Home » » ခရစ္စတီးနား နှင့် တွေ့ဆုံခြင်း ...

ခရစ္စတီးနား နှင့် တွေ့ဆုံခြင်း ...

Written By မောင်စေတနာ on Tuesday, May 10, 2011 | 4:30:00 AM

e455မီကိုကော်ဖီမစ်ကြော်ငြာနှင့် ပရိသတ်စတင် သတိထားမိခဲ့ပြီး အချိန်တိုအတွင်း သရုပ်ဆောင်တစ်ဦးအဖြစ် လက်ခံစေခဲ့သူ၊ အမြန်ယာဉ် ၄၃၊ 9A စသည့် ဇာတ်ကားများနှင့် ပရိသတ်ခိုင်ခိုင်မာမာ ရယူထားနိုင်သူ သရုပ်ဆောင် ခရစ္စတီးနားက အချိန်အတိုင်းအတာတစ်ခု အတွင်း သရုပ်ဆောင်အလုပ်များတွင် သွေးအေးနေခဲ့ပြီး ဂျာနယ်မဂ္ဂဇင်း စာမျက်နှာများ ထက်တွင်သာ တွေ့မြင်နေရသည်။ လတ်တလောတွင် သူပါဝင်ထားသည့် ‘လာထားအာဘွား’ ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသလာချိန်၌ ပရိသတ်အားပေးမှု ရရှိခဲ့သလို ဇာတ်ကားများအားလည်း ပြန်လည်ရိုက်ကူးလာခဲ့ရာ ခရစ္စတီးနား၏ လတ်တလော အနုပညာလှုပ်ရှားမှု၊ ရှေ့ဆက်မည့် အနုပညာခရီးနှင့် ငြိမ်သက်နေခဲ့သည့် အခြေအနေတို့အပေါ် မေးမြန်းဖြစ်ခဲ့ရာ . . . . .

မေး ။ လတ်တလော ရုံတင်ထားတဲ့ လာထားအာဘွား ရုပ်ရှင်ဇာတ်ကားမှာ ဟာသအမူအရာတွေနဲ့ ပရိသတ်ကြိုက်ကြတယ်နော်။ အဲဒီကားရိုက်ကူးစဉ်က အတွေ့အကြုံတွေ ပြောပြပေးပါဦး။

ဖြေ ။ အဲဒီကားက လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ရိုက်ထားတာပါ။ ခရစ္စ အနေနဲ့က ဟာသဆန်ဆန် ပုံစံလုပ်ရမယ်ဆိုတဲ့အတွက် နည်းနည်းတော့ ပြင်ဆင်ရပါတယ်။ ရိုက်ကွင်းရောက်တဲ့အခါ ဒါရိုက်တာ သင်ပေးတဲ့အတိုင်း ကိုမှ ခရစ္စအတတ်နိုင်ဆုံး ကြိုးစားပြီး သရုပ်ဆောင်ခဲ့တာပါ။ အဲဒီအပေါ်မှာ ပရိသတ်က အားပေးတယ်ဆိုတဲ့အတွက် ခရစ္စပျော်မိပါတယ်။

မေး ။ ဟာသ အမူအရာလုပ်ရတာက တခြားသော ဇာတ်ကောင်စရိုက်တွေနဲ့ ဆိုရင်ရော ဘာကွာခြားလဲ။

ဖြေ ။ ခရစ္စအတွက်ကတော့ ခက်ခဲပါတယ်။ နဂိုကတည်းကလည်း ခရစ္စက ခပ်အေးအေး နေတတ်တဲ့သူ ဆိုတော့ ရယ်စရာတွေ သိပ်မလုပ်တတ်ဘူး။ ဒါပေမယ့် ဘယ်ဇာတ်ကောင် စရိုက်မျိုးပဲဖြစ်ဖြစ်ပါ တစ်ခုချင်းကတော့ ခက်ခဲတာပါပဲ။ ခရစ္စတတ်နိုင်သလောက် ကြိုးစားပြီး သရုပ်ဆောင်တာမျိုးပဲ ရှိပါတယ်။

မေး ။ အရင် သရုပ်ဆောင်ပိုင်းမှာ ခပ်သွက်သွက်တွေ့ရပေမယ့် အခုနောက်ပိုင်း သွေးနည်းနည်းအေး နေသလိုပဲ။

