုင်သည်ဟု မြန်မာနိုင်ငံမှ စင်ကာပူရေးရာ ကျွမ်းကျင်သူတစ်ဦးက ထင်မြင်ချက် ပေးခဲ့သည်။



"ဒီလိုကြေညာချက်ကို ကြည့်ရင် လက်ရှိစင်ကာပူမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားလူဦးရေထဲမှာမှ S Pass ၊ ပီအာ၊ EPEC တွေနဲ့ နေထိုင်ကြသူတွေရဲ့အလုပ်အကိုင် အနေအထားတွေအပေါ် ရိုက်ခတ်မှုရှိသွားနိုင်တယ်။ လက်ရှိမှာတင် S Pass သက်တမ်းကုန်လို့ ပြန်တိုးလို့မရတဲ့ ပြဿနာတွေက သာဓကပါ" ဟု စင်ကာပူနိုင်ငံတွင် လွန်ခဲ့သောတစ်လခန့်က S Pass သက်တမ်းတိုး ခွင့်မရခဲ့၍ ပြန်လာခဲ့သူတစ်ဦးကလည်း ပြောပြခဲ့ပါသည်။

စင်ကာပူနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများ၏ အလုပ်ရရှိမှုအနေအထားသည် မိမိကိုယ်ပိုင်အရည်အသွေးနှင့်သာ သက်ဆိုင်မှုရှိပြီး လူဝင်မှုကြီးကြပ်ရေး၏ Population and Talent Division မှ ချမှတ်မူဝါဒများနှင့် ကိုက်ညီမှု ရှိမှသာ ကျောင်းပြီးထားသူ တစ်ဦးအနေဖြင့် အလုပ်ရရှိနိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်နှင့် မြန်မာကျောင်းသားများ၏ စင်ကာပူတွင်လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို မြန်မာ-စင်ကာပူရေးရာ လေ့လာသူ တစ် ဦးက ချိန်ထိုးပြောကြားခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံသည် မိမိနိုင်ငံသို့ နိုင်ငံစုံမှ ပညာသင်ရန် လာရောက်သူများအား ကန့်သတ်မှု အနည်းငယ်သာပြုလုပ်ခဲ့ပြီး အရှေ့တောင်အာရှ၏ ကြီးမားသောပညာရေးဈေး ကွက်တစ်ခုသဖွယ် ရှိနေခဲ့သည်။

ဒီလိုကြေညာချက်ကို ကြည့်ရင် လက်ရှိစင်ကာပူမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသား လူဦးရေထဲမှာမှ S Pass ၊ ပီအာ၊ EPEC တွေနဲ့ နေထိုင်ကြသူတွေရဲ့ အလုပ်အကိုင် အနေအထားတွေအပေါ် ရိုက်ခတ်မှု ရှိသွားနိုင်တယ်။ လက်ရှိမှာတင် S Pass သက်တမ်းကုန်လို့ ပြန်တိုးလို့မရတဲ့ ပြဿနာတွေက သာဓကပါ ..

"မြန်မာနိုင်ငံက စင်ကာပူကို ထွက်ခွာတဲ့နေရာမှာ ကျောင်းပညာ တကယ်သင်ချင်တာပါသလိုကျောင်း ပြီးရင် ပီအာဖြစ်ဖို့၊ အလုပ်ရဖို့ အများစု ဦးတည်ကြတယ်။ ဒါကိုမှ ပညာသင်ပြီးတဲ့သူတွေကို အလုပ်အကိုင်ပြန်ပေးဖို့ တင်းကျပ်တဲ့မူဝါဒ တွေရှိနေမယ်ဆိုရင် ပညာသင်သွားမယ့် လူငယ်တွေ၊ လက်ရှိအလုပ်လုပ် နေတဲ့သူတွေအတွက် ထွက်ခွာဖို့ စဉ်းစားသင့်တဲ့အချိန် ရောက်နေပါပြီ"ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ မဟာတန်းပြီးကာ စင်ကာပူတွင် ငါးနှစ်တာ နေထိုင်ခဲ့ဖူးသူက ပြောပြခဲ့ပါသည်။

ယခုအခါ စင်ကာပူနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ မိမိနိုင်ငံ အသီးသီးသို့ ပညာသင်ရန်လာသူများအား လူဝင်မှုကြီးကြပ်ရေး ကန့်သတ်ချက် အနည်းငယ်သာ ထားရှိပြီး အလုပ်ပြန်လည် လုပ်ကိုင်ရာတွင်လည်းကောင်း၊ ကျောင်းတက်ရောက်စဉ် အလုပ်လုပ်ခွင့် ကန့်သတ်ခြင်းများ ထားရှိခြင်းဖြင့်လည်းကောင်း ကန့်သတ်ချက်များ အသီးသီးထားရှိကြကြောင်း သိရသည်။

မြန်မာအများစု ပညာသင် ထွက်ခွာကြရာ စင်ကာပူနိုင်ငံ အနေဖြင့် မည်သည့်အကြောင်းမျိုးဖြင့်မှ ကျောင်းတက်စဉ် အချိန်ပိုင်းအလုပ်လုပ်ခွင့် တရားဝင်ပေးထားခြင်း မရှိသေးဘဲ အလုပ်လုပ်ကိုင်ခြင်းအား စစ်ဆေးတွေ့ရှိပါက အရေးယူသည့်ဖြစ် ရပ်များပင်ရှိကြောင်း သိရသည်။

ထို့ပြင် ၂၀၁၀ ပြည့်နှစ် အစောပိုင်းတွင်လည်း အင်္ဂလန်နိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်များသို့ ဘွဲ့ကြိုဘာသာရပ်များ သင်ယူရန် သွားရောက်မည့် မြန်မာအပါအ၀င် နိုင်ငံသားတိုင်းကိုလည်း နာရီ ၂၀ အစား ၁၀ နာရီသို့ တရားဝင် အချိန်ပိုင်းလုပ်ခွင့် လျှော့ချခဲ့သည်ဟု ထုတ်ပြန်ချက်များ အရ သိရသည်။

Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။