Home » » ထိုင်းနိုင်ငံမှ သတင်းစာ ရှင်းလင်းပွဲ

ထိုင်းနိုင်ငံမှ သတင်းစာ ရှင်းလင်းပွဲ

Written By မောင်စေတနာ on Friday, August 27, 2010 | 3:57:00 PM

Thursday, August 26, 2010
ရွေ့ပြောင်း အလုပ်သမားများ ၏ နိုင်ငံသား စီစစ်ရေး
လုပ်ငန်း အပေါ်ထိုင်းအစိုးရ၏ သဘောထား အားမေးမြန်း ....


(သြဂုတ် ၂၅၊၂၀၁၀)

ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့်ပညာရှင်များအား၊ လူ့အခွင့် အရေးနှင့် အလုပ်
သမား အခွင့်အရေးလှုပ်ရှားသူများ ကဖိတ်ခေါ်ပြီးတွေ့ဆုံပြီးရွေ့ပြောင်း အလုပ်
သမားများ နိုင်ငံသား စီစစ်မှု လုပ်ငန်းစီမံခန့် ခွဲမှုသဘောထား တို့ကို ယမန်နေ့ 
ကတွေ့ ဆုံမေးမြန်း ဆွေးနွေးပွဲ တစ်ရပ်ကျင်းပခဲ့ကြသည်။

ထိုင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးအစည်းဝေးခန်းမတွင်၊ ထိုင်းအလုပ်သမား
ဒုဝန်ကြီး၏ရွေ့ပြောင်း အလုပ်သမားရေးဆိုင်ရာ ကျွမ်းကျင်သူအခူရတ်ခွန်ဂျရပ်နှင့်ထိုင်း
ရှေ့နေများ ကောင်စီအပါအ၀င် အလုပ်သမားရေးရာကျွမ်းကျင်ပညာရှင်များနှင့် အလုပ်
သမားများ အာမခံကော်ပိုရေးရှင်း တို့ကလာရောက် ဖြေကြားခဲ့ကြသည်။

ထို့ နောက်ထိုင်းအလုပ်သမားသမဂ္ဂများ ဆိုင်ရာ အ တွင်းရေးမှူး ဆာဝိကရောဝန်က
“ထိုင်းနိုင်ငံဟာကုလသမဂ္ဂရဲ့ လူ့ အခွင့်အရေးဆိုင်ရာအမြဲတမ်း ကော်မတီဝင် နိုင်ငံ
ဖြစ်တယ်။ဒီလိုအသိအမှတ်ပြုထားတာဟာလူ့ အခွင့်အရေးကိုလေးစားလိုက်နာတဲ့
နိုင်ငံ အဖြစ်အသိအမှတ်ပြုလို့မို့ဖြစ်တယ်။



ခု ထိုင်းအစိုးရက ဗမာအလုပ်သမားတွေအပေါ်လူ့ အခွင့်အရေးချိုး ဖေါက်နေတာဟာ
အထူး စိုးရိမ်စရာဖြစ်ပါတယ်။ ကုလသမဂ္ဂကဒီမကောင်းတဲ့သတင်းအချက်အလက်တွေ
ကိုသိသွားရင်ကျနော်တို့ တိုင်း ပြည်မှာရှိနေတဲ့ ဂုဏ်သိက္ခာတွေမြောင်းထဲ ရောက်သွားပါ
မယ်။ထိုင်းနိုင်ငံကိုအဲဒီလိုလူ့ အခွင့်အရေးချိုး ဖေါက်တဲ့နိုင်ငံစာရင်းကို သွင်းချင်နေကြပြီ
လားလို အစိုးရနဲ့ဝန်ထမ်းတွေကို မေးချင်တယ်။

ထိုင်းနိုင်ငံမှာ အလုပ်သမား တွေကိုအခွင့်အရေးချိုး ဖေါက်နေတယ်လို့ ထိုင်းပစ္စည်း တွေကို
တင်သွင်းနေကြတဲ့နိုင်ငံတွေ ကသိသွားပြီး တော့ ထိုင်းကုန်ပစ္စည်းတွေကိုလက်မခံပဲသပိတ်
မှောက်လိုက်ရင် တိုင်းပြည်စီးပွားရေး အတွက် စိုးရိမ်စရာဖြစ် လာနိုင်ပါတယ်”
ဟုပြောဆိုသွားသည်။