ဖြေ ။ ခရစ္စက ဇာတ်နည်းနည်းရွေးတာနဲ့လည်း ဆိုင်မယ်ထင်တယ်။ ခရစ္စရဲ့ မျက်နှာပေါက် ပုံသဏ္ဌာန်အရလည်း အရမ်းကြီး ကလေးဆန်တာမျိုးတွေဆို မလိုက်တော့ဘူး။ အဲဒီတော့ လိုက်ဖက်တဲ့ပုံစံလောက်ပဲ ရိုက်ဖြစ်တာများတယ်။ တစ်ခါတလေ ကျတော့လည်း ခရစ္စနဲ့လုံးလုံး မလိုက်ဖက်တဲ့ ဇာတ်ကောင်စရိုက် မျိုးဆိုရင် လက်မခံဖြစ်ဘူး။ အဓိကတော့ ကိုယ့်ကိုကြည့်တဲ့ပရိသတ်တွေ အတွက် ကြည့်ဖြစ်တဲ့ အချိန်မှာ စိတ်ပျက်သွားတာမျိုး မဖြစ်အောင်တော့ စ လက်ခံကတည်းက ရွေးဖြစ်တယ်။ အဲဒီတော့ ကားရိုက်က နည်းနည်းကျဲသွား တာပေါ့။ နောက်ပိုင်းလည်း ခရစ္စနဲ့လိုက်ဖက်တဲ့ ဇာတ်ကောင်စရိုက်မျိုး ဆိုမှပဲ လက်ခံဖြစ်မှာပါ။

မေး ။ မင်းသမီးတွေများတဲ့ အချိန်ဆိုတော့ ရွေးချယ်မှုတွေများတဲ့အတွက် ရေရှည်အဆင်ပြေ နိုင်ပါ့မလား။

ဖြေ ။ အဲဒီအတွက်တော့ ခရစ္စစိတ်မပူပါ ဘူး။ ဇာတ်ကားတွေအများကြီး ထွက်နေတာမျိုးထက် ထွက်လာတဲ့တစ်ကား မှာ ခရစ္စကိုအသိအမှတ်ပြုရင်ပဲ ကျေနပ်ပါပြီ။ ကားရိုက်များချင်လို့တော့ တွေ့ကရာ ဇာတ်ရုပ်မျိုး လက်ခံဖြစ်မယ် မထင်ဘူး။ ကိုယ်နဲ့လိုက်ဖက်တယ် ထင်လို့ လာပြောတဲ့ ဇာတ်မျိုးကိုပဲ ခရစ္စအကောင်းဆုံးဖြစ်အောင် လုပ်ဖြစ်မယ်။ ဒါကို ပရိသတ်ကလည်း နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မေး ။ သရုပ်ဆောင်တစ်ယောက် အပြင်တခြားသော အနုပညာလှုပ်ရှားမှုတွေ လုပ်ဖြစ်ဖို့ရှိလား။

ဖြေ ။ ခရစ္စ တကယ်ဝါသနာပါတာက သရုပ် ဆောင်အလုပ်ဆိုတော့ သရုပ်ဆောင် တစ်ယောက်အဖြစ်ပဲ ရှေ့ဆက် လုပ်ဖြစ်မှာပါ။ တချို့ဖက်ရှင်ရှိုးတွေ ကတော့ ဒီဇိုင်နာတွေနဲ့ ခင်မင်နေတဲ့ အခါကျတော့ လျှောက်ဖြစ်တာမျိုး ရှိပါတယ်။ ဒါကတော့ တစ်ခါတလေလောက်ပဲဆိုတော့ သရုပ်ဆောင် အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်သွားမှာပါ။ နယ်ရှိုးတွေမှာလည်း သီချင်းဆိုဖြစ်ပါတယ်။

မေး ။ ဖြတ်သန်းခဲ့တဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ အခုရောက်နေတဲ့ တစ်နေရာကို ကျေနပ်ရဲ့လား။

ဖြေ ။ ဘယ်အနုပညာရှင်မဆို ကိုယ်လုပ်ပြီးတဲ့ အရာတိုင်းကို ကျေနပ်လှချည်ရဲ့လို့တော့ရှိမှာမဟုတ်ပါဘူး။ လိုအပ်ချက်ဆိုတာတော့ တွေ့နေမှာပါပဲ။ ခရစ္စဒီလောကထဲကို အစိမ်းသက်သက် ၀င်လာခဲ့တယ်။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ ကြိုးစားပြီး လုပ်ဖြစ်တယ်။ အခု အထိုက်အလျောက်သော အားပေးမှုကို ပရိသတ် ဆီကရတယ်။ အဲဒီအတွက် ခရစ္စ ကျေနပ်ပါတယ်။ သိပ်အများကြီးလည်း မျှော်လင့်မထားပါဘူး။ ခရစ္စ လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးပဲရှိပါတယ်။

