Home » » ၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး

၁၉၉၇ ခုနှစ်က စတင် တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး လိုဏ်ဂူဝိပဿနာ စေတီတော်ကြီး တည်ဆောက်မှုပြီးစီး

Written By မောင်စေတနာ on Wednesday, September 8, 2010 | 2:17:00 PM



အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့တွင် ၁၉၉၇ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ကမ္ဘာ့အကြီးဆုံးလိုဏ်ဂူ ၀ိပဿနာစေတီတော်ကြီး ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့ ဥက္ကဋ္ဌ ဦးရွှေက ပြောကြားခဲ့သည်။

အဆိုပါ စေတီတော်ကြီးကို တည်ဆောက်ရာတွင် စုစုပေါင်းကုန်ကျငွေ အမေရိကန် ဒေါ်လာသန်း ၅၀ နီးပါး ရှိခဲ့ကြောင်း သိရှိရသည်။

"အခုအချိန်မှာတော့ ဘုရားကြီး တည်ဆောက်မှုက ၁၀၀ ရာခိုင်နှုန်းနီးပါးပြီးသွားပါပြီ။ ဘုရားကြီး ပတ်ဝန်းကျင် မြန်မာမှု လက်ရာတွေ လုပ်ငန်းကလည်း ပြီးသလောက်ဖြစ်နေပြီ။ အခုအချိန်မှာ မြန်မာမှုလုပ်ငန်းကို လူအင်အား ၂၇ ဦးနဲ့ပဲ လုပ်နေတာပါ။ ဒါပြီးသွား ရင်တော့ ၀ိပဿနာစေတီတော်ကြီးရဲ့ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်အောင် ဆောင်ရွက်သွားမယ်။ ကား လမ်းတွေဖောက်မယ်၊ လူသွားလမ်းတွေ ဖောက်မယ်။ ဘုရားကြီးရဲ့ ဘေးဘက်မှာ မြစ်ချောင်းတစ်ခုရှိတယ်။ အဲဒီတစ်ဖက်က အများပြည်သူတွေ လာရောက်ဖူးမြော်နိုင်ဖို့အတွက်လည်း တံတား ဆောက်သွားပါမယ်။


ဘုရားကြီးရဲ့ ရင်ပြင်တော်အတွင်းရဲ့ တောင်ဘက်မှာ အရန်စေတီတစ်ခု တည်ဆောက်ပြီးသွားပြီ။ အခုလည်း မြောက်ဘက်မှာ အရန်စေတီတစ်ခု တည်ဆောက်နေတယ်။ ဒီဘုရားကြီး အပြင် ပတ်ဝန်းကျင်တစ်ခုလုံး စီမံကိန်းအနေနဲ့ ကြည့်မယ်ဆိုရင် နောက်ငါးနှစ်အကြာမှာပြီးဖို့ မျှော်လင့်ပါတယ်။ စုစုပေါင်း ကုန်ကျငွေ ကလည်း အမေရိကန်ဒေါ်လာသန်း ၆၀ ကျော်၊ ၇၀ နီးပါးထိ ရှိလာနိုင်ပါတယ်။ ၀ိပဿနာစေတီတော်ကြီး တည်ဆောက်တဲ့အခါမှာလည်း ကမ္ဘာပေါ်က အများပြည်သူလှူဒါန်းမှုတွေနဲ့ တည်ဆောက်ခဲ့ရတာပါ။ ဒါပေမယ့် ငှက်မြတ်နားတော်ကနေ အပေါ်ပိုင်းအထိကို မြန်မာပြည်တွင်းကပဲ လှူဒါန်းတာပါ"ဟု ဦးရွှေက ပြောကြားခဲ့သည်။

ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး သည် အတွင်းတွင် လိုဏ်ဂူရှိသော စေတီတော်အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် ကျောက်တုံးတို့ဖြင့်သာ တည်ဆောက်ထားသည့် လိုဏ်ဂူတို့ အနက် ပမာဏအကြီးဆုံး လိုဏ်ဂူဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အံ့ချီးဖွယ်အဆောက်အအုံကြီးဖြစ်ကြောင်း ..

ကမ္ဘာ့အကြီးဆုံးလိုဏ်ဂူ ၀ိပဿနာစေတီတော်ကြီးမှာ မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်ကြီးနှင့် ပုံစံတူဖြစ်ပြီး အမြင့်မှာ ၃၂၅ ပေ၊ အချင်း အကျယ်မှာ ပေ ၃၅၀ ရှိသည်။ အဆိုပါ စေတီတော်၏ ထူးခြားချက်မှာ လိုဏ်ဂူကြီး၏ အတွင်းဘက်ရှိ အမိုးကြီးသည် ၀န်းဝိုင်းလျက်ရှိပြီး အဆိုပါ အမိုးကြီးကို ထောက်ပင့်ထားသော တိုင် လုံးဝမရှိပေ။ တည်ဆောက်ရာတွင်လည်း ပြည်တွင်းမှ ဗိသုကာလက်ရာပညာရှင်များ အပါအ၀င်နိုင်ငံပေါင်းစုံမှ ပညာရှင်များလည်း ပါဝင် ကြောင်း သိရရှိသည်။ စေတီတော်ကြီးကို ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရွှေထီးတော် တင်လှူ ခဲ့ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဓမ္မခန်းမကို အိန္ဒိယနိုင်ငံသမ္မတကြီး က ဖွင့်လှစ်ပေးခဲ့သည်။



အဆိုပါ စေတီတော်ကြီးကို တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ တရားစစ်၊ တရားမှန် ပြန်လည် ရောက်ရှိ၍ အိန္ဒိယမှတစ်ဆင့် ကမ္ဘာသို့ ပျံ့နှံ့သွားရန်ဖြစ်ကြောင်း သိရသည်။

ယခုအခါတွင် စေတီတော်ကြီး အတွင်းရှိ ဓမ္မခန်းမကြီးတွင် ယောဂီပေါင်း ၁၀၀၀၀ ခန့် တစ်ပြိုင်နက် တရားအားထုတ်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ အမျိုးသားပြတိုက်တွင် ရှိသော ဘုရားဓာတ်တော် အစစ်များ မှ ခွဲခြမ်းရရှိသည့် ဓာတ်တော်များကိုလည်း ဌာပနာထည့်သွင်းထား ကြောင်း သိရှိရသည်။

ကမ္ဘာ့ဝိပဿနာ စေတီတော်ကြီး သည် အတွင်းတွင် လိုဏ်ဂူရှိသော စေတီတော်အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင် ကျောက်တုံးတို့ဖြင့်သာ တည်ဆောက်ထားသည့် လိုဏ်ဂူတို့ အနက် ပမာဏအကြီးဆုံး လိုဏ်ဂူဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင် အဋ္ဌမမြောက် အံ့ချီးဖွယ် အဆောက်အအုံကြီးဖြစ်ကြောင်း သိရသည်။ ယခု လက်ရှိအချိန်တွင် အဆိုပါစေတီတော် ကြီး၌ ၁၀ ရက်တရားစခန်းနှင့် နေ့စဉ် ပုံမှန်တရားအားထုတ်ခြင်းများ ကို နိုင်ငံတကာမှယောဂီများ လာ ရောက် အားထုတ်လျက်ရှိပြီး တနင်္ဂနွေနေ့တိုင်းတွင် လာရောက်အားထုတ်သူများနှင့် လေ့လာသူများအား သက်သတ်လွတ် ထမင်းကျွေးမွေးလျက် ရှိကြောင်း သိရသည်။

http://www.news-eleven.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။