အခန်းအနားကိုဦးဆောင်ကျင်းပသည့် လူ့ အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖေါင်ဒေးရှင်း
လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းHRDFမှ အထွေထွေအတွင်း ရေး မှူး
စုန်ချိုင်းဟွန်လအော် က“သတင်းသမားတွေ ဟာ ပြည်သူတွေကို အမှန်အတိုင်း သတင်း
အချက် အလက် တွေကိုပေးသင့်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က မဟာချိုင်မှာ ငွေထုတ်စက် ATM ပုံတွေမှာဗမာစာနဲ့ လုပ်လို့ ရတယ်။
ပြီးတော့ မြန်မာအလုပ်သမားတွေတည်ထောင်ထားတဲ့ စာကြည့်တိုက်တွေမှာ မြန်မာစာနဲ့ 
ရေးထားတာတွေ မြန်မာအသုံးအဆောင် တွေရောင်းချတဲ့ဆိုင်တွေမှာ မြန်မာလို့ ရေးထား
တာတွေ ဟိုနားဒီနားသွားတဲ့ လူတွေ အပေါ်အင်္ကျီ မ၀တ်ပဲ၊ပုဆိုးဝတ်ပြီးသွားတာတွေကို
ရေးကြီးခွင်ကျယ် ဓါတ်ပုံတွေရိုက်ပြီးတော့၊မဟာချိုင်ကို ဗမာ တွေသိမ်းထားပြီး ဆိုပြီး
မက်ဆေ့ပေးထားတာဟာ မလုပ်သင့်တဲ့လုပ်ရပ်လို့ ကျနော်မြင်ပါတယ်။

ကဲ ဒါဆို အခြား နေရာတွေမှာ တရုတ်လိုရေးထားလို့ တရုတ်သိမ်းပြီလို့ ဘာလို့ မရေး
တာလဲ။ အင်္ဂလိပ်လိုရေး ထားတဲ့နေရာကို အင်္ဂလိပ်တွေသိမ်းပြီးလို့ ဘာလို့ မရေးတာလဲ
ဘာဖြစ်လို့ မြန်မာတွေအပေါ်ဖိနှိပ်ချင်ရတာလဲ၊ ဘာကြောင့် ဒီလိုလုပ်ရတာလဲ”ဟုမေးခွန်း
ထုတ်သွားသည်။

ထိုင်း အလုပ်သမားဒုဝန်ကြီး၏ ကိုယ်စားလှယ်အခူရတ်ခွန်ဂျရပ်“နှစ်ပေါင်း၂၀ လောက်
အမြစ်တွယ်နေတဲ့ ခြစားမှုတွေ၊ အောက်မှာ ခုတင်ပြကြတဲ့အချက်အလက်တွေကိုချက်ခြင်း
ပြောင်းလဲဖို့ ခက်ပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်းအလုပ် သမားတွေနဲ့ ပတ်သက်ပြီး
အကောင်းဆုံး ဘယ်လိုသတ်မှတ်မလဲ လုပ်ပေးနိုင်မလဲလို့စဉ်းစားနေပါတယ်။

အောက်ခြေမှာ မတရားဖြစ်ပျက်နေတာတွေ၊ခြစားအဂတိ လိုက်စားမှုတွေ၊မတရားမှုတွေ
လူ့ အခွင့်အရေးချိုးဖေါက်မှုတွေကို သိနေပါတယ် ဒါပေမယ့် ချက်ခြင်းပြုပြင်ပြောင်လဲဖို့ 
ခက်ပါတယ်။ အစိုးရ၊၀န်ထမ်းနဲ့ ပြည်သူတွေအပါအ၀င် ခုကြွရောက်လာတဲ့အဖွဲ့ အစည်း
တွေပါ ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ထိုင်းလူမျိုးတွေဟိုတုန်းကနဲ့ စာရင်မြန်မာအလုပ်သမားတွေအပေါ်ထားတဲ့သဘောထား
တွေ၊အရင်ကထက်စာရင်ကောင်းလာတယ်လို့ကျနော်မြင်တယ်၊အတိုင်းအတာတစ်ခု
အထိနားလည်လာကြပြီလို့ ကျနော်ယုံကြည်ပါတယ်။ဘယ်နေရာမှာမဆိုခြောက်ပြစ်
ကင်းဆိုတာတော့ရှိမယ်မထင်ပါဘူး၊ဒါပေမယ့်အကောင်းဆုံးဖြစ်အောင်တော့လုပ်ကြ
ရပါမယ်”ဟုပြောဆိုသွားသည်။

နိုင်ငံခြားအင်ဂျီအို တစ်ခုမှ နိုင်ငံခြားသားတစ်ဦးက “ထိုင်နိုင်ငံအတွင်း နေ့ စဉ်အနည်းဆုံး
လူ ၁၀၀၀ ဖမ်းဆီတယ်၊လူတစ်ယောက်ကို အနည်းဆုံးဘတ် ၃၀၀၀ စီတောင်းယူတယ်
နည်းတဲ့ငွေလားဗျာ၊ခုမဟာချိုင်မှာ နေ့ တိုင်းဖမ်းနေတယ် အလုပ်သမားတွေကို ငွေထွက်
တဲ့တွင်းတွေအဖြစ် ထိုင်းပုလိပ်တွေနဲ့ ထိုင်းလမ်းသရဲတွေမှတ်ထားကြတယ်။

ဒီကြားထဲအသတ်ခံရ၊မုဒိမ်းကျင့်ခံရတာရှိသေးတယ်၊အလုပ်ကြမ်းလာလုပ်ကြတဲ့မြန်မာ
အလုပ်သမားတွေအပေါ်အလွန်ရက်စက်ကြပါတယ်၊ဒီအကျင့်ဆိုးတွေကိုဖျောက်ပစ်ဖို့ 
ကျနော်တို့ တိုက်တွန်းချင်ပါတယ်”ဟုပြောသည်။

ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင် IDC တွင် ဘာသာပြန်ပေးလေ့ရှိသည့်
အင်ဂျီအိုတစ်ခုမှ အမျိုးသမီးအရာရှိတစ်ဦးက“ ကျမဘာသာပြန်ပေးရပါတယ်၊ဒါပေမယ့်
အမှုဖြစ်စဉ်နဲ့ ထိုင်းပုလိပ်တွေ အမှုစွဲတင်ထားတာနဲ့ တခြားစီဖြစ်နေတာက များပါတယ်၊
ဒါမျိုးတွေမဖြစ်အောင် ဥပဒေကြောင်းအရ အပြင်းအထန် ကာကွယ်ထားဖို့ လိုပါတယ်။

ခုဟာကဗမာတွေကို၊ချချင်တဲ့ပုဒ်မနဲ့ ထောင်ချနေသလိုဖြစ်နေပါတယ် အပြစ်မရှိပဲ ထောင်
ကျမယ့်ဆဲဆဲလူတွေ အများကြီးရှိနေပါတယ်”ဟုအကြံပြုတင်ပြသွားသည်။ထိုင်းနိုင်ငံအတွင်း
သို့ နေ့ စဉ် လူထောင်ချီပြီးဝင်ရောက်နေကြောင်း၊လူတစ်ဦးကိုအနည်းဆုံးဘတ်ငွေ တစ်သောင်း
ခွဲပေါက်ဈေးရှိသဖြင့် အဆိုပါငွေကြေးလည်ပတ်မှုမှာ ခြစားမှုကိုအထူးအားပေးနေကြောင်း။

ယခုအတိုင်းထိုင်းနိုင်ငံဆက်လက်လုပ်ဆောင်နေပါက တိုင်းပြည်၏ ဂုဏ်သတင်းနှုင့်တိုးတက်
မှုတို့ မှာ တဖြည်းဖြည်းနောက်ကိုရောက်ရှိသွားပြီးသိက္ခာကျလာမည်ဖြစ်ကြောင်းအစည်းအဝေး
တက်ရောက်လာသည့်အဖွဲ့ အစည်းများက ထောက်ပြ ပြောဆိုကြသည်။

ဤအခမ်းအနားကိုဦးဆောင်ကျင်းပသည့် HRDF မှ ကိုစိန်ဌေးက “ဒီဖက်မှာ အစိုးရကို ကျနော်
တို့ တင်ပြနေသလိုပဲ၊မြန်မာအလုပ်သမားတွေကိုကျနော်ပြောချင်တာက ကိုယ်လုပ်တဲ့အလုပ်ကို
သိဖို့၊ကိုယ်နေတဲ့နေရာကိုသိဖို့ ၊ကိုယ့်အနီးပတ်ဝန်းကျင်ကအဖွဲ့အစည်းတွေကို သိအောင်
လုပ်ထားဖို့ ပြောချင်ပါတယ်။

ဘာကြောင့်ဒါကိုပြောရသလဲဆိုရင် ပြဿနာတစ်ခုတက်လာရင်၊ကိုယ့်အလုပ်ကိုမသိ
ကိုယ်နေတဲ့နေရာကိုမသိ၊အခြေခံဒီကိစ္စကစပြီးကျနော်တို့ လုပ်နေရရင်အချိန်ကုန်တာ
ပေါ့ဗျာ ကိုယ့်တာဝန်ကိုယ်သိကြဖို့ လိုတယ်လို့ ပြောချင်ပါတယ်”ဟုအကြံပြုသွားသည်။

ဘန်ကောက်အခြေစိုက်ဖွဲ့ စည်းထားသည့် ထိုင်နိုင်ငံရောက်မြန်မာနိုင်ငံသားများ အသင်းကမူ
“ ယာယီပတ်စပို့  မတိုင်ခင် ၂၀၀၉ခုနှစ်ကလုပ်ခဲ့သည့် ပန်းရောင်ဘတ်ကို ထိုင်းနိုင်ငံအတွင်း
နေထိုင်ခွင့်၈လသာခွင့်ပြုခဲ့သော်လည်းထိုင်းအစိုးရက တစ်နှစ်စာအပြည့် ငွေယူလိုက်သဖြင့်
မြန်မာအလုပ်သမား ၃သိန်းလုပ်လျှင် အလုပ်သမားတစ်သိန်းဖို့ထိုင်းအစိုးရ မတရားယူလိုက်
ကြောင်း ။

ယခုနှစ်နိုင်ငံအစိုးရတို့ က လုပ်သင့်လုပ်ထိုက်၍ လုပ်သည်ဆိုသော ယာယီပတ်စပို့ ကိစ္စကိုလည်း
ကြားခံကုမ္ပဏီများကိုမျက်နှာလွဲလုပ်ခိုင်းလိုက်သဖြင့် ပွဲစားအမျိုးမျိုးတို့ ၏ လိမ်လည်လှည့်ဖြားမှုကို
မြန်မာအလုပ်သမားခံနေရကြောင်း ငွေကြေးကုန်ကျမှုအထူးများကြောင်းတင်ပြခဲ့သည်။

ထို့အပြင်ယာယီပတ်စပို့ လုပ်ပြီး work permit လုပ်ငန်း သက်တမ်းတိုး စသည့်လုပ်ငန်းစဉ်
အားလုံးတို့ တွင်ပွဲစားများဖြင့်လုပ်နေရသဖြင့်အလုပ်သမားများမှာ ငွေကြေးကုန်ကျမှုများကြောင်း
အထူးသဖြင့် တရားဝင်လုပ်ကိုင်ထားသည့်မြန်မာအလုပ်သမားများအား တရားဥပဒေ၏အကာ
အကွယ်ကို မှန်မှန်ကန်ကန်ရရှိစေရန်ထိုင်းအစိုးရမှတာဝန်ယူပေးစေလိုကြောင်း
ဘန်ကောက်မြို့လုမ္ပနီညဈေးတွင်ဖမ်းဆီးငွေတောင်းနေမှုတို့ အား”တင်ပြခဲ့သည်။

အခန်းအနားကို ဘန်ကောက်မြို့မြောက်ဘက် ကီလိုမီတာ၅၀ခန့် အကွာတွင်ရှိသည့် ထိုင်းအစိုး
ရရုံးချုပ်များ ရုံးစိုက်ရာနေရာရှိ ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အစည်းဝေးခန်းမ
တွင် နံနက် ၈နာရီမှ ညနေ ၄နာရီအထိကျင်းပခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲ ကိုရှေ့ဦးစွာပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ထိုင်းအစိုးရ
အလုပ်သမား ၀န်ကြီးဌာနအဖွဲ့ အစည်းများ ထိုင်းရှေ့နေများကောင်စီ၊ILO,IRC
ထိုင်းလူ့ အခွင့် အရေးအဖွဲ့ အစည်းများ ထိုင်းမြန်မာအလုပ်သမား အဖွဲ့ အစည်းများ
အင်ဂျီအိုများနှင့်ချင်းမိုင် /မဟာချိုင်တို့ မှ အလုပ်သမားအချို့တို့ စုစုပေါင်း အင်အား
တစ်ရာကျော်ခန့်  တက်ရောက်ခဲ့ကြသည်။
သတင်း
ကိုကျော်သောင်း(ဘန်ကောက်)
http://jacbaburma.blogspot.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။