မလေးရှားမှ သူငယ်ချင်းများ အတွက်မျှဝေတာပါ။
သူငယ်ချင်းများ၊ဆွေမျိုးများရှိပါက ဒီစာလေးကိုမေးပို့ခွင့်ပြူပါသည်။
lawinphyu.luckyoctober@gmail.com
သာမန်လူတန်းစားများအတွက်အိမ်ပေါင်ခြံပေါင်သွားရောက်
လုပ်ကိုင်သောနိုင်ငံမှာ မြန်မာများ၏တတိယနိုင်ငံတော်မလေးရှားဖြစ်သည်
သူငယ်ချင်းများသိရှိစေရန်စာရေးသူ၏ဖြစ်ရပ်မှန်များကိုရေးသားလိုက်ပါသည်။
ပါမစ်မရှိသောသူငယ်ချင်းများ
၁။အသွားအလာဆင်ခြင်ပါ
၂။မြို့ထဲလိုနေရာမျိုးမသွားနှင့်
၃။စက်ရုံအတွင်သို့အော်ပရာစီဝင်ရောက်ပါက
ပုန်းခိုလို့ကောင်းမည့်နေရာရှာပါ ပြေးလျှင်လည်းမလွတ်ပါ
၎။သူများပါမစ်ကိုင်ထားပါကလွှတ်ပြစ်လိုက်ပါအပြစ်ပိုကြီးပါသည်။
ရဲလောက်ပဲကောင်းတာပါအဖွဲစည်းနဲ့တွေရင်မလွယ်ပါဘူး
၅။မိမိကိုးကွယ်ရာဘာသာရေးတစ်ခုကိုနေ့စဉ်သတိရပါ
ဗုဒ္ဓဘာသာဖြစ်ပါက သမ္ဗုဒ္ဓေဂါထာ ကိုသတိရတိုင်းရွက်ဖက်ပါ။
၆။ရင်ထဲတွင်မိဘအားထာဝစဉ်သတိရနေပါစေ
စာရေးသူ၏အကိုသည်KLသို့အရေးကြီကိစ္စဖြင့်သွားရာတွင်အော်ပရာစီနှင့်
တိုးပြီးလင်းခေးကန့်ထဲသို့ရောက်ရှိသွားသည်၊ထောင်ဒဏ်သုံးလအပြင်ကြိမ်ဒဏ်
သုံးချက်ပါရှိသည်ဟုကြားသိရပါသည်စိတ်မကောင်းတာကလွဲရင်ဘာမှမလုပ်ပေး
နိုင်ခဲ့ပါဘူးလုပ်ပေးနိုင်တာလေးတစ်ခုကမလေးရှားမှာ(ရင်းဂစ်၁၀၀၀)-
လေယဉ်လက်မှက်အပါဝင်မြန်မာပြည်ကို(ကျပ်၆၀၀၀၀)ပေးပြီးရင်
သုံးလပြည့်တာနဲ့အိမ်ကိုပြန်ရောက်သွားပါပြီ။
luckyတို့နေတဲ့စက်ရုံဝန်းထဲသို့ အော်ပရာစီတစ်ခါဝင်ရောက်ဖူးသည်
ကျွန်တော်လည်းကြံရာမရသည့်အဆုံးကားထဲတွင်
ဝင်ရောက်ပုန်းခို၍လွတ်မြောက်ခဲ့ပါတယ်။
ဘုရားတစ်ရားလည်းမမေ့နဲပေါ့ဗျာ
ရင်ထဲမှာမိဘဆိုတဲ့အသိတစ်ရားစိုးမိုးပါစေ အရာရာ
အဆင်ပြေသွားမှာပါ။
ခ။ဖရီးကောလင်း
ဖရီးကောလင်းဆိုသည်မှာ-အေးဂျင်းနှင့်သဌေးနားလည်မှုနှင့်
လုပ်ထားသောပါမစ်ဖြစ်သည်။
မလေးရှားမှတစ်ရားဝင်ခွင့်ပြူထားသောပါမစ်မဟုတ်ပေ
အပြင်မှာတော့ကိစ္စမရှိပါ။
လိပ်စာမတူပါကရစ်နိုင်ပါသည်၊လုပ်ငန်းခွင်အဝတ်စားအသစ်တစ်စုံ
အပိုဆောင်ထားပါ။ မေးတော့လည်းလာလည်တာပေါ့။
ဂ။စက်ရုံသို့တစ်ရားဝင်ရောက်ရှိလာသောသူငယ်ချင်းများ
