Home » » ၂၀၁၀ ခုနှစ် စင်္ကာပူနိုင်ငံ ကျောင်းပေါင်းစုံ ဆရာတော်များ၏ ဓမ္မသဘင်

၂၀၁၀ ခုနှစ် စင်္ကာပူနိုင်ငံ ကျောင်းပေါင်းစုံ ဆရာတော်များ၏ ဓမ္မသဘင်

Written By မောင်စေတနာ on Wednesday, September 15, 2010 | 5:07:00 PM



စင်္ကာပူရောက် ဓမ္မမိတ်ဆွေအပေါင်းတို့ ...

စင်္ကာပူမှာ ရှိကြကုန်သော ဓမ္မမိတ်ဆွေအပေါင်းတို့ သည် ရေခြား မြေခြား
တာဝန် ဝတ္တရားများကို နာရီနှင့်အမျှ ထမ်းဆောင်နေရသော်လည်း တဖက်
တလမ်းမှ မိသားစုများသဖွယ် သိုက်သိုက်ဝန်းဝန်း စည်းစည်းလုံးလုံးနှင့်

မြတ်ဗုဒ္ဓဟောကြားခဲ့သော လူမှုရေးရာ၊ သံသရာရေးရာတရားတော်များကို
မျက်ခြေမပြတ် အားထုတ်နိုင်ကြ၊ အချင်းချင်းလည်း အားထုတ်နိုင်ဖို့ အခွင့်
အလမ်းများ ဖော်ထုတ်ပေးနေကြသည်မှာ အင်မတန် ဝမ်းမြောက်အားရဖွယ်
ကောင်းလှပါသည်။

ထို့အတူ… သံဃာတော် ဆရာတော်များ ကလည်း စကာင်္ပူတွင် အခြေစိုက်
လျှက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ပြီး ရေခြားမြေခြားသော်လည်း မိမိ
တို့ တတ်စွမ်းနိုင်သမျှ မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို ပေးနိုင်အောင် ကြီးစွာသော
မေတ္တာခြံရံလျှက် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်လျှက်ရှိကြပါသည်။




၁) စကာင်္ပူနိုင်ငံတွင် အခြေချ နေထိုင်ပြီး မြတ်ဗုဒ္ဓ၏ အရိပ်အာဝါသကို
အစဉ်မပြတ်လွှမ်းခြုံ ပေးနေသော ဆရာတော်များ၊ ဘုန်းတော်ကြီးကျောင်း
များနှင့် ၊ သီလရှင်ကျောင်းများ ကို စကာင်္ပူရောက် မြန်မာ မိသားစုများ သိရှိပြီး
ဒါန၊ သီလ၊ ဘာဝနာများ လွယ်ကူစွာ ပြုလုပ်နိုင်ရန်အတွက် လည်းကောင်း


၂) Singapore Missionary ဆရာတော်များ၏ ရင်တွင်းမှ စကားများကို ဖေါ်ပြဖို့
အခွင့်အလမ်း ရရှိစေရန်အတွက်လည်းကောင်း


၃) စကာင်္ပူရှိ ဘုန်တော်ကြီးကျောင်းများ၏ ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု
လုပ်ဆောင်ချက် များကို ဝေနေယျများ သိရှိစေရန်အတွက်လည်းကောင်း


၎) ဝါတွင်းကာလဖြစ်သည့်အလျှောက် မြန်မာပြည်မှ အဓိကရ ဆရာတော်ကြီးများ
မကြွရောက်နိုင်ချိန်မှာ စင်္ကပူနိုင်ငံတွင် သီတင်းသုံး၍ သာသနာပြုနေကြကုန်သော
ဆရာတော်များကို စင်္ကာပူရှိ မြန်မာမိသားစုများနှင့် ပိုမို ရင်းနှီးဖို့ အခွင့်အလမ်းရစေ
ချင်သည်က တကြောင်း


၅) Informatics ကျောင်းဝန်းကြီး မကြာခင် ပြောင်းရွှေ့မည်ဖြစ်သဖြင့် မပြောင်း
ရွေ့မှီ (နောက်ဆုံး) အခွင့်အရေးလည်း ဖြစ်သည်က တကြောင်း

ဤသို့သော အကြောင်းအရာတို့ကို အခြေခံ၍ စင်္ကာပူရှိ ဓမ္မမိတ်ဆွေများက
စုပေါင်း၍ ကျောင်းပေါင်းစုံ ဆရာတော်များ၏ ဓမ္မသဘင် ကို အောက်ပါ အစီအစဉ်
အတိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပါ၍ မပျက်မကွက် တရားတော်နာကြွရောက်ပါ
ရန် ဖိတ်ခေါ်ပါရစေ။

ကျင်းပမည့်နေရာ
Informatics Campus, 12 Science Center Rd, S609080 (Jurong East MRT အနီး)



(စာလုံးများကို ထင်ရှားစေရန် အတွက် ပုံပေါ်တွင် တစ်ချက်နှိပ်၍ ကြည့်ပါရန်)

ဆက်သွယ်ရန်

92277491
ဦးအောင်နိုင်

97343900
ဦးစိုးသိန်း

97365034
ကိုကျော်လွင် (Dhamma download)

98698464
ကိုရဲမြင့် (ဓမ္မပန်းခင်း စာကြည့်တိုက်)

97612747
ကိုကျော်ဝင်း

94242713
မမြင့်မြင့်သန်း

အထက်ပါ တရားပွဲများကို နာယူကြည်ညိုနိုင်ပါရန် http://livedhamma.com မှလည်း တိုက်ရိုက်ထုတ်လွင့်ပေးပါမည်။

စင်္ကာပူရောက် မြန်မာများ အထက်ပါ တရားပွဲများကို နာယူ ကြည်ညိုနိုင်ရန် အတွက် အသိပေး အပ်ပါသည်။

no-reply-12@dhammadownload.com
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။