Home » , » ရွှေမြန်မာပရဟိတ အသင်းလေးနဲ့ အင်တာဗျူး

ရွှေမြန်မာပရဟိတ အသင်းလေးနဲ့ အင်တာဗျူး

Written By မောင်စေတနာ on Friday, July 30, 2010 | 5:07:00 PM



တွေ့ ဆုံ မေး မြန်း သည်။


ဒီတစ်ပတ်တော့ ကျွန်တော့်ဆိုက်လေးရဲ့ ပထမဆုံးအနေနဲ့
အင်တာဗျူး အစီအစဉ် လေးကို တင်ဆက်ပေးသွားမှာခင်ဗျား။

အခု ပထမဆုံး အနေနဲ့ ရွှေမြန်မာ ပရဟိတ အသင်းနဲ့ မိတ်ဆက်
ပေးပါရစေနော်။ ဒီအသင်းလေးက အဝေးရောက်မြန်မာတွေ ဦးစီး
ဆောင်ရွှက်နေပြီး ပြည်တွင်းကရော ပြည်ပကပါ မြန်မာများအလှူ
ကိစ္စ အောင်မြင်စေရန် အတွက်ပြုလုပ်ဆောင်ရွှက်လျှက် ရှိပါတယ်။

ယခုလက်ရှိ ရွှေမြန်မာ ပရဟိတ ဆိုက်လေး (အသင်းလေးနဲ့ပက်သက်ပြီး)
ဒီအသင်းလေးကို ပထမဆုံး ဦးစီးဆောင်ရွှက် နေသူ တစ်ယောက်ဖြစ်တဲ့
ကိုနေမင်း နဲ့ တွေ့ဆုံပြီး ကျွန်တော် သိချင်တာတွေ ကို မေးမြန်းခဲ့ပါတယ်။


မင်္ဂလာပါခင်ဗျာ ...
ကျွန်တော်က http://www.nayzawlin.com/ကပါ
အစ်ကိုတို့ရဲ့ ရွှေမြန်မာ ပရဟိတအသင်း လေးအကြောင်းကို
အင်တာဗျူး မေးမြန်းချင်လို့ပါ။

ဟုတ်ကဲ့ ... မေးနိုင်ပါတယ်။

ဆိုက်လေးကို စတင်တည်ထောင်တဲ့ လလေးက

၂၀၁၀ ၅လ ပိုင်းပါ။

အစ်ကိုတို့ရဲ့ အသင်းနာမည်ပေးဖြစ်တဲ့အကြောင်းလေး ပြောပြပါဦး။

ဟုတ်ကဲ့ ..... ပြည်ပမှာမြန်မာတွေကိုရွှေလို့ခေါ်တာမို့ပါ
အခုဆိုက်လေးက အဝေးရောက်မြန်မာတွေ အတွက် ရည်ရွှယ်တာမို့
ရွှေမြန်မာ ပရဟိတအသင်း လို့ပေးလိုက်တာပါ။

ဆိုက်လေးရဲ့ ရည်ရွှယ်ချက် လေးလည်းသိပါရစေ။

ကျွန်တော်တို့ အသင်းရဲ့ ရည်ရွှယ်ချက် လေးကပြည်ပရောက် မြန်မာတွေ
အတွက်မပင်မပန်းပဲ ကိုယ်တတ်နိုင်တဲ့ လုပ်အားခလေးတွေ စုပေါင်းပြီး
ကိုယ့်နိုင်ငံက လိုအပ်ချက်တွေ ရှိနေတဲ့စာသင်ကျောင်း လေးတွေကို
တတ်နိုင်သလောက် အကူညီပေးနိုင်ဖို့ ရည်ရွှယ်ပြီး ဖွဲ့စည်းထားတာပါ။

ဆိုက်လေးကို စတင်ဖွဲ့စည်းသော အချိန်က လူအင်အား
ဘယ်လောက်နဲ့ စတင်ခဲ့ပါသလဲ။

ဆိုက်လေးကို စတင်တည်ထောင်တုန်း ကတော့ တစ်ယောက်တည်းပါ
ပြီးမှ ရည်ရွှယ်ချက်လေးကို နိုင်ဆိုက်တွေမှာ ရေးရင်း ပါဝင် ကူညီလာကြ
တာပါ။ ကျွန်တော်ဆိုက်ကို စတင်တည်ထောင်ပြီး အရင်ဆုံးအပြင်မှာအား
ပေးကူညီခဲ့တဲ့ ကိုတေလေ(ခေါ်)ကိုစိုးအောင် ကြောင့်ကျွန်တော်ကြိုးစားပြီး
အသင်းလေး ဖြစ်မြောက်ဖို့ ဆက်လုပ် ဆောင်ခဲ့တာပါ။

အခုဆိုရင် အစ်ကိုတို့ဆိုက်ရဲ့ အသင်းအခြေအနေလေး လည်း ပြောပြပေးပါဦး။

အခုဆိုရင် စတည်ထောင်ကတည်းက အခုချိန်ထိအသင်းဝင်အနေနဲ့၂၅၇ ယောက်
ဝင်ရောက်ထားပါတယ်။ ကျွန်တော်တို့ ဆိုက်လေးရဲ့အသင်းဝင်တဲ့နေရာမှာပြသာနာ
နည်းနည်းရှိလို့ ဂျီတော့မှကူညီပေးဖို့ အတွက် ၀င်ရောက်ထားတာ ၁၀၀၀ကျော်
လောက်ရှီနေပါပြီ။ ကျွန်တော် အသင်း စထောင်တုန်းက ကျွန်တော် အကောင့်မှာ
သူငယ်ချင်း ၄၀၀ ကျော်ပဲရှိတာပါ။ အခုမှအသင်းနဲ့ ပတ်သတ်ပြီး လာရောက်အပ်
ထားတာ အခုဆို ၁၇၃၀ ကျော်ရှိနေပါပြီ nnaymin1@gamil.com မှာပါ။

အလှူကိစ္စများ အလှူငွေ များနဲ့ဘယ်လို စီစဉ်လုပ်ဆောင် နေပါသလဲ။

အခု အလှူငွေများနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ရန်ကုန်မှာအလှူငွေ
ပင်မ လက်ခံမယ်လူအဖြစ် မသန္တာဦး ကိုရွှေးချယ်ထားပါတယ် သူ့ဆီကို
နိုင်ငံပေါင်းစုံက အလှူငွေလက်ခံပေးတဲ့ လူတွေက ပို့ပေးမှာပါ။

နိုင်ငံပေါင်းစုံမှ အလှူငွေလက်ခံသူများ အနေနဲ့လည်း အလှူရှင်စာရင်းကိုဆိုက်မှာ
ပြန်လည်ဖော်ပြပေးရမှာပါ။ အလှူငွေ လှူသူရွှေမြန်မာများ အနေနဲ့ကိုယ့်အလှူငွေ
အသင်းမှာ ပါဝင်မပါဝင်ဆိုတာကိုဆိုက်က အလှူရှင် စာရင်းမှာပြန်လည် ကြည့်၇ှု့
လေ့လာနိုင်ပါတယ်။ ပြီးတော့ပြည်ပက အလှူငွေလက်ခံသူတွေ အနေနဲ့သူငယ်ချင်း
တစ်ယောက်ဆီကို ရန်ကုန်အကျိုးတော်ဆောင်အဖွဲ့ထဲ ကိုပါဝင်ဖို့ပြောထားပါတယ်။
မြန်မာပြည်မှလုပ်ဆောင်ချက်တွေကိုပြည်ပအလှူငွေ လက်ခံသူတွေ ရှင်းရှင်းလင်း
လင်းသိနိုင်အောင်ပါ။

ဟုတ်ကဲ့။ အသင်းလေးရဲ့ ပထမဆုံး လှူဒါန်းမှု လှုပ်ရှားမှုလေးလည်း သိပါစေ။

ကျွန်တော်တို့ အသင်းရဲ့ပထမဆုံး လှူဒါန်းမှု လှုပ်ရှားမှုလေးအနေနဲ့ ကတော့အခုရန်ကုန်
အကျိုးတော်ဆောင်အဖွဲ့မှ ကွင်းဆင်းထားတဲ့ ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ရေတွင်းကုန်း
ကျေးရွှာ(၂) အ.မ.က ကျောင်းလေးမှ လိုအပ်ချက်တွေကိုကူညီနိုင်ဖို့ဆိုက်မှာတင်ပြီးအလှူငွေ
လက်ခံနေပါပြီ။ ကျောင်းလေးရဲ့ လိုအပ်ချက်တွေအဖြစ် ကျောင်းရဲ့သောက်ရေ လှောင်ကန်နဲ့
အခန်းများကာဖို့ကို ကျောင်းဆရာမများရဲ့ပြောပြချက် အရသိရပါတယ်။ အခုအဲ့ဒါလေးတွေကို
အဓိကထားပြီးအလှူငွေ စတင်စုဆောင်းနေပါတယ်။ ကျောင်းမှ ကလေးများကို ခဲတံပေတံ
ခဲဖျက်များပါဝေမျှဖို့ကြီူးစားနေပါတယ်။ နောက် ကျောင်းအိမ်သာလေးကို လည်း လှူဒါန်းဖို့
လိုအပ်တာတွေကူညီဖို့ ပြုလုပ်ဆောင်ရွှက်နေပါတယ်။

အလှူရှင်များအနေနဲ့ အလှူငွေ လှူဒါန်းမှုများကို ဘယ်လိုစီစဉ်ဆောက်ရွှက်ပေးနေပါလဲ။

အလှူရှင်များ အလှူငွေပါဝင်လှူဒါန်းချင်တယ်ဆိုရင် ဆိုက်မှာဖော်ပြထားသော နီးစပ်ရာ
အလှူငွေ လက်ခံသူများကို ဆက်သွယ်လှူဒန်းနိုင်သလို အဝေးမှရွှေမြန်မာများ အနေနဲ့
လည်း အလှူငွေ လက်ခံသူတစ်ချို့ရဲ့ ဘဏ်အကောင့်များသို့ အလှူငွေပေးပို့ လှူဒန်းနိုင်
ပါတယ်။ သူငယ်ချင်းများမှ အလှူငွေများကိုစုပေါင်းကူညီပေးလိုသော အလှူငွေလက်ခံပြီး
ကူညီပေးမယ့်လူများရှိရင်လည်းသို့ nnaymin1@gamil.com ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်တို့ အသင်းရဲ့ရည်ရွှယ်ချက်က ကိုယ့်အတွက်ဘာမှမပင်ပန်းစေမယ့် အလှူငွေလေး
တွေကို အများနဲ့အမြဲပါဝင်ကူညီနိုင်ဖို့ ရည်ရွှယ်တာမို့နေရာစုံမှ အလှူငွေ လက်ခံပေးမယ့်
ရွှေမြန်မာတွေရှိရင်ပိုအဆင်ပြေပါတယ်။ အလှူငွေ လက်ခံသူများအနေနဲ့ ကတော့ အလှူရှင်
စာရင်းနဲ့ အလှူငွေကို မဟာနန်း အပေါ်ဆုံးထပ်ဆံပင်ညှပ်ဆိုင်မှကိုစည်သူဆီကိုအရောက်ပို့
ဆောင်ပေးဖို့ လိုအပ်ပါတယ်ခင်ဗျ။

အစ်ကိုတို့ရဲ့ ရွှေမြန်မာပရဟိတအသင်းရဲ့ ရှေ့ဆက်ပြုလုပ်မည့်
ရည်ရွှယ်ချက်လေးကိုလည်း ပြောပြပေးပါဦးခင်ဗျား

ဟုတ်ကဲ့ .... အခုလောလောဆယ်တော့ချိုတဲ့တဲ့ကျောင်းလေးတွေကို
လိုက်လံလှူဒါန်းဖို့ ကိုပဲအဓိကထားထားပြီး လုပ်ဆောင်နေပါတယ်။

နောက်ဆုံး မေးခွန်းလေး အနေနဲ့ အစ်ကိုရဲ့ ဒီလိုပြုလုပ်ဆောင်ရွှက် နေတဲ့
အပေါ်မှာအစ်ကိုရဲ့ ခံယူချက် စိတ်ဓာတ်လေးတွေနဲ့ စိတ်ကျေနပ်မှုလေးတွေ ဖြစ်
ပေါ်လာတဲ့အကြောင်းအရာလေးကို ဖြေကြားပေးပါဦး။

မြန်မာ လူမျိုးအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ဒီအသင်းလေးကို တည်ထောင်ဖြစ်တာပါ
ဒီကိုရောက်နေတဲ့လူတွေ အားလုံးနီးပါလည်းမပင်မပန်းပဲ တကယ်ထိရောက်အောင်စုပေါင်း
လှူဒါန်းချင်တဲ့စိတ်တွေရှိတယ် ဆိုတာအဝေးရောက် ရွှေမြန်မာတစ်ယောက် အနေနဲ့ခံစား
မိပါတယ်။ ဒါကြောင့်မို့အားလုံးပဲကူညီလှူဒါန်းနိုင်အောင်အသင်းလေး တစ်ခုဖြစ်အောင်
တည်ထောင်ပေးတာပါ။ အားလုံးကကိုယ်တတ်နိုင်တဲ့ ကဏ္ဏလေးတွေနဲ့ စုပေါင်းကူညီ
ပေးကြဖို့အတွက်ပဲ ကျွန်တော်ကလိုက်လံဆက်သွယ်ပေးတာပါ။

အခုဆို စေတနာရှင်တွေရဲ့ အလှူငွေ ၅သိန်း ရရှိနေပါပြီ။ ကျွန်တော်တို့ လှူဒါန်းမှုကို
လည်း ဆက်တိုက် ပြုလုပ်ဆောင်ရွှက်နေပါတယ်။

အခုလိုပရဟိတလေး လုပ်နိုင်လို့ဝမ်းသာပါတယ်။ အရင်ကဆို ကျွန်တော်က စိတ်ကူးတွေ
လုပ်မယ်လို့ စိတ်ကူးတွေပဲရှိတာပါ အခုတော့ တကယ်ဖြစ်ခွင့် လုပ်ခွင့်ရတဲ့အတွက် အတွက်
ကျွန်တော် ကျေနပ်ပီတိ ဖြစ်ရပါတယ်ဗျ။ အခုဆို ကျွန်တော်အနေနဲ့ကိုယ့်ကိုကိုယ်အမြဲ
ယုံကြည်မှုအပြည့်ရှိတဲ့လူတစ်ယောက်ဖြစ်နေပါပြီလို့ ကျွန်တော်ခံစားလာမိတယ်။

အခုလို ကျွန်တော် မေးသမျှကို စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးတဲ့ ရွှေမြန်မာ အသင်းရဲ့
ကိုယ်စား ကိုနေမင်း ကို ကျေးဇူးတင်ပါတယ် ခင်ဗျား။နောက်လည်း ဒီထက်မကအလှူဒါန
များ ဦးဆောင်ပြီး ပြုလုပ်နိုင်ပါစေ။

ကျေးဇူးတင်ပါတယ်။

ဟုတ်ကဲ့ .... ကျနော်လည်း
ရွှေမြန်မာအသင်းလေးရဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ်ခင်ဗျား။

အောက်တွင်ဖော်ပြထားသော လင့်များမှ ရွှေမြန်မာပရဟိတ
ဆိုက်လေးရဲ့
လုပ်ဆောင်မှုများကို ကြည့်၇ှနိုင်ပါသည်။

http://nayzawlin.myanmarbloggers.org/2010/07/blog-post_09.html

http://nayzawlin.myanmarbloggers.org/2010/07/blog-post_6861.html

http://naymin528.blogspot.com/

http://grou.ps/skynaymin
Share this article :

0 comments:

Free Online Radio Media





 
နေဇော်လင်း - ORMM(Malaysia News)
Copyright © Mg Say Ta Nar 1+2+3 (ALL IN ONE)
NAY ZAW LIN1(မလေးရှား အွန်လိုင်း ရေဒီယို မီဒီယာ)
9.9.2009 ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသော ဖရီးဝဘ်ဆိုဒ် ဖြစ်သည်။