မလေးရှား မှ မြန်မာများ အတွက် သတိပေးချက်
ရထားဘူတာများ သို့ သွားရောက်ပါက သတိထားစေလိုပါတယ်။
မလေးရှား ရဲများက အိုသမားများ စစ်ဆေးခြင်း ၊ စာအုပ်ရှိသူများကို
အလုပ်လုပ်ခွင့် ပါမစ် စစ်ဆေးခြင်း များကို စစ်ဆေးလျှက် ရှိပါသည်။
ပြီးခဲ့တဲ့ တနင်္ဂနွေ ကလည်း KL Central မှာ အထွက်မှ စောင့်ပြီး
ဖမ်းဆီးခဲ့ကြပါတယ်။
တရားဝင်သူများ ၊ အိုဗာစတေး သမားများ အားလုံး
အတတ်နိုင်ဆုံး သတိထား ရှောင်ရှားသွားသင့်ပါတယ်။
ယခု 8 လပိုင်းသည် မလေးရှား နိုင်ငံ၏ အထူးကြပ်မတ်သော Puasa ကာလ
ဖြစ်သည့်အပြင် မလေးရှား အစိုးရ အနေဖြင့် ကြပ်မတ်မှု့များရှိတာကြောင့်
စနေ ၊ တနင်္ဂနွေနေ့မျိုး အသွားအလာ ဆင်ခြင်သင့်ပါတယ်။
ရထား ဘူတာများ တွင် ဖမ်းဆီးမှုများမှာ
KL Central , Sungai Buloh , Rawan , 3 နေရာ တွင်ဖြစ်ပါတယ်။
အစစ အဆင်ပြေပါစေ ..........
*မည်သူမဆို ထူးခြားသတင်းအားလုံး သိရပါက ဧဒင်ဥယျာဉ်ရှိ မလေးရှားအဖွဲ့
စာမျက်နှာတွင် ရေးသားထားရန် နှိုးဆော်သည် ။*
ထို နည်း ထူ ပါ ပဲခင်ဗျာ ...
ကျွန်တော်ဆိုက်လေးကလည်း အဝေးရောက် မြန်မာအများစုအတွက်
အရေးကြီးသော သတင်းများကို ဖော်ပြပေးလျှက် ရှိပါတယ်ခင်ဗျား။
မလေးရှားသတင်း ၊ ထိုင်းသတင်း ၊ စင်္ကာပူသတင်း စသည့်များကို
ကူညီပေးပို့လိုပါက nayzawlin1@gmail.com သို့ကျေးဇူးပြ၍ ပို့ပေးကြပါခင်ဗျား။

1 comments:
ဘာလို့ ဖမ်းတာလဲ ...
ဘာလို့ ဖမ်းတယ်လို့လည်း
စာထဲ ထည့်မရေးဘူး ...
ရထားဘူတာများ သို့ သွားရောက်ပါက သတိထားစေလိုပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ ကလည်း KL Central မှာ အထွက်မှ စောင့်ပြီး
ဖမ်းဆီးခဲ့ကြပါတယ်။
အလကားနေရင်းကို ဖမ်းတာလားး ... ??
Post a Comment