Home » » အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်စစ်ထိုးမှု သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ

အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်စစ်ထိုးမှု သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိ

Written By မောင်စေတနာ on Saturday, July 17, 2010 | 2:25:00 PM


အင်္ဂါဂြိုဟ်နှင့် စနေဂြိုဟ်စစ်ထိုးမှု ဖြစ်စဉ်လာမည့် သြဂုတ်လ ၂ ရက်နေ့တွင် ဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ပညာရှင်များထံမှ သိရသည်။

အဆိုပါဂြိုဟ်နှစ်လုံး စစ်ထိုးမှုမှာ ကန်ရာသီခွင်အတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၃၈ မိနစ်၌ ဖြစ်ပေါ်မည် ဖြစ်ကြောင်းသိရသည်။ ယင်းဂြိုဟ်နှစ်လုံးသည် ပုံမှန်အားဖြင့် ပျမ်းမျှနှစ်နှစ်လျှင် တစ်ကြိမ်ဖြစ်ပေါ် လေ့ရှိပြီး ပါဠိအခေါ်အဝေါ်အားဖြင့် ဂြဟယုဒဟုခေါ်ကာ အင်္ဂလိပ်အခေါ် အားဖြင့်
Conjunction ဟုခေါ်ကြောင်း သိရှိရပါသည်။


ဒီဂြိုဟ်နှစ်လုံး စစ်ထိုးမှုက ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၀ ရက် နေ့ကတစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး နောက်ထပ်လည်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်ဖြစ်ဖို့ရှိပါတယ်။ အခု ဖြစ်စဉ်ကတော့ အရှေ့လောင်ဂျီတွဒ် ၀ ဒီဂရီ၊ ၁၄ မိနစ်နဲ့တောင်လတ္တီတွဒ် ၀ ဒီဂရီ ၀၁ မိနစ်မှာရှိတဲ့ ဂါနာနိုင်ငံတောင်ဘက်၊ တောင်အတ္တလန္တိတ် သမုဒ္ဒရာမှာ ဖြစ်ပေါ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာ အဲဒီဖြစ်စဉ်ကို မမြင်တွေ့နိုင်ပါဘူး။ ဒါပေမဲ့ အဲဒီ ဂြိုဟ်နှစ်လုံး စစ်မထိုးခင် အချိန်ဖြစ်တဲ့ သြဂုတ်လ ၁ ရက်နေ့ ည ၇ နာရီကနေ ည ၉ နာရီအကြားနဲ့ စစ်ထိုးပြီးအချိန်ဖြစ်တဲ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၄ နာရီ ကနေ နံနက် ၅ နာရီအကြား နက္ခတ်တာရာကြည့် မှန်ပြောင်းနဲ့ကြည့်ရင် ဒီဂြိုဟ်နှစ်လုံးကို မြင်တွေ့ရမှာဖြစ် ပါတယ်။

ဒီဖြစ်စဉ်ကိုအခြေပြုပြီး ခေတ်သစ်နက္ခတ်ပညာရပ် (Modern Astrology) မှာ ကံကြမ္မာ အခြေအနေအရပ်ရပ်ကို ဟောကိန်းထုတ်ကြတယ်။ ဒါကြောင့် ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အာဖရိက အနောက်ပိုင်းနိုင်ငံတချို့နဲ့ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အပါအ၀င်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရာသီဥတုနဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ ဖြစ်လာနိုင်တယ်' ဟု နက္ခတ်သိပံ္ပအဖွဲ့ မှ အမှုဆောင် အရာရှိချုပ် ဦးဇေယျာကိုက ဆိုပါသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။