ထိုသူငယ်ချင်းများရင်ဆိုင်ရသောပြသနာမှာအေးဂျင်းမြန်မာလိုခေါ်ရင်ပွဲးစားပေါ့နော်
ပြောတော့တစ်မျိုးရတော့တစ်လွဲ မှန်းချက်နှင့်နှမ်းထွက်တာကတစ်ခြားစီ
ညီမဖြစ်သူကိုမလေးခေါ်တော့အေးဂျင်းပြောတော့တစ်မျိုးရသည့်အလုပ်မှာ
လုံးဝမကောင်းပါ။ အပြင်ဆိုတာလည်းပေးမထွက်၊ခိုင်းတော့လည်း
မိုးလင်းမိုးချုပ်တဲ့လေနောက်ဆုံး
လုံးဝမရသည့်အဆုံးအန်တီကိုယ်တိုင်သွားခေါ်ရတာပေါ့။
အဲ့မှာအေးဂျင်းနဲ့ပြသနာစတက်တာပဲပြန်ခေါ်သွားတဲ့
အတွက်စာအုပ်မပေးဘူးဆုံးပြိတဲ့ ကြက်ဖသိချင်းထဲကလို ဘယ်ရမလည်းငါကလည်းဆိုပြီး
မြန်မာသံရုံးကိုသွားတိုင်တော့ကြောက်ရတာပေါ့ သံရုံကတစ်ရားစွဲတော့မှ
နောက်အလုပ်ကိုချိန်းပေးရတာပေါ့ဗျာ ...........
အေးဂျင်းများ၏အားနည်းချက်မှာမြန်မာသံရုံးဖြစ်ပါသည်။
ဆန္ဒပြရင်လည်းမြန်မာပြည်ကိုပြန်ရဖို့အလာလာရှိပါသည်ဆန္ဒပြမည့်အစား
သံရုံသို့စာရေးပြီးတိုင်ကြားပါကထိရောက်မှုပိုရှိပါသည်
အကျင့်မကောင်းသော အေးဂျင်းများ၏အားနည်းချက်မှာမြန်မာသံရုံးဖြစ်ပါသည်။
ဖြစ်နိုင်မယ်ဆိုရင်မလေးရှားလိုနိုင်ငံမျိုးမိန်းကလေးများမလာရင်ကောင်းဆုံးပါ
မိသားစုတိုင်းအိုးမကွာအိမ်မကွာစီးပွားရှာနိုင်ကြပါစေ
စာကြွင်း။ ။တစ်ရားဝင်နိုင်ငံတစ်ကာပေးရသောသံရုံးများအနက်
မြန်မာသံရုံးသို့ပေးရသော
အခွန်ခမှာဈေးအကြီးဆုံးဖြစ်သည်
ဗီယမ်နမ်သုံးနှစ်စာ(ရင်းဂစ် ၁၅)
မြန်မာသုံးနှစ်စာ(ရင်းဂစ် ၁၈၀၀)
lucky တို့ကတော့မြန်မာသံရုံးမပြောနဲ့
ပါမစ်ကြေးတောင်မဆောင်ဘူးရိုက်တော့လည်း
ဖင်မှာအချိုးရာလေးနဲ့တစ်တူးတောင်ထိုးစရာမလိုတော့ဘူး
တစ်နှစ်ကိုရင်းဂစ်၂၀၀၀ကျော်ကျန်လည်းနည်းလား။
မလေးရှားမှ မိတ်ဆွေများကို မျှဝေတာပါ။
http://www.edinooyin.com/
2 comments:
သြော် . . . ရင်မောရပါလား နော် . .
ဟုတ်ကဲ့ လိုက်နာပါမယ် ညီလေးခင်ဗျာ။ ဟီဟီ တို့ ကတော့ အမှန်အကန်ဆိုတော့ သိပ်တော့မကြောက်ဘူးပေါ့လေ။ ဒါပေမယ့် ဒီကောင်တွေနဲ့ စကားအများကြီးပြောရမှာ တော့မမိုက်ဘူ။ သိတဲ့ အတိုင်းပဲ။ မှန်နေရင်လည်း ရစ်ချင်ရင် လူလည်ကောင်ကြီးမှာ ရစ်နေတာ မမြင်ချင်မှ အဆုံးပဲ။ သတိပေးစကား ညီလေးမှာကြား။
အစ်ကို့ စကား။ ကျေးဂျူးတင်တယ်။
မိုးယံ
Post a Comment