၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၁ရက်နေ့မှစတင်ကာ လုံခြုံရေး အရ ဖောက်ထွင်းမြင်သာနိုင်သည့် အိတ်မျိုးသာရုံးအတွင်းသို့ ယူဆောင် ခွင့်ပြုတော့မည်ဟု မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး ဌာန၌ ကြေညာ ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံကူး လက်မှတ် ထုတ်ပေးရေးဌာန အနေဖြင့် နေ့စဉ် ပတ်စ်ပို့လာရောက် လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ၏ လုံခြုံရေးအား စိစစ်လျက်ရှိနေရာ ယခုကဲ့သို့ ဖောက်ထွင်းမြင်သာနိုင် သည့်အိတ်မျိုးသာ ယူဆောင်လာရန်ရာတွင် လက်ဆွဲအိတ်၊ လက်ကိုင်အိတ် အမျိုးအစားများလည်း ပါဝင်ကြောင်း ထုတ်ပြန်ထားချက်အရ သိရှိရပါသည်။
"ပတ်စပို့ရုံးထဲကိုဝင်ရင် ရုံးအ၀င်ဝမှာ နဂိုကတည်းကတော့ လုံခြုံရေးအရ စစ်ဆေးတာတွေရှိပါတယ်။ ဒါပေမယ့် အခုက လုံခြုံရေးပိုကြပ်မတ် လိုက်တဲ့သဘောပါ။ ရုံးထဲဝင်မယ့်သူတွေကိုတော့ အိတ်တွေဖွင့်စစ်ဆေးတာ လောက်ပဲရှိပါတယ်။ ဈေးဝယ်စင်တာတွေမှာ လုံခြုံရေးစစ်သလိုမျိုးတော့ လူတစ်ယောက်ချင်းကို စစ်တာမျိုးတော့ မရှိပါဘူး"ဟု သြဂုတ်လအတွင်း နိုင်ငံကူး လက်မှတ်ပြုလုပ်ခဲ့သူတစ်ဦး က ပြောပြခဲ့သည်။

"အရင်ကတော့ ဒီလိုထုတ်ပြန်ချက်နဲ့ ဆင်တူ သဘောမျိုးတွေရှိခဲ့တယ်။ အိတ်ဆိုတာ ခရီးဆောင် အိတ်သာမက အမျိုးသားရောအမျိုး သမီးရော လွယ်တဲ့အိတ်ဆိုက်စုံကို ပြောတာပါ။ ရုံးထဲကိုလိုအပ်တဲ့ စာရွက်စာတမ်းနဲ့ ပိုက်ဆံအိတ်လောက်ပဲ ယူခွင့်ရှိတာပါ။ အခုမှစာကပ် ကြေညာထားတာမျိုး တွေ့ရတာပါ"ဟု ၎င်းကလွန်ခဲ့သော သုံးနှစ်ကာလက တစ်ကြိမ်ပတ်စ်ပို့ ပြုလုပ်စဉ်ကြုံတွေ့ခဲ့မှုအား ပြန်လည်ပြောပြခဲ့သည်။
ထို့ပြင် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ကာ မည်သည့်အိတ်မျိုးမဆို ရုံးတွင်းသို့ယူဆောင်ရာ၌ လုံခြုံရေး အရဖောက်ထွင်းမြင်သာမှု ရှိစေသော အိတ်များကိုသာ ယူဆောင်ခွင့်ပြု တော့မည်ဖြစ်သည့်အပြင် ယခုသြ ဂုတ်လပိုင်းအတွင်း၌ လုံခြုံရေးတိုးမြှင့်ထားစေသည့် အခြားတစ်စုံတစ်ရာ ထူးခြားမြင်တွေ့ခြင်း မရှိသေးကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၀န်းကျင်၌ စာရေးကိရိယာ ရောင်းချသူတစ်ဦးက ပြော ပြခဲ့သည်။

http://www.news-eleven.com/
0 comments:
Post a Comment