Home » » သိက္ခာရှိရှိနေတတ်ဖို့တော့လိုနေပြီ မြန်မာအမျိုးသမီးတို့ရေ .....

သိက္ခာရှိရှိနေတတ်ဖို့တော့လိုနေပြီ မြန်မာအမျိုးသမီးတို့ရေ .....

Written By မောင်စေတနာ on Friday, August 27, 2010 | 8:54:00 PM



ဒီဆောင်းပါးလေးကို ကျွန်မရေးသား တင်ပြလိုက်လိုက်ခြင်းဟာ ဘယ်သူ့ကိုမှ
ထိခိုက်နစ်နာစေ ချင်တဲ့ဆန္ဒနဲ့ ရေးသားခြင်းမျိုးမဟုတ်ပါ။ မနာလိုမရှု စိတ်နဲ့
ရေးသားခြင်းမျိုးမဟုတ်ရပါဘူး။ ကိုယ့်ညီမ ကိုယ့်သမီး ၊ ကိုယ့်ဆွေမျိုး ရင်းချာ
လို သဘောထားပြီး တကယ်စေတနာ အရင်းခံနဲ့ ရေးသားတင်ပြခြင်းမျိုးပါ။

နံပါတ်(၁)အနေနဲ့စပြောချင်တာကတော့ ခုခေတ်ခု ခါမှာဝတ်စားနေကြတဲ့
ဝတ်စားဆင်ယင်မှုတွေပါပဲ။ ခေတ်မီမီဝတ်တာ အပြစ်တစ်ခုလားလို့မေးစရာ
ရှိပါတယ်။ ၀တ်လို့ရပါတယ်။ စကပ် ၊ ဘောင်းဘီ စသည်ဖြင့် လှပခေတ်မီတဲ့
အ၀တ်အစားတွေကို သိက္ခာရှိရှိလုံလုံခြုံခြုံဝတ်ဆင်ကြမယ်ဆိုရင်ခုလိုဆောင်း
ပါးတွေရေးနေစရာမလိုပါဘူး။

လှလှပပခေတ်မီမီနဲ့မဖော်အပ်တဲ့နေရာတွေကို မဖော်ပဲဝတ်ဆင်ကြမယ်ဆိုရင်
စိတ်ချမ်းသာစရာကောင်းပြီးအလွန်တရာမင်္ဂလာရှိတဲ့ သမီးပျိုတွေဖြစ်ကြမှာပေါ့။


မိဘတွေအနေနဲ့လည်း အလိုလိုက်သင့်တာကိုလိုက်ပေမယ့် ခုလိုစည်းကမ်းမဲ့ဝတ်စား
ဆင်ယင်မှုတွေကို ကန့်သတ်တားမြစ်သင့်ပါတယ်။ အဆိုးဆုံးကတော့ ဘုရား၊ကျောင်း
ကန်တွေကိုလာတဲ့အချိန်မှာ စကပ်တို့၊ ဘောင်းဘီတို့တကားကားနဲ့လာခြင်းဟာ မိဘ
ကိုများစွာထိခိုက်ကဲ့ရဲ့စရာဖြစ်ပါတယ်။

အ၀တ်အစားဝတ်ဆင်တဲ့အခါမှာလည်း သူ့နေရာနဲ့သူ ၀တ်စားတတ်ခြင်းဟာလည်း
မင်္ဂလာတစ်ပါးပါပဲရှင်။အပေါ်ဖော်၊ အောက်ဖေါ်ဝတ်နေလို့လဲ ယောက်ျားအများစုက
လိုက်ကြည့်ရုံ၊မျက်စိအရာသာခံရုံကလွဲလို့ သူတို့စိတ်ထဲမှာအထင်ကြီလားမေးကြည့်
လုံးဝအထင်မကြီးတတ်ကြပါဘူး။

အနုပညာသည်အနေဖြင့်လည်း အ၀တ်အစားတွေကို ဂရုတစိုက်ဝတ်ဆင်သင့်ပါတယ်။
ပရိတ်သတ်ရဲ့ အတုယူအားကျတတ်တဲ့ အနုပညာရှင်တွေဟာ ရှေ့ဆောင်လမ်းပြသူတွေပါ။
ဝတ်စုံဖန်တီးသူတွေအနေနဲ့လည်းမြန်မာ့ယဉ်ကျေးမှုနဲ့လိုက်လျောညီထွေတဲ့ ၀တ်စုံတွေကို
တီထွင်ဖန်တီးသင့်ပါတယ်။

မော်ဒယ်လ်ရှိုးတွေရဲ့ ၀တ်စားဆင်ယင်မှုဟာကြောက်ဖို့ကောင်းလောက်အောင် ရိုင်းပြစွာ
ဝတ်ဆင်လာကြတာကို တွေ့ရတော့ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ခုလိုပြောလိုက်လို့
ကျွန်မဟာ ခေတ်နောက်ပြန်နေတဲ့ အဘွားကြီးတစ်ယောက်မဟုတ်ပါဘူး။ ကျွန်မလည်း
ယနေ့ခေတ်ရဲ့ ခေတ်လူငယ်တစ်ယောက်ပါပဲ။

ကျွန်မလိုခေတ်လူငယ်တစ်ယောက်တောင်ဒီလိုခံစားမိရင်၊ လူကြီးတွေမျက်စိထဲမှာ
ဘယ်လောက်မျက်စိဆံပင်မွှေးစူးနေမလဲဆိုတာ စာဖတ်ပရိတ်သတ်ကြီးပဲစဉ်းစား
ကြည့်ကြပါ။

အတုယူစရာနမူနာတစ်ခုကို ကျွန်မပြောပြချင်ပါတယ်။ ကျွန်မဗုဒ္ဓဂါယာကို ဘုရားဖူးသွားခဲ့
စဉ်က အိန္ဒိယနိုင်ငံရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုကိုကျွန်မကိုယ်တိုင်တွေ့မြင်ရပါတယ်။
သူတို့ရုပ်ရှင်ကားတွေထဲမှာဘယ်လိုဝတ်ဝတ်သူတို့ရဲ့တကယ့်နိုင်ငံမှာတော့ ဆာလီကိုပဲမြတ်
မြတ်နိုးနိုးဝတ်ဆင်ကြတာကို ကျွန်မ တွေ့ခဲ့ရပါတယ်။ နယူးဒေလီရောက်မှသာဂျင်းဘောင်းဘီ
စကပ်ဝတ်တာကိုတွေ့ခဲ့ရပါတယ်။

ကျန်တဲ့မြို့တွေမှာ ၅ပုံ ၄ပုံဟာဆာလီကိုပဲဝတ်ဆင်ကြပါတယ်။ဒါဟာဘယ်လောက်အတုယူဖို့
ကောင်းပါသလဲရှင်။ ဒုတိယအချက်အနေနဲ့ကတော့ ယောက်ျားတွေနဲ့ရင်ဘောင်တန်းပြီး အရက်
သေစာသောက်စားတတ်ခြင်း ပါပဲ။ အထူးသဖြင့် သင်္ကြန်တွင်းမြင်ရ၊ တွေ့ရတာတွေဟာတကယ်
ကိုစိတ်ပျက်စရာဝမ်းနည်းစရာကောင်းပါတယ်။

ယောက်ျားတွေနဲ့တန်းတူသောက်စားမူးရစ်နေကြပြီး စိတ်ပျက်ဖွယ်ရာ လွန်လွန်ကဲကဲ မူးနေကြခြင်း
ဟာကျွန်မတို့မြန်မာဓလေ့စရိုက်နဲ့ အလွန်တရာဆန့်ကျင်ဘက်ဖြစ်လွန်းအားကြီးနေပါတယ်။

ဒီလိုသောက်စားမူးယစ်နေခြင်းဟာ ကိုယ့်သိက္ခာ၊ ကိုယ့်တန်ဖိုးကို ကိုယ်ကိုယ်တိုင် ကျဆင်းအောင်
လုပ်နေကြတာဟာ ဘယ်လောက်ရှက်စရာကောင်းလဲဆိုတာကို မတွေးကြတော့တာလား။ မတွေးပဲ
လျစ်လျူရှုနေချင်သလိုနေနေကြတာလဲရှင်။

ခေတ်မီတာနဲ့သရုပ်ပျက်တာကို ယနေ့ခေတ်လူငယ်တွေ ခွဲခွဲခြားခြားစဉ်းစားသင့်တယ်။
ယနေ့ခေတ်လူငယ်တွေဟာ တစ်ချိန်ချိန်မှာ လူကြီးနေရာကိုရောက်လာခဲ့ကြရင် မိမိတို့ရဲ့
မျိုးဆက်သစ်တွေကိုဘယ်လိုဆုံးမ၊ သွန်သင်လမ်းညွှန်ကြမှာလဲ။ဒီလိုပုံစံတွေနဲ့ရှေ့ဆက်
လျှောက်ခဲ့ရင်နောင်တစ်ချိန်မှာအနာဂတ်ရဲ့မျိုးဆက်သစ် မိန်းကလေးတွေရဲ့အခြေအနေ
ဘယ်ထိဆိုးရွားသွားနိုင်မလဲဆိုတာ စဉ်းစားဆင်ခြင်သင့်ကြပါပြီ။

ခေတ်မီမီ၊ သိက္ခာရှိရှိနဲ့ တိုးတက်ထက်မြတ်တဲ့ မြန်မာအမျိုးသမီးကောင်းတွေဖြစ်အောင် ကြိုးစားနေ
ထိုင်ကြရင်း မိမိနိုင်ငံရဲ့ယဉ်ကျေးမှုတွေနဲ့လိုက်လျောညီထွေစွာနိုင်ငံတကာရဲ့တိုးတက်မှုတွေကိုရင်
ဘောင်တန်းနိုင်အောင်ကြိုးစားလျှောက်လှမ်းကြပါစို့။

ခိုင်လေး(ရွှေတောင်)
http://forverfriends.ning.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။