Home » » မြန်မာသံရုံးများရှိရာနိုင်ငံများတွင် မြန်မာနိုင်ငံ ကူးလက်မှတ်သက်တမ်းတိုးခြင်းကို ပြန်လည် ဆောင်ရွက်ပေးနေ

မြန်မာသံရုံးများရှိရာနိုင်ငံများတွင် မြန်မာနိုင်ငံ ကူးလက်မှတ်သက်တမ်းတိုးခြင်းကို ပြန်လည် ဆောင်ရွက်ပေးနေ

Written By မောင်စေတနာ on Saturday, July 17, 2010 | 3:01:00 PM

မြန်မာသံရုံးများ ဖွင့်လှစ်ထားရာ နိုင်ငံအသီးသီးတွင် မြန်မာနိုင်ငံကူး လက်မှတ်များအား သက်တမ်းတိုးခြင်း ကိစ္စရပ်များကို ပြီးခဲ့သည် မေလမှစတင်ကာ ပြန်လည်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က စက်ဖြင့် ဖတ်ရှုစစ်ဆေးနိုင်သော ဘားကုတ်စနစ်သုံး မြန်မာနိုင်ငံကူးလက်မှတ် Machine Readable Passport MRP များကို ထုတ်ပေးသွားရန်ရှိသဖြင့် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ၂၀၁၀ ပြည့်နှစ် ဧပြီလမှစတင်ကာ မြန်မာသံရုံးများ ဖွင့်လှစ်ထားရာ နိုင်ငံများတွင် မြန်မာနိုင်ငံကူးလက်မှတ် အသစ်ထုတ်ပေးခြင်းနှင့် မြန်မာနိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးခြင်းတို့ကို ခေတ္တရပ်ဆိုင်း ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။



မြန်မာနိုင်ငံရှိ နိုင်ငံကူးလက်မှတ်များ ထုတ်ပေးရေးအဖွဲ့မှ စက်ဖြင့် ဖတ်ရှုနိုင်သည့် ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ်သစ်များကို ၂၀၁၀ ပြည့်နှစ် မတ်လမှ စတင်ထုတ်ပေးနိုင်ခဲ့ပြီး၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည် ပြည်ဆိုင်ရာ လေဆိပ်တို့တွင် ဘားကုတ်စနစ်သုံး နိုင်ငံကူးလက်မှတ်များကို စစ်ဆေးနိုင်သည့် စက်များ တပ်ဆင်ထားပြီး ဖြစ်သည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၉၂ နိုင်ငံနှင့် သံတမန်ဆက်သွယ်ထားပြီး နှစ်နိုင်ငံသံတမန် အပြန်အလှန်ဆက်သွယ်၍ သံအမတ်ကြီး ခန့်အပ်ထားရှိသော မြန်မာသံရုံး ၃၀ ရှိကြောင်း သိရသည်။ အဆိုပါ မြန်မာသံရုံးများမှ ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး ခြင်း၊ နိုင်ငံကူးလက်မှတ်အသစ် ထုတ်ပေးခြင်းနှင့် သက်တမ်းတိုးမြှင့်ခြင်း တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
http://www.weeklyeleven.com/
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။