Home » » မြန်မာအလုပ်သမား အများစုရှိကြသော မလေးရှား နိုင်ငံသည် အာရှ၏ အလုပ်သမား အများဆုံးတင်ပို့ ရာဈေးကွက်ဖြစ်လာ

မြန်မာအလုပ်သမား အများစုရှိကြသော မလေးရှား နိုင်ငံသည် အာရှ၏ အလုပ်သမား အများဆုံးတင်ပို့ ရာဈေးကွက်ဖြစ်လာ

Written By မောင်စေတနာ on Friday, August 27, 2010 | 8:11:00 PM



မြန်မာအလုပ်သမား အများစုရှိနေကြသော မလေးရှားနိုင်ငံသည် အာရှ၏အများဆုံးသော အလုပ်သမား ဈေးကွက်တင်ပို့ရာ ဈေးကွက်တစ်ခု ဖြစ်လာကြောင်း အာရှနိုင်ငံများရှိ သတင်းဝက်ဘ်ဆိုက် များ၏ ဖော်ပြ ထားချက်များအရ သိရှိရသည်။

အများအားဖြင့် အာရှနိုင်ငံများထဲမှ အောက်ခြေ၀န်ထမ်း အလုပ်နေရာများတွင် လုပ်ကိုင်နေကြသူများမှာ အာဆီယံဒေသတွင်း နိုင်ငံများမှဖြစ်ကြပြီး အင်ဒိုနီးရှားနိုင်ငံသားများမှာ အများဆုံးဖြစ်သည်ဟု မလေးရှား အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားခဲ့သည်။

ထို့ပြင် မြန်မာလူမျိုးများမှာလည်း မလေးရှားသို့ အလုပ်လုပ်ရန် ထွက်ခွာခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုမက ကြာခဲ့ကာ စက်ရုံဝင်းအတွင်း လူပေါင်း ၆၀၀ ကျော်ရှိလျှင် မြန်မာလူမျိုး ၁၀၀ ခန့်ကိုပင် တွေ့ မြင်လာရကြောင်း မလေးရှားစတီး စက်ရုံဝန်ထမ်း မြန်မာအမျိုးသမီး တစ်ဦးက ပြောပြခဲ့သည်။



ယခုအခါ မလေးရှားနိုင်ငံသို့ အာဆီယံဒေသတွင်း နိုင်ငံများမှ အလုပ်သမားများ သွားရောက်မှုများသည့် နည်းတူ အချို့သောမြို့များတွင်ပင် မြန်မာစားသောက်ဆိုင်၊ မြန်မာသနပ်ခါးများပင် ရောင်းချလျက်ရှိနေသည် ဟု မလေးရှားရှိ လျှပ်စစ်စက်ရုံသို့ လွန်ခဲ့သော ငါးနှစ်ကာလခန့်က ရောက်ရှိခဲ့သော မြန်မာအမျိုးသမီး တစ်ဦးက ပြောပြခဲ့သည်။

"မလေးရှားကို ၂၀၀၅ လောက် က စရောက်တော့ မြန်မာဆိုလို့ စက်ရုံဝင်းတစ်ခုလုံးမှာ အရမ်းရှားတယ်။ အခု ရောက်နေတဲ့သူတွေကလည်း သူတို့ဆွေမျိုးတွေကိုလာဖို့ တစ်ဆင့်ခေါ်ရင်း အခု နယ်ကအမျိုးတွေ၊ အ သိတွေအားလုံးပေါင်း စက်ရုံဝင်းမှာ လူတစ်ရာကျော်လောက်ကို ရှိနေပြီ။ တခြားနိုင်ငံသားတွေကလည်း ကျွန်မတို့ နည်းတူပဲ။ သူတို့နဲ့နီးစပ်ရာက လူတွေကို ဒီကိုလာဖို့ခေါ်ကြတာပဲ" ဟု ၎င်းက ဆက်လက်ပြောပြခဲ့ပါသည်။

စက်ရုံဝင်းများ၌ အလုပ်သမား အများစုမှာ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဖိလစ်ပိုင်၊ မြန်မာများသာ ဖြစ်ပြီး အင်ဒိုနီးရှား လူမျိုးများမှာ သူ နာပြု၊ အိမ်အကူများအဖြစ်သာ အများဆုံး လုပ်ကိုင်ကြကြောင်း မလေး ရှားရောက်မြန်မာများ၏ ပြောကြားချက်အရ သိရှိရပါသည်။

ယင်းကဲ့သို့ အာဆီယံဒေသ တွင်းနိုင်ငံများသာမက အာရှနိုင်ငံများမှပင် အလုပ်သမားတင်ပို့ရာ အများဆုံးဈေးကွက်အဖြစ် မလေးရှား မှာ ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေးကျဆင်းမှု မဖြစ်ပေါ်မီကပင် ရှိနေခဲ့ကြောင်း သိရှိရပါသည်။

http://www.news-eleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။