မေး ။ အနုပညာမျိုးရိုးမရှိဘဲ ဒီလောကမှာ ရပ်တည်ရတဲ့ အတိုင်းအတာက အခက်အခဲရှိခဲ့လား။

ဖြေ ။ အထိုက်အလျောက်တော့ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အားပေး ကူညီကြသူတွေလည်း ရှိခဲ့ပါတယ်။ အနုပညာမျိုးရိုးမရှိတဲ့ အတွက် ဘယ်အရာကိုမှ လွယ်လွယ်နဲ့တော့ မရခဲ့ဘူး။ သူများထက်ပိုပြီး ကြိုးစားရတယ်။ ရုန်းကန်ရပါတယ်။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အားမရတာမျိုးတွေလည်း ရှိတယ်။ ဒါပေမယ့်အခုတော့ ၀ါသနာပါတဲ့ အနုပညာအလုပ်ကို လုပ်ကိုင်ခွင့်ရနေတဲ့ အတွက် အဲဒီပင်ပန်းမှုတွေက ပြေပျောက်သွားပါပြီ။ ရှေ့ဆက် ကြိုးစားသွားဖို့ပဲ စိတ်ကူးရှိပါတယ်။

မေး ။ အောင်မြင်မှုနဲ့ ကျော်ကြားမှုဆိုတာကိုရော ဘယ်လိုနားလည် လက်ခံထားလဲ။

ဖြေ ။ အောင်မြင်မှု ဆိုတာကတော့ အလုပ်တစ်ခုမှာ တကယ့်ကို ပရော်ဖက်ရှင်နယ် ပီပီသသ လုပ်ကိုင်နိုင်တဲ့ အတွက် အသိအမှတ်ပြု ခံရတာပေါ့။ ကျော်ကြားတယ် ဆိုတာကတော့ ဂုဏ်ပုဒ်တစ်ခုအတွက် ကျော်ကြားတာ၊ လှပမှုအတွက် ကျော်ကြားတာဖြစ် နိုင်သလို မကောင်းမှုနဲ့ ကျော်ကြားတာမျိုးလည်း ဖြစ်နိုင်တယ်လေ။ ခရစ္စကတော့ ကိုယ်လုပ်တဲ့အလုပ်မှာ အသိအမှတ်ပြုခံရတဲ့ အောင်မြင်မှုမျိုး ပဲ လိုချင်ပါတယ်။

မေး ။ အောင်မြင်မှုကို ရယူနိုင်ဖို့ ကြိုးစားရာမှာ ဘယ်လိုခံယူချက်မျိုးနဲ့ ကြိုးစားဖို့ စိတ်ကူးထားလဲ။

ဖြေ ။ အောင်မြင်မှုကို ရယူရာမှာတော့ တရားသော မှန်ကန်သော နည်းလမ်းနဲ့ ပဲရယူချင်ပါတယ်။ အောင်မြင်မှုဆီ သွားတဲ့လမ်းမှာ ဖြတ်လမ်းနဲ့သွားကြတာမျိုးလည်း ရှိပါတယ်။ ခရစ္စက တော့ အဲဒီလိုနည်းလမ်းမျိုးနဲ့ မသွားချင်ဘူး။ ဒါကြောင့် ကိုယ်တတ်နိုင်သလောက်ပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ရှေ့ဆက်သွားမှာပါ။

မေး ။ ခရစ္စရဲ့အချစ်ရေးကရော။ မင်္ဂလာ သတင်းရော ဒီနှစ်ထဲမှာ ကြားရဖို့ရှိလား။

ဖြေ ။ အချစ်ရေးကတော့ ဒီလိုပါပဲ။ ဘာအစီအစဉ်မှတော့ မရှိသေးပါဘူး။ သေချာပြီဆိုရင် ပရိသတ်ကို အသိပေးမှာပါ။ လောလောဆယ်ကတော့ အနုပညာအလုပ်တွေကို အာရုံ စိုက်ထားပါတယ်။


Source by :http://www.weeklyeleven.com
Share this article :

2 comments:

မိုးယံ said...

ခရစ်စ္စတီးနားက အိမ်ထောင်ကျတာ ကြာပေါ့...(နှစ်နှစ်ကျော် သုံးနှစ်နီးပါး ရှိနေပါပြီကွယ်) ဒါပေမယ့် ဒီလောက သားများ ဒီလိုတွေလဲ ရှိတတ်ကြပါတယ်... သတင်းကတော့ လုံးဝခိုင်လုံပါတယ်ကွယ်.. လူထုကိုသာ မဖြန့်တာပါကွယ်... ကောင်မလေး ယူထားတာကလည်း တစ်ကယ့်မင်းသားရှုံးတဲ့ မွတ်စလင်ကောင်လေးပါပဲကွယ်။

ရုပ်ရှိရေလျှံ ကောင်လေးနဲ့....ကြာပါပြီကွယ်။ သူက မသိစေချင်မှတော့ မသိခြင်ထောင်ထောင် အဲ မသိချင်ယောင်ဆောင်နေတာပဲ ကောင်းပါတယ်ကွယ်။

မိုးယံ said...

ကောင်မလေး ရသွားတာ... ကြာပါပြီကွယ်...

ဒါနဲ့များသူကလေးက...အဟင်းဟင်း

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။