Home » » ကျေး ဇူး တင် ပါ သည်။

ကျေး ဇူး တင် ပါ သည်။

Written By မောင်စေတနာ on Tuesday, September 7, 2010 | 7:37:00 PM



ကျွန်တော်ဟာ ဆိုက်တွေ ဘလော့တွေ အကြောင်း အင်တာနက်
အကြောင်း ဘာမှ မသိသေးပဲ အင်တာနက်ပေါ်ကို စရောက်ခဲ့ပါတယ်။
ဒီစာလေးက ကျွန်တော့်ကို သင်ပြပေး ကူညီပေးတဲ့ အစ်ကိုတွေကို
အထူးပဲ လေးစားမိလို့ ရေးသားတဲ့ မှတ်တမ်းလေး တစ်ခုပါ။

အခုဆို ကျွန်တော်ရဲ့ ဆိုက်လေးဟာ အခုဆို 9.9.2010 နေ့ရက်လေးမှာ
တစ်နှစ်ပြည့် သောနေ့လေး ဖြစ်ပါတယ်။ ဒီဆိုက်လေးနဲ့ ပက်သက်ပြီး
ကျွန်တော်ကို ထူးထူးခြားခြား ကူညီပြောပြပေး တဲ့သူတွေရှိပါတယ်။

ပထမဆုံး ကိုစံလင်းထွန်း နဲ့ကျွန်တော်ဆုံတွေ့ခဲ့ပါတယ်။
ကျွန်တော်နဲ့သူ မလေးမှာပဲ တစ်ယောက်ကို တစ်ယောက်မသိပဲ
ခင်မင်ခဲ့ရပါတယ်။ သူက blogspot ရေးတယ်။


သူက ကျွန်တော့်ကို မင်းစာရေးပါလားတဲ့ ကျွန်တော်ကလည်း
စာရေးတာ ဝါသနာပါတော့ သူက ကျွန်တော်ကို ဆိုက်စဖွင့် ပေး
တော့တာပဲ။ ကျွန်တော်က ဆိုက်တွေအကြောင်း ဘာမှ နားမလည်
ပါ။

အခုရေးနေတဲ့ မြန်မာစာတွေတောင် အရင်ကကျွန်တော် မရေး
တတ်ဘူး။ မြန်မာစာကိုလည်း သူကျွန်တော့်ဆီ လာတဲ့ အချိန်လေးမှာ
သူကျွန်တော့်ကို သင်ပေးထားတာပါ။ ကျွန်တော့်မှာ ဘလော့ရေးတတ်
ချင်လို့ သူက ကျွန်တော့်ကို မြန်မာစာ ရေးတတ်အောင် သင်ပေးခဲ့ပါတယ်။

ကျွန်တော်ဟာ လက်ကွက်ကိုတစ်ခါကြည့် စာတစ်လုံးကို ရေးလိုက်နဲ့
တကယ်ကို လေ့လာသင်ယူခဲ့ပါတယ်။ အခုလည်း ကျွန်တော် သိပ်မတတ်
သေးပါဘူးဗျ။ အခုထိ မသိသေးတဲ့ စာတွေဆို လက်ကွက်ကိုကြည့်နေရ
တုန်းပါပဲ။ ကျွန်တော်ရဲ့ ညံ့ဖျင်းမှုပေါ့ ....

ကိုစံလင်းထွန်း က ကျွန်တော်နဲ့ နေရာမတူပါဘူး။ သူအလုပ်အားတဲ့ အချိန်
လေးမှာ ကျွန်တော့်ဆီ လာပြီး သင်ပေးတတ်ပါတယ်။ အရင်က ကျွန်တော့်
မှာအိမ်မှာ မသုံးနိုင်တော့ သူလာရင် ဆိုင်ကိုပြေးရတော့တာပဲဗျာ ....
ကျွန်တော့်ကို ဆိုက်လေးစတင် ဖွင့်ပေးခဲ့တဲ့ သူက ကိုစံလင်းထွန်း ပါပဲ။

ကိုစံလင်းထွန်း မိတ်ဆက်ပေးလို့ ကိုလတ် နဲ့ ကျွန်တော်သိခဲ့ရပါတယ်။
ဒုတိယ ကျွန်တော့် ဆိုက်လေးကို ကူညီပေးသူက ကိုလတ် ပါ။ သူက
ကျွန်တော်နဲ့ အရမ်းဝေးပါတယ်။ လိုအပ်တဲ့ နည်းပညာ တွေကိုလိုင်းပေါ်
ကနေ ကျွန်တော့်ကို ပြောပြ ကူညီပေးပါတယ်။

တတိယ ကူညီပေးတဲ့ အစ်ကိုကတော့ ကိုဝဏ္ဏထွန်း ပါ။
အခုလက်ရှိ လိုအပ်တာလေးတွေကို သူက ကူညီပေးလျှက်
ရှိပါတယ်။ ကျွန်တော် မသိတာတွေ နားမလည်တာတွေဆို
ကိုဝဏ္ဏထွန်း ကကူညီ ပေးလျှက် ရှိပါတယ်။

အခုဆို ကျွန်တော်ရဲ့ဆိုက်လေး တစ်နှစ်ပြည့်နေ့ လေးမှာ ကျွန်တော့်ကို
စတင်ကူညီပေးကြသော အစ်ကို ၃ ယောက်စလုံးကို အမှတ်တရနဲ့ ကျေးဇူး
တင်စကား ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့ ဆိုက်လေးမှာ မှတ်တမ်း လေးတစ်ခု
အဖြစ် ရေးသားလိုက်ပါတယ် ခင်ဗျား။

လေး စား ခင် မင် လျှက်

ညီလေး

နေ ဇော် လင်း
Share this article :

2 comments:

နေ၀သန် said...

ဘလော့ခ်တစ်နှစ်ပြည့်မှသည် နောင်လည်း စာကောင်းပေကောင်းတွေ ဆက်လက်ရေးသားနိုင်ပါစေဗျာ...


ခင်မင်တဲ့
နေ၀သန်

စံလင်းထွန်း said...

သတင်းစကားအတွက် ဝမ်းသာပါတယ် သူငယ်ချင်း ...။

လိုအပ်ချက်တွေဆိုတာ နေရာတိုင်းမှာ ရှိနေဦးမှာပါ။

အဲသည့်အတွက် ဘာမှအားမငယ်ပါနဲ့ ။ ကိုယ်တတ်နိုင်လောက် ကြိုးစားဖြည့်ဆည်းလိုက်ပေါ့။

အချိန်တွေ အစဉ်အမြဲပြောင်းလဲနေသလို ကိုယ်ကလည်း ကြိုးစားနေရင်လည်း ကိုယ့်ဘဝနေရာဟာလည်း ကောင်းတဲ့ဘက်ကို ပြောင်းရွေ့လာမှာအမှန်ပဲ ...။

ချစ်ခင်စွာနဲ့ ...
စံလင်းထွန်း

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။