Home » » လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံရသူ ၆၀ ကျော်ရှိခဲ့

လူကုန်ကူးမှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံရသူ ၆၀ ကျော်ရှိခဲ့

Written By မောင်စေတနာ on Sunday, August 29, 2010 | 1:59:00 PM

လူကုန်ကူးမှု ကျူးလွန်ခဲ့သူ တရားခံများအနက် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခြင်းခံရသူ တရားခံဦးရေမှာ ၆၀ ကျော်ရှိခဲ့သည် ဟု ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၅ ရက်နှင့် ၆ ရက်တို့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရေးနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအတွက် အမျိုးသားအဆင့် ညှိနှိုင်းသုံးသပ်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထဲရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးတစ်ဦး၏ သုံးသပ်တင်ပြသွားသော စာရင်းများအရ သိရှိရသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၀ ဇွန်လ အထိ လူကုန်ကူးမှု ဖြစ်ပွားခဲ့ခြင်းများကို သုံးသပ်လေ့လာမှုများအရ တရားစွဲနိုင်ခဲ့သည့် အမှုပေါင်း ၅၃၄ မှုရှိခဲ့ ပြီး ကျူးလွန်ခဲ့သူ တရားခံပေါင်း ၁၄၅၅ ဦးရှိခဲ့သည်ဟု သိရသည်။ ယင်းအနက် တရားခံပြေး ၃၀၀ ကျော်ရှိကြောင်း သိရပြီး ပြစ်ဒဏ်ကျခံ တရားခံ မှာ ၇၉၅ ဦးရှိသည်ဟု သိရသည်။ စစ်ဆေးဆဲမှာ ၉၅ ဦးရှိကြောင်း သိရသည်။

ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော တရားခံများအနက် ပြစ်မှုကျူးလွန်ခဲ့သည့်အပေါ်တွင် မူတည်၍ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရသူ တရားခံမှာ ၆၆ ဦးရှိခဲ့သည်ဟု သိရသည်။ ထောင်ဒဏ်အနှစ် ၂၀ အထက် ချမှတ်ခံရသည့် တရားခံမှာ ၁၁၃ ဦးရှိခဲ့သည်ဟု သိရပြီး ထောင်ဒဏ် ၁၅ နှစ်အထက် ချမှတ်ခံရသူ မှာ ၈၀ ကျော်ရှိသည်ဟု သိရသည်။ ထောင်ဒဏ် ၁၀ နှစ်အထက်သို့ ချမှတ်ခံရသူ တရားခံမှာ ၅၉၂ ဦးရှိခဲ့ပြီး ထောင်ဒဏ် ၅ နှစ်အထက်နှင့် ၅ နှစ်အောက် ချမှတ်ခံခဲ့ရသူများလည်း ရှိခဲ့သည်ဟု သိရသည်။




လူကုန်ကူးမှုများ ကို ကျူးလွန်နေကြရာတွင် အဓမ္မ ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မလုပ်အားစေခိုင်းမှု၊ ကလေး သူငယ် လူကုန်ကူးမှုဖြစ်စဉ်များနှင့် အဓမ္မသူတောင်းစား စေခိုင်းမှုစသည့် ဖြစ်စဉ် အမျိုးအစားများအတွက် လူကုန်ကူးမှုများကို ကျူးလွန်နေကြ ခြင်းဖြစ်သည်ဟု

လူကုန်ကူးမှု ကျူးလွန်ခဲ့သူများကို ပြစ်ဒဏ်များ ချမှတ်ရာတွင် လူအမြောက်အများကို ခေါင်းပုံဖြတ် ရောင်းစားခဲ့သည့် ဆိုးဆိုးဝါးဝါးဖြစ် ရပ်များကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်သည် ဟု သိရသည်။ ယင်းအပြင် ပြစ်မှု ကျူးလွန်မှုများအပေါ် မူတည်၍ နှစ်ရှည်ထောင်ဒဏ်များကို ချမှတ် အရေးယူလျက်ရှိသည်ဟု သိရသည်။

လူကုန်ကူးမှုများ အများဆုံး ဖြစ်ပွားနေသည့် ဒေသများမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရန်ကုန်တိုင်း၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းတို့တွင် အခြားသော ပြည်နယ် နှင့် တိုင်းဒေသကြီးများထက် ပိုမိုဖြစ်ပွားနေသည်ဟု သိရပြီး ကျူးလွန်သူ တရားခံအများစု၏ ဒေသများမှာလည်း အဆိုပါ ဒေသများတွင် အခြေချနေ ထိုင်နေကြသူများဖြစ်သည်ဟု သိရသည်။

လူသားအချင်းချင်း ခေါင်းပုံဖြတ် ကျူးလွန်နေကြသည့် လူကုန်ကူးမှုများ ကို ကျူးလွန်နေကြရာတွင် အဓမ္မ ထိမ်းမြားမှု၊ အဓမ္မပြည့်တန်ဆာပြုမှု၊ အဓမ္မလုပ်အားစေခိုင်းမှု၊ ကလေး သူငယ် လူကုန်ကူးမှုဖြစ်စဉ်များနှင့် အဓမ္မသူတောင်းစား စေခိုင်းမှုစသည့် ဖြစ်စဉ် အမျိုးအစားများအတွက် လူကုန်ကူးမှုများကို ကျူးလွန်နေကြ ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများ ၏ လေ့လာသုံးသပ်ချက်များအရ သိရှိရသည်။

http://www.news-eleven.com/
Share this article :

1 comments:

Anonymous said...

ဒီထက် ပိုဦးမယ် ထင်ပါတယ် ...
ငြိမ်းစိုးဦး